ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၇
  • အန္တိခရစ်ဆိုတာ ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အန္တိခရစ်ဆိုတာ ဘယ်သူလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အန္တိခရစ်မှန်း ဘယ်လို ခွဲခြားသိနိုင်မလဲ
  • အန္တိခရစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အန္တိခရစ်ဆိုတာ ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အန္တိခရစ် ဖော်ထုတ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အန္တိခရစ်ကို အဘယ်ကြောင့် ခွဲခြားသိရှိရ မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၇
ရုပ်မြင်သံကြားကနေ ဧဝံဂေလိတရား ဟောနေသူ

အန္တိခရစ်ဆိုတာ ဘယ်သူလဲ

ကျမ်းစာအဖြေ

ဂရိစကားလုံး ဖြစ်တဲ့ “အန္တိခရစ်” ဆိုတာ “ခရစ်တော်ကို ဆန့်ကျင်သူ (ဒါမှမဟုတ် အစားထိုးသူ)” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာထဲမှာ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်) များစွာ” ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ (၁ ယောဟန် ၂:၁၈) အောက်မှာ ဖော်ပြထားတဲ့သူတွေကိုလည်း အန္တိခရစ်လို့ ခေါ်တယ်–

  • ယေရှုကို ခရစ်တော် (ဟေဗြဲ ဘာသာစကားနဲ့ မေရှိယ) အဖြစ်၊ ဘုရားရဲ့သားတော်အဖြစ် ငြင်းပယ်သူများ။​—၁ ယောဟန် ၂:၂၂။

  • ယေရှုကို ဘုရားသခင် ဘိသိက်ပေးထားသူအဖြစ် လက်မခံသူများ။—ဆာလံ ၂:၁၊ ၂; လုကာ ၁၁:၂၃။

  • ခရစ်တော်ဖြစ်ယောင်ဆောင်သူများ။—မဿဲ ၂၄:၂၄။

  • ယေရှုရဲ့ နောက်လိုက်တွေကို ညှဉ်းပန်းနှိပ်စက်သူများ၊ အကြောင်းက နောက်လိုက်တွေကို ညှဉ်းပန်းနှိပ်စက်တာက မိမိကို နှိပ်စက်တာလို့ ယေရှု သဘောထားလို့ ဖြစ်တယ်။—တမန်တော် ၉:၅။

  • မတရားမှုတွေ၊ လှည့်ဖြားမှုတွေ လုပ်နေရင်း တစ်ဖက်မှာ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ မဟုတ်မမှန် ပြောနေသူများ။—မဿဲ ၇:၂၂၊ ၂၃; ၂ ကောရိန္သု ၁၁:၁၃။

အဲဒီလုပ်ရပ်တွေကို လုပ်နေတဲ့ ဘယ်သူ့ကိုမဆို အန္တိခရစ်လို့ ခေါ်တဲ့အပြင် သူတို့ကို ခြုံငုံပြီးတော့ “ခရစ်တော်ကို ဆန့်ကျင်သူ (အန္တိခရစ်)” လို့လည်း ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ (၂ ယောဟန် ၇) တမန်တော်တွေ အချိန်ကတည်းက အန္တိခရစ်ဆိုတာ ပထမဦးဆုံး ပေါ်လာခဲ့ပြီး အခုထက်ထိ ရှိနေဦးမယ်ဆိုတာ ကျမ်းစာထဲမှာ ကြိုပြောထားပါတယ်။—၁ ယောဟန် ၄:၃။

အန္တိခရစ်မှန်း ဘယ်လို ခွဲခြားသိနိုင်မလဲ

  • အန္တိခရစ်တွေဟာ ယေရှုအကြောင်းကို အမှန်အတိုင်း မသွန်သင်ကြဘူး။ (မဿဲ ၂၄:၉၊ ၁၁) ဥပမာ၊ သုံးပါးပေါင်းတစ်ဆူ အယူဝါဒနဲ့ ယေရှုဟာ ဘုရားသခင် ဖြစ်တယ်လို့ သွန်သင်ပေးနေတဲ့သူတွေက “ခမည်းတော်သည် ငါ့ထက် သာ၍ ကြီးမြတ်” တယ်လို့ ယေရှု ပြောခဲ့တဲ့ စကားကို ဆန့်ကျင်နေတာ ဖြစ်တယ်။—ယောဟန် ၁၄:၂၈။

  • အန္တိခရစ်တွေဟာ ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပုံအကြောင်း ယေရှု ပြောခဲ့တဲ့ အချက်တွေကို ငြင်းပယ်ကြတယ်။ ဥပမာ၊ ဘာသာရေး ခေါင်းဆောင်တချို့က ယေရှုဟာ လူ့အစိုးရတွေကို အသုံးပြုပြီး အုပ်ချုပ်မယ်လို့ ပြောကြတယ်။ သူတို့ရဲ့ပြောဆိုချက်တွေက “ငါ၏ နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဘူးလို့ ယေရှု ပြောခဲ့တဲ့ စကားနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။—ယောဟန် ၁၈:၃၆။

  • အန္တိခရစ်တွေဟာ ယေရှုကို သူတို့ရဲ့သခင်ပါလို့ ပြောနေပေမဲ့ ကိုယ်တော်ရဲ့မိန့်မှာချက်တွေကို မလိုက်နာကြဘူး။ အဲဒီအထဲမှာ နိုင်ငံတော်အကြောင်း လူတွေကို ဟောပါဆိုတဲ့ မိန့်မှာချက်လည်း ပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀; လုကာ ၆:၄၆; တမန်တော် ၁၀:၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ