ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၉/၁ စာ. ၁၆-၁၇
  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၉/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေ တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ တရားဆုံးဖြတ်ရာနေ့ဆိုတာ ဘာလဲ။

Engraving of “The Last Judgement” by Gustave Doré

လူများစွာက အဲဒီနေ့ကို ဒီလို မြင်ယောင်ကြတယ်– သန်းထောင်နဲ့ချီတဲ့သူတွေဟာ ဘုရားသခင့်ပလ္လင်တော်ရှေ့ ခေါ်သွင်းခံရမယ်။ ပြီးတော့ တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ အရင်လုပ်ရပ်တွေအပေါ် မူတည်ပြီး တရားစီရင်ခံရမယ်။ တချို့က ကောင်းကင်ပေါ်မှာ အသက်ရှင်ခွင့်ရကြမှာ ဖြစ်ပြီး တချို့ကတော့ ငရဲမှာ နှိပ်စက်ခံရမယ်။ ဒါပေမဲ့ တရားဆုံးဖြတ်ရာနေ့ရဲ့ ရည်ရွယ်ချက်က လူတွေကို မတရားမှုတွေကနေ ကယ်တင်ဖို့ဖြစ်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဆာလံ ၉၆:၁၃) ဘုရားသခင်က ယေရှုကို တရားသူကြီးအဖြစ် ခန့်အပ်ထားပြီး ယေရှုက လူသားတွေကို ဖြောင့်မတ်တဲ့အခြေအနေသို့ ပြန်ရောက်စေမယ့်ကာလဟာ တရားဆုံးဖြတ်ရာနေ့ ဖြစ်ပါတယ်။—ဟေရှာယ ၁၁:၁-၅; တမန်တော် ၁၇:၃၁ တို့ကိုဖတ်ပါ။

၂။ တရားဆုံးဖြတ်ရာနေ့က တရားမျှတမှုကို ဘယ်လို ဖြစ်ပေါ်စေမှာလဲ။

ပရဒိသုမှာ ရှင်ပြန်ထမြောက်လာသူများ

ပထမဆုံးလူယောက်ျား အာဒံဟာ ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်လိုက်တဲ့အတွက် သူ့ရဲ့ မျိုးဆက်အားလုံးကလည်း အပြစ်တရား၊ ခက်ခဲဆင်းရဲမှုနဲ့ သေခြင်းရဲ့ ကျေးကျွန်ဘဝကို ရောက်သွားကြရတယ်။ (ရောမ ၅:၁၂) အဲဒီမမျှတမှုကို မျှတအောင်လုပ်ဖို့အတွက် ယေရှုက သေဆုံးသွားတဲ့ လူသန်းပေါင်းများစွာကို ပြန်အသက်ရှင်စေမယ်။ အဲဒီအရာက ခရစ်တော်ယေရှု အုပ်ချုပ်မယ့် အနှစ်တစ်ထောင်ကာလအတွင်း ဖြစ်ပျက်မယ်ဆိုပြီး ဗျာဒိတ်ကျမ်းထဲမှာ ပြောထားတယ်။—ဗျာဒိတ် ၂၀:၄၊ ၁၁၊ ၁၂ ကိုဖတ်ပါ။

ပြန်အသက်ရှင်လာမယ့်သူတွေဟာ သူတို့ မသေခင်က လုပ်ခဲ့တဲ့အရာတွေအပေါ် အခြေခံပြီး စီရင်ခံရမှာ မဟုတ်ပါဘူး။ ဗျာဒိတ် အခန်းကြီး ၂၀ မှာဖော်ပြထားတဲ့ “စာလိပ်များ” ထဲက အရာတွေကို သူတို့လုပ်ဆောင်ခြင်း ရှိမရှိအပေါ် အခြေခံမှာဖြစ်တယ်။ (ရောမ ၆:၇) အသက်ပြန်ရှင်လာပြီး ဘုရားသခင်အကြောင်း သင်ယူခွင့်ရမယ့်သူတွေထဲမှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ” တွေပါဝင်မယ်လို့ တမန်တော်ပေါလု ပြောတယ်။—တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။

၃။ တရားဆုံးဖြတ်ရာနေ့က ဘာကို ဖြစ်မြောက်စေမလဲ။

ပရဒိသုမှာ ပျော်ရွှင်နေသူများ

ဘုရားသခင်အကြောင်း မသိလိုက်ရတဲ့အတွက် ကိုယ်တော့်အမှုတော်ကို မထမ်းဆောင်ခဲ့ရဘဲ သေဆုံးသွားတဲ့သူတွေဟာ ကိုယ့်အမူအကျင့်ကို ပြုပြင်ပြီး ကောင်းတာကိုလုပ်ဖို့ အခွင့်အရေးရမှာ ဖြစ်တယ်။ အဲဒီလို ပြုပြင်မယ်ဆိုရင် သူတို့ရဲ့ ရှင်ပြန်ထမြောက်ခြင်းက “အသက်ရှင်ရာ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အသက်ပြန်ရှင်လာတဲ့သူတွေထဲက တချို့ကျတော့ ယေဟောဝါရဲ့နည်းလမ်းတွေကို သင်ယူလိုစိတ်ရှိကြမှာ မဟုတ်ပါဘူး။ သူတို့အတွက်ကတော့ “အပြစ်စီရင်ရာ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်သွားပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉; ဟေရှာယ ၂၆:၁၀; ၆၅:၂၀ တို့ကိုဖတ်ပါ။

အနှစ်တစ်ထောင်ကြာမယ့် တရားဆုံးဖြတ်ရာနေ့အဆုံးမှာ နာခံမှုရှိတဲ့ လူသားတွေအတွက် စုံလင်ပြည့်ဝတဲ့ အခြေအနေဖြစ်အောင် ယေဟောဝါဘုရားသခင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) နာခံမှုရှိသူ အားလုံးအတွက် အရမ်းကောင်းတဲ့ အလားအလာပါပဲ။ နောက်ဆုံးစမ်းသပ်မှုအနေနဲ့ ဘုရားသခင်က အနှစ်တစ်ထောင် ချုပ်နှောင်ခံထားရတဲ့ စာတန်ကို တွင်းနက်ကြီးထဲကနေ လွှတ်လိုက်မှာဖြစ်တယ်။ လူတွေကို ယေဟောဝါဘုရားသခင်နဲ့ ဝေးကွာအောင် စာတန် နောက်တစ်ခေါက် ထပ်ကြိုးစားမှာဖြစ်တယ်၊ ဒါပေမဲ့ စာတန်ကို ဆန့်ကျင်သူတွေကတော့ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခွင့် ရကြပါလိမ့်မယ်။—ဟေရှာယ ၂၅:၈; ဗျာဒိတ် ၂၀:၇-၉ တို့ကိုဖတ်ပါ။

၄။ တခြား ဘယ်တရားစီရင်ရာနေ့ကလည်း လူတွေကို အကျိုးပြုဦးမှာလဲ။

လက်ရှိအစီအစဉ်စနစ်ကို အဆုံးတိုင်ပစ်မယ့် ဖြစ်ရပ်ကို ရည်ညွှန်းတဲ့အခါ “တရားစီရင်ရာနေ့” ဆိုတဲ့စကားလုံးကို ကျမ်းစာက အသုံးပြုတယ်။ လူဆိုးတွေအားလုံးကို ဖယ်ရှားပစ်တဲ့ နောဧခေတ် ရေလွှမ်းမိုးချိန်လိုပဲ အဲဒီတရားစီရင်ရာနေ့က ရုတ်တရက် ကျရောက်လာပါလိမ့်မယ်။ ဝမ်းသာစရာက၊ ဘာသာတရားမဲ့သူတွေအပေါ် ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးဟာ “ဖြောင့်မတ်ခြင်းတည်နေရာ” လူ့အဖွဲ့အစည်းအသစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။—၂ ပေတရု ၃:၆၊ ၇၊ ၁၃ ကိုဖတ်ပါ။

ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၁၃-၂၁၅ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ