-
အောင်မြင်သူများဖြစ်ရန် ကြိုးပမ်းခြင်းဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၃။ (က) စမုရန ခရစ်ယာန်များကို ယေရှုမည်သို့ အားပေးသနည်း။ (ခ) စမုရန ခရစ်ယာန်များ ဆင်းရဲသော်လည်း “ကြွယ်ဝ၏” ဟု ယေရှု အဘယ်ကြောင့် ဆိုသနည်း။
၃ “သင်၏ ဆင်းရဲဒုက္ခနှင့် နွမ်းပါးမှုကို ငါသိ၏။ သို့သော် သင်သည် ကြွယ်ဝ၏။ မိမိတို့ကိုယ်ကို ယုဒအမျိုးသားများ ဖြစ်သည်ဟု ဆိုသောသူတို့၏ စော်ကားပြောဆိုခြင်း ခံရသည်ကိုလည်း ငါသိ၏။ ထိုသူတို့သည် စင်စစ်အားဖြင့် ယုဒအမျိုးသားများ မဟုတ်။ စာတန်၏ အဖွဲ့ဝင်များ ဖြစ်ကြ၏။” (ဗျာဒိတ် ၂:၉) စမုရနမြို့ရှိ မိမိ၏ညီအစ်ကိုများကို ယေရှု ဝေဖန်စရာမရှိ။ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းဖို့သာရှိသည်။ သူတို့သည် ယုံကြည်ခြင်းကြောင့် ဆင်းရဲဒုက္ခ များစွာခံခဲ့ရကြပြီ။ ပစ္စည်းဥစ္စာဘက်၌ ဆင်းရဲကြ၏။ သစ္စာတည်ကြည်မှုကြောင့် ဖြစ်ဟန်တူသည်။ (ဟေဗြဲ ၁၀:၃၄) သို့ရာတွင် သူတို့ ပဓာနထားသောအရာမှာ ဝိညာဉ်ရေးရာများဖြစ်၍ ယေရှုအကြံပြုသည့်အတိုင်း ကောင်းကင်ဘုံ၌ ဘဏ္ဍာဆည်းပူးနှင့်ပြီ။ (မဿဲ ၆:၁၉၊ ၂၀) သို့ဖြစ်၍ သိုးထိန်းချုပ်က သူတို့ကို “ကြွယ်ဝ” သူအဖြစ် မြင်၏။—ယာကုပ် ၂:၅ နှိုင်းယှဉ်။
၄။ စမုရန ခရစ်ယာန်များသည် မည်သူ၏ ဆန့်ကျင်တိုက်ခိုက်မှုများကို ခံရကြသနည်း။ ထိုဆန့်ကျင်သူတို့ကို ယေရှုမည်သို့ ယူမှတ်သနည်း။
၄ စမုရန ခရစ်ယာန်တို့သည် ဇာတိဂျူးများလက်၌ ဆန့်ကျင်တိုက်ခိုက်မှုများကို ခံခဲ့ရပြီဖြစ်ကြောင်း ယေရှု အထူးသတိပြုမိသည်။ ယခင်ကလည်း ဤဘာသာဝင် အမြောက်အမြားသည် ခရစ်ယာန်သာသနာ ပြန့်ပွားမှုကို အသေအလဲ ဆန့်ကျင်ခဲ့သည်။ (တမန်တော် ၁၃:၄၄၊ ၄၅; ၁၄:၁၉) ယေရုရှလင်မြို့ ကျဆုံး၍ ဆယ်စုနှစ် အနည်းငယ်မျှသာကြာသော ယခုအချိန်၌ စမုရနမြို့မှ ထိုဂျူးတို့သည် စာတန့်စိတ်ဓာတ်မျိုး တင်ပြနေကြသည်။ ထို့ကြောင့် သူတို့ကို “စာတန်၏ အဖွဲ့ဝင်များ” အဖြစ် ယေရှု ရှုမြင်သည်မှာ မဆန်းချေ။a
-
-
အောင်မြင်သူများဖြစ်ရန် ကြိုးပမ်းခြင်းဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
a ယောဟန် သေလွန်၍ အနှစ် ၆၀ အကြာတွင်၊ ၈၆ နှစ်အရွယ်ရှိ ပေါ်လီကာ့ပ်သည် ယေရှုပေါ် ယုံကြည်ခြင်းကို မစွန့်သောကြောင့် စမုရနမြို့တွင် မီးရှို့သတ်ခံရသည်။ ထိုဖြစ်ရပ်နှင့် တစ်ပြိုင်နက် ရေးသားသည်ဟု ယူဆရသော ပေါ်လီကာ့ပ်၏ အာဇာနည်ဘဝ အမည်ရှိစာအုပ်က မီးရှို့သတ်ရန် ထင်းများစုဆောင်းကြစဉ်၊ ထိုနေ့သည် “မဟာဥပုသ်နေ့” ဖြစ်လျက်နှင့် “ဂျူးတို့သည် ထိုကိစ္စ၌ ဝိုင်းဝန်းကူညီရန် သူတို့၏ထုံးစံအတိုင်း အလွန်စိတ်အားထက်သန်ကြ၏” ဟု ဖော်ပြထားသည်။
-