ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဒီဇင်ဘာ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၇-၉
“မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးကို ယေဟောဝါ ကောင်းချီးပေး”
it-1 ၉၉၇ ပိုဒ်. ၁
လူအုပ်ကြီး
လူအုပ်ကြီး” ဟာ ကယ်တင်ခံရပြီး မြေကြီးပေါ်မှာ နေမယ့်သူတွေ ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်ပြီး ‘ဘုရားသခင့်ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်’ နေတယ်လို့ ပြောလို့ရမလဲ ဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ (ဗ ၇:၉) ကျမ်းစာမှာသုံးတဲ့ ‘ရပ်’ ဆိုတဲ့ အနေအထားက တစ်ခါတလေ တစ်စုံတစ်ဦးရှေ့မှာ ရပ်နေသူတစ်ဦး ဒါမှမဟုတ် အုပ်စုတစ်စုဟာ အဲဒီပုဂ္ဂိုလ်ရဲ့ နှစ်သက်မှု၊ မျက်နှာသာရတာကို ဖော်ပြတယ်။ (ဆ ၁:၅။ ၅:၅။ ပ ၂၂:၂၉။ လု ၁:၁၉) ဒီအခန်းကြီးမတိုင်မီ ရှေ့အခန်းမှာ “ကမ္ဘာ့အုပ်စိုးရှင်တွေ၊ မင်းအရာရှိတွေ၊ တပ်မှူးတွေ၊ သူဌေးတွေ၊ ခွန်အားကြီးသူတွေ၊ ကျွန်တွေ၊ လွတ်လပ်သူတွေ အားလုံး” ဟာ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့အရှင်ရဲ့ မျက်နှာကို မမြင်ရအောင်၊ သိုးသငယ်ရဲ့ အမျက်ဒေါသကို မခံရအောင် ဖုံးကွယ်ပေးပါ။ သူတို့ အမျက်ထွက်တဲ့နေ့ကြီး ရောက်လာပြီ၊ ဘယ်သူခံရပ်နိုင်မှာလဲ” လို့ပြောပြီး ပုန်းအောင်းဖို့ နေရာ ရှာကြတယ်လို့ သရုပ်ဖော်ထားတယ်။ (ဗ ၆:၁၅-၁၇။ လု ၂၁:၃၆ နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် “လူအုပ်ကြီး” ဟာ ဘုရားသခင်နဲ့ သိုးသငယ် အမျက်ဒေါသထွက်ချိန်မှာ မျက်နှာသာရပြီး ဆက်ရပ်တည်နိုင်၊ ဆက် “ရပ်” နေနိုင်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားကြောင်း ထင်ရှားတယ်။
it-2 ၁၁၂၇ ပိုဒ်. ၄
ဒုက္ခ
ဂျေရုဆလင်ပျက်စီးပြီး အနှစ် ၃၀ လောက်မှာ တမန်တော် ယောဟန်က လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေပါဝင်တဲ့ လူအုပ်ကြီးဟာ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေ” လို့ ရည်ညွှန်းဖော်ပြခဲ့တယ်။ (ဗ ၇:၁၃၊ ၁၄) “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာ” တယ်ဆိုတဲ့အချက်က သူတို့ ကယ်တင်ခံရတယ်ဆိုတာ ဖော်ပြတယ်။ တမန်တော် ၇:၉၊ ၁၀ မှာလည်း အလားတူအသုံးအနှုန်းကို သုံးပြီး “ဒုက္ခဆင်းရဲ အမျိုးမျိုးထဲကနေ သူ့ [ယောသပ်] ကို ကယ်တင်ခဲ့တယ်” လို့ ဖော်ပြထားတယ်။ ဒုက္ခဆင်းရဲအမျိုးမျိုးကနေ ယောသပ်ကို ကယ်တင်ခဲ့တယ်ဆိုတာက ဆင်းရဲဒုက္ခတွေကို ယောသပ် ခံရပ်နိုင်ခဲ့ရုံသာမက ဆင်းရဲဒုက္ခတွေကြားကနေ လွတ်မြောက်ခဲ့တာကို ဆိုလိုတယ်။
it-1 ၉၉၆-၉၉၇
လူအုပ်ကြီး
သူတို့ရဲ့ သက်သေအထောက်အထား။ “လူအုပ်ကြီး” ဖြစ်ကြောင်း သက်သေအထောက်အထားကို ဗျာဒိတ် အခန်းကြီး ၇ နဲ့ ကျမ်းပြိုင်အခန်းငယ်တွေမှာ တွေ့ရပါတယ်။ ဘုရားသခင်က “သူတို့ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်၊” “အသက်စမ်းရေဆီ ပို့ဆောင်ပေး” မယ်၊ “သူတို့ရဲ့ မျက်ရည်တွေကို သုတ်ပေးလိမ့်မယ်” လို့ ဗျာဒိတ် ၇:၁၅-၁၇ မှာ ပြောထားတယ်။ ဗျာဒိတ် ၂၁:၂-၄ မှာ အလားတူ အချက်တွေကို တွေ့ရတယ်– “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူရှိ” မယ်၊ “သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်၊” “သေခြင်းရှိတော့မှာ မဟုတ်ဘူး။” ဒီစိတ်အာရုံ ဖော်ပြချက်တွေက ‘ဂျေရုဆလင်မြို့သစ် ဆင်းသက်လာ’ ရာ ကောင်းကင်မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မသက်ဆိုင်ဘူး၊ မြေကြီးပေါ်က လူသားတွေနဲ့ပဲ သက်ဆိုင်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း
၄ ထိုကောင်းကင်တမန်လေးပါးက ကောင်းကင်တမန်လေးစုကို ကိုယ်စားပြုသည်မှာ သံသယမရှိ။ ခန့်အပ်ချိန်မတိုင်မီ တရားစီရင်ခြင်း မပြုဘဲ ထိန်းချုပ်ထားရန် သူတို့ကို ယေဟောဝါ အသုံးပြုတော်မူ၏။ ကောင်းကင်တမန်များ ထိုအမျက်တော်လေများကို လွှတ်၍ အရှေ့အနောက်တောင်မြောက်မှ တစ်ချိန်တည်း တိုက်ခတ်စေသောအခါ ကြီးစွာသောပျက်စီးခြင်း ဖြစ်လိမ့်မည်။ လေးမျက်နှာလေများကို သုံး၍ ဧလံလူတို့ကို ယေဟောဝါ ကစဉ့်ကလျားဖြစ်စေလျက် သုတ်သင်တော်မူသည့်နည်းတူ ဖြစ်လိမ့်မည်။ သို့သော် ထို့ထက်မက ကြီးကျယ်လိမ့်မည်။ (ယေရမိ ၄၉:၃၆-၃၈) အမ္မုန်နိုင်ငံကို ယေဟောဝါ ချေမှုန်းစဉ်က သုံးတော်မူသော “မုန်တိုင်း” ထက် အဖျက်အဆီး ပြင်းထန်သော မိုးသက်မုန်တိုင်းကြီး ဖြစ်လိမ့်မည်။ (အာမုတ် ၁:၁၃-၁၅) မိမိ၏ အချုပ်အခြာအာဏာတော်ကို အပြီးအငြိမ်း သင်္ကာယနကင်းရှင်းအောင် ယေဟောဝါ ပြုတော်မူသော အမျက်တော်နေ့၌ ကမ္ဘာပေါ်ရှိ စာတန့်အဖွဲ့အစည်း၏ အဘယ်အပိုင်းကမျှ ခံရပ်နိုင်မည်မဟုတ်။—ဆာလံ ၈၃:၁၅၊ ၁၈; ဟေရှာယ ၂၉:၅၊ ၆။
it-1 ၁၂
အဗဒ္ဒုန်
တွင်းနက်ကြီးရဲ့ ကောင်းကင်တမန်ဖြစ်တဲ့ အဗဒ္ဒုန်က ဘယ်သူလဲ။
ဗျာဒိတ် ၉:၁၁ မှာ “အဗဒ္ဒုန်” ဆိုတာကို “တွင်းနက်ကြီးရဲ့ ကောင်းကင်တမန်” နာမည်အနေနဲ့ သုံးထားတယ်။ ဂရိလိုတော့ အပေါလျုန်လို့ ခေါ်တယ်။ “ဖျက်ဆီးသူ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ၁၉ ရာစုမှာ ဒီကျမ်းချက်ကို ဧကရာဇ် ဗက်စပါဆီယန်၊ မိုဟာမက်၊ နပိုလီယံ၊ “စာတန်နဲ့ပတ်သက်” တဲ့ကောင်းကင်တမန် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ကြောင်း ဖော်ပြဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဗျာဒိတ် ၂၀:၁-၃ မှာ “တွင်းနက်ကြီးရဲ့ သော့” ကို ကိုင်ထားတဲ့ ကောင်းကင်တမန်ကို ဘုရားသခင်ရဲ့ ကောင်းကင်ကိုယ်စားလှယ်အဖြစ် ဖော်ပြထားတာကို ထည့်စဉ်းစားသင့်တယ်။ သူဟာ “စာတန်နဲ့ပတ်သက်” မယ့်အစား စာတန်ကို ချည်နှောင်ပြီး တွင်းနက်ကြီးထဲ ပစ်ချတယ်။ ဗျာဒိတ် ၉:၁၁ နဲ့ပတ်သက်ပြီး ဘာသာပြန်ကျမ်းတစ်ကျမ်း (The Interpreter’s Bible) မှာ ဒီလို ပြောတယ်– “အဗဒ္ဒုန်ဟာ စာတန်ရဲ့ ကောင်းကင်တမန် မဟုတ်ဘဲ ဘုရားသခင့် ကောင်းကင်တမန် ဖြစ်တယ်။ သူဟာ ဘုရားရဲ့အမိန့်အတိုင်း ဖျက်ဆီးခြင်းလုပ်ငန်း လုပ်ဆောင်တယ်။”
ဟီဘရူးကျမ်းစောင်တွေမှာ လေ့လာခဲ့သလိုပဲ အဗဒ္ဒုန်ဟာ ရှီလ်အိုး၊ သေခြင်းနဲ့ ဆင်တူတယ်။ ဗျာဒိတ် ၁:၁၈ မှာ ယေရှုခရစ် ဒီလို ပြောတယ်– ‘ငါ အစဉ်ထာဝရ အသက်ရှင်နေတယ်။ သေခြင်းရဲ့သော့နဲ့ သင်္ချိုင်း [ဟေးဒီးစ်] ရဲ့သော့တွေကို ငါပိုင်တယ်။’ တွင်းနက်ကြီးနဲ့ ပတ်သက်တဲ့ သူ့ရဲ့အာဏာကို လုကာ ၈:၃၁ မှာ ဖော်ပြထားတယ်။ ယေရှုမှာ ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှိတယ်။ စာတန်ကိုလည်း ဖျက်ဆီးနိုင်တယ်။ ယေရှုဟာ “သေခြင်းကို ဖြစ်ပေါ်စေတဲ့ မာရ်နတ်ကို မိမိရဲ့သေခြင်းအားဖြင့် ဖျက်ဆီးနိုင်ဖို့” သွေးသားခန္ဓာကို ယူဆောင်ခဲ့တယ်လို့ ဟီဘရူး ၂:၁၄ မှာ ဖော်ပြထားတယ်။ ဗျာဒိတ် ၁၉:၁၁-၁၆ မှာ ယေရှုကို ဘုရားခန့်အပ်ထားတဲ့ ဖျက်ဆီးသူ၊ အာဏာသားအဖြစ် သရုပ်ဖော်ထားတယ်။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁၀-၁၂
“‘သက်သေနှစ်ယောက်’ အသတ်ခံရပြီး အသက်ပြန်ရှင်လာ”
စာရှုသူများထံမှ မေးခွန်းလွှာ
ဗျာဒိတ် အခန်းကြီး ၁၁ မှာပါတဲ့ သက်သေနှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ။
ဗျာဒိတ် ၁၁:၃ မှာ ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် ပရောဖက်ပြုမယ့် သက်သေနှစ်ယောက်အကြောင်း ပြောထားတယ်။ အဲဒီနောက် သားရဲက “သူတို့ကို တိုက်ခိုက်အောင်မြင်ပြီး သတ်ပစ်လိမ့်မယ်” လို့ ကျမ်းစာမှာ ဆက်ပြောတယ်။ ဒါပေမဲ့ “သုံးရက်ခွဲကြာပြီးနောက်” မှာ သက်သေနှစ်ယောက် အသက်ပြန်ရှင်လာပြီး မြင်တဲ့သူတွေ အကြီးအကျယ် ထိတ်လန့်သွားမယ်။—ဗျာ. ၁၁:၇၊ ၁၁။
အဲဒီ သက်သေနှစ်ယောက်က ဘယ်သူတွေလဲ။ အသေးစိတ်အချက်အလက်တွေက သူတို့ ဘယ်သူလဲဆိုတာ သိဖို့ ကူညီပေးတယ်။ ပထမ၊ “သူတို့နှစ်ယောက်က သံလွင်ပင်နှစ်ပင်နဲ့ ဆီမီးတိုင်နှစ်ခုကို ဆိုလိုတယ်” လို့ ပြောထားတယ်။ (ဗျာ. ၁၁:၄) အဲဒါက ဇာခရိပရောဖက်ပြုချက်မှာပါတဲ့ ဆီမီးတိုင်နဲ့ သံလွင်ပင်နှစ်ပင်ကို သတိရစေတယ်။ အဲဒီသံလွင်ပင်တွေဟာ “ဘိသိက်ခံရသူ နှစ်ယောက်၊” ‘မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့ သခင်ရဲ့ အနားမှာ ရပ်နေ’ တဲ့ ဘုရင်ခံ ဇေရုဗဗေလနဲ့ ပုရောဟိတ်မင်း ယောရှုကို ဆိုလိုတယ်။ (ဇာ. ၄:၁-၃၊ ၁၄) ဒုတိယ၊ သက်သေနှစ်ယောက်ဟာ မောရှေနဲ့ ဧလိယ ပြခဲ့တဲ့နိမိတ်တွေကို ပြတယ်လို့ ဖော်ပြထားတယ်။—ဗျာဒိတ် ၁၁:၅၊ ၆ ကို တောလည်ရာ ၁၆:၁-၇၊ ၂၈-၃၅။ ၁ ဘုရင်များ ၁၇:၁။ ၁၈:၄၁-၄၅ နဲ့ နှိုင်းယှဉ်ပါ။
ဒီရည်ညွှန်းချက်တွေမှာ တူညီချက်က ဘာလဲ။ အချက်တိုင်းက ခက်ခဲတဲ့ စမ်းသပ်ရာကာလအတွင်းမှာ ဦးဆောင်ခဲ့တဲ့ ဘုရားသခင့် ဘိသိက်ခံတွေကို ရည်ညွှန်းတယ်။ ဒါကြောင့် ဗျာဒိတ် အခန်းကြီး ၁၁ ပြည့်စုံချက်မှာတော့ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော် တည်ထောင်တဲ့ ၁၉၁၄ ခုနှစ်မှာ ဦးဆောင်ခဲ့တဲ့ ဘိသိက်ခံညီအစ်ကိုတွေဟာ “အထည်ကြမ်းဝတ်ပြီး” သုံးနှစ်ခွဲ ဟောပြောခဲ့တယ်။
အထည်ကြမ်းဝတ် ဟောပြောပြီးနောက်မှာ အဲဒီ ဘိသိက်ခံတွေဟာ ခဏလောက် ထောင်ကျသွားတယ်။ အဲဒါက အချိန်တိုဖြစ်တဲ့ သုံးရက်ခွဲ အသတ်ခံရသလို ဖြစ်ခဲ့တယ်။ ဘုရားသခင့်ရန်သူတွေရဲ့ အမြင်မှာ သူတို့ရဲ့လုပ်ငန်း ရပ်တန့်သွားသလိုဖြစ်ခဲ့လို့ ဆန့်ကျင်သူတွေ အလွန် ပျော်ခဲ့ကြတယ်။—ဗျာ. ၁၁:၈-၁၀။
ဒါပေမဲ့ ပရောဖက်ပြုထားတဲ့အတိုင်း သက်သေနှစ်ယောက်ဟာ သုံးရက်ခွဲကြာပြီးနောက် အသက်ပြန်ရှင်လာတယ်။ သစ္စာရှိတဲ့ ဒီဘိသိက်ခံတွေဟာ ထောင်က လွတ်လာတဲ့အပြင် သူတို့ရဲ့သခင် ယေရှုခရစ်ကတစ်ဆင့် ဘုရားခန့်အပ်တဲ့ အထူးတာဝန်တစ်ခု ရရှိခဲ့ကြတယ်။ နောက်ဆုံးကာလမှာ ဘုရားသခင့်လူမျိုးရဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ၁၉၁၉ ခုနှစ်မှာ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အဖြစ် ခန့်အပ်ခံခဲ့ကြရတယ်။—မ. ၂၄:၄၅-၄၇။ ဗျာ. ၁၁:၁၁၊ ၁၂။
စိတ်ဝင်စားစရာက ဗျာဒိတ် ၁၁:၁၊ ၂ မှာ အဲဒီအဖြစ်အပျက်တွေကို ပုံဆောင်ဗိမာန်တော်ကို တိုင်းတာ၊ စစ်ဆေးမယ့်အချိန်နဲ့ ဆက်စပ်ထားတယ်။ မာလခိ အခန်းကြီး ၃ မှာလည်း ပုံဆောင်ဗိမာန်တော်ကို စစ်ဆေး၊ သန့်စင်တဲ့ ကာလအကြောင်း ဖော်ပြထားတယ်။ (မာလ. ၃:၁-၄) စစ်ဆေး၊ သန့်စင်ခြင်းလုပ်ငန်းက ဘယ်လောက်ကြာသလဲ။ ၁၉၁၄ ခုနှစ် ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းအထိ ကြာခဲ့တယ်။ ဒီကာလမှာ ဗျာဒိတ် အခန်းကြီး ၁၁ မှာ ဖော်ပြထားတဲ့ ၁,၂၆၀ ရက် (၄၂ လ) ရော ပုံဆောင် သုံးရက်ခွဲပါ ပါဝင်တယ်။
မွန်မြတ်တဲ့အလုပ်အတွက် အထူးလူမျိုးကို သန့်စင်တဲ့ ပုံဆောင်လုပ်ငန်းကို ယေဟောဝါ စီစဉ်ပေးခဲ့လို့ ဝမ်းမြောက်စရာပါပဲ။ (တိ. ၂:၁၄) ဒါ့အပြင် စမ်းသပ်ရာကာလမှာ ဦးဆောင်ခဲ့ကြတဲ့၊ ပုံဆောင်သက်သေနှစ်ယောက်အဖြစ် အမှုဆောင်ခဲ့ကြတဲ့ သစ္စာရှိ ဘိသိက်ခံတွေရဲ့ စံနမူနာကို ကျွန်တော်တို့ လေးမြတ်ကြပါတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2 ၈၈၀-၈၈၁
စာလိပ်
ပုံဆောင်သဘောနဲ့ သုံး။ ကျမ်းစာထဲမှာ “စာလိပ်” ကို ပုံဆောင်သဘောနဲ့ သုံးထားတဲ့ သာဓကတွေ အများကြီး ရှိတယ်။ ယေဇကျေလနဲ့ ဇာခရိတို့ဟာ နှစ်ဖက်စလုံးမှာ စာရေးထားတဲ့ စာလိပ်ကို မြင်ခဲ့ကြတယ်။ အများအားဖြင့် စာလိပ်ရဲ့တစ်ဖက်တည်းမှာပဲ စာရေးတတ်ကြလို့ နှစ်ဖက်စလုံးမှာ စာရေးထားတယ်ဆိုတာက စာလိပ်မှာ ရေးထားတဲ့ စီရင်ချက်တွေက အရေးကြီးတယ်၊ လေးနက်တယ်ဆိုတာ ဖော်ပြတယ်။ (ယဇ ၂:၉–၃:၃။ ဇာ ၅:၁-၄) ဗျာဒိတ်ကျမ်း စိတ်အာရုံမှာ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်က ညာလက်မှာ တံဆိပ်ခုနစ်ခု ခတ်နှိပ်ထားတဲ့ စာလိပ်တစ်လိပ် ကိုင်ထားတယ်။ စာလိပ်ကို ဘုရားသခင့် သိုးသငယ် မဖွင့်မချင်း ရေးထားတာတွေကို မသိနိုင်ဘူး။ (ဗ ၅:၁၊ ၁၂။ ၆:၁၊ ၁၂-၁၄) စိတ်အာရုံရဲ့ နောက်အပိုင်းမှာ ယောဟန်ကိုယ်တိုင် စာလိပ် ပေးအပ်ခံရပြီး စားဖို့ အမိန့်ပေးခံရတယ်။ စာလိပ်ဟာ ယောဟန်အတွက် ချိုပေမဲ့ ဝမ်းထဲမှာ ခါးနေတယ်။ စာလိပ်ဟာ တံဆိပ်ခတ်နှိပ်မထားဘဲ ပွင့်နေလို့ ရေးထားတာကို သူ နားလည်တယ်။ စာလိပ်မှာပါတဲ့ သတင်းဟာ ယောဟန်အတွက် “ချို” ပေမဲ့ သူပရောဖက်ပြုရမယ့်အရာတွေက ခါးသီးတဲ့အရာတွေ ဖြစ်ပုံရတယ်။ (ဗ ၁၀:၁-၁၁) ယေဇကျေလလည်း “ငိုချင်းတွေ၊ ညည်းတွားမြည်တမ်းချက်တွေ” ပါတဲ့ စာလိပ်ပေးအပ်ခံရတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးတယ်။—ယဇ ၂:၁၀။
it-2 ၁၈၇ ပိုဒ်. ၇-၉
သားဖွားဝေဒနာ
တမန်တော်ယောဟန်ရဲ့ ဗျာဒိတ်ကျမ်း စိတ်အာရုံမှာ “သားဖွားတော့မှာဖြစ်လို့ နာကျင်စွာ အော်ဟစ်နေ” တဲ့ ကောင်းကင်က အမျိုးသမီးတစ်ယောက်ကို မြင်ခဲ့ရတယ်။ မွေးလာတဲ့ကလေးဟာ “တိုင်းနိုင်ငံအားလုံးကို သံလှံတံနဲ့ အုပ်ချုပ်မယ့် သားယောက်ျား” ဖြစ်တယ်။ နဂါးက ကလေးကို ဝါးမျိုဖို့ ကြိုးစားနေတဲ့ကြားမှာ “ကလေးကို ရာဇပလ္လင်ပေါ်ထိုင်နေတဲ့ ဘုရားသခင်ဆီ ချက်ချင်း ပို့ပေးကြတယ်။” (ဗ ၁၂:၁၊ ၂၊ ၄-၆) ရှေးခေတ်က မွေးကင်းစကလေးကို ဖခင်ရဲ့ အသိအမှတ်ပြုမှုခံရဖို့ ဖခင်ဆီ ခေါ်သွားရသလိုပဲ ဘုရားဆီ သားကို ယူဆောင်သွားတာက ကလေးကို မိမိရဲ့သားအဖြစ် ဘုရား လက်ခံကြောင်း ဖော်ပြတယ်။ “အမျိုးသမီး” ဟာ ဘုရားသခင့် “ဇနီး၊” “အထက်ဂျေရုဆလင်၊” ခရစ်တော်နဲ့ ဘိသိက်ခံညီတော်တွေရဲ့ “မိခင်” ဖြစ်တယ်။—ဂ ၄:၂၆။ ဟီ ၂:၁၁၊ ၁၂၊ ၁၇။
ဘုရားသခင်ရဲ့ ကောင်းကင် “အမျိုးသမီး” ဟာ စုံလင်သူဖြစ်လို့ ပကတိ သားဖွားဝေဒနာ ခံစားရမှာ မဟုတ်ဘူး။ ဒါကြောင့် သားဖွားဝေဒနာဟာ သားဖွားခါနီးပြီ၊ သားဖွားတော့မယ်ဆိုတာ “အမျိုးသမီး” သိမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။—ဗ ၁၂:၂။
“သားယောက်ျား” က ဘယ်သူလဲ။ အဲဒီသားယောက်ျားက “တိုင်းနိုင်ငံအားလုံးကို သံလှံတံနဲ့ အုပ်ချုပ်” မှာဖြစ်တယ်။ ဆာလံ ၂:၆-၉ မှာ ဘုရားရဲ့ မေရှိယဘုရင်အကြောင်း ကြိုဟောထားတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ယေရှု မွေးဖွား၊ သေဆုံး၊ ရှင်ပြန်ထမြောက်ပြီး အတော်ကြာမှ ဒီစိတ်အာရုံကို ယောဟန် မြင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီစိတ်အာရုံဟာ ဘုရားသခင့် သားတော် ယေရှုခရစ်လက်မှာရှိတဲ့ မေရှိယနိုင်ငံတော် မွေးဖွားခြင်းကို ဆိုလိုကြောင်း ထင်ရှားတယ်။ သေခြင်းကနေ ထမြောက်လာတဲ့ ယေရှုဟာ “ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်တယ်။ ရန်သူတွေကို မိမိခြေအောက်မှာ ဘုရားသခင် ချထားမယ့်အချိန်အထိ စောင့်ဆိုင်း” ခဲ့ရတယ်။—ဟီ ၁၀:၁၂၊ ၁၃။ ဆ ၁၁၀:၁။ ဗ ၁၂:၁၀။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁၃-၁၆
“ကြောက်စရာကောင်းတဲ့ သားရဲတွေကို မကြောက်နဲ့”
“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
၆ ရှင်ပြန်ထမြောက်ပြီးတဲ့ယေရှုက အေဒီ ၉၆ လောက်မှာ တမန်တော်ယောဟန်ကို ထူးဆန်းတဲ့ ရူပါရုံတချို့ ပေးခဲ့တယ်။ (ဗျာ. ၁:၁) ရူပါရုံတွေထဲကတစ်ခုမှာ ပင်လယ်သဲသောင်ပြင်ပေါ်ရပ်နေတဲ့ နဂါးတစ်ကောင်ကို ယောဟန်မြင်တွေ့ခဲ့တယ်။ ဒီနဂါးက စာတန်ကို ပုံဆောင်တယ်။ (ဗျာဒိတ် ၁၃:၁၊ ၂ ကိုဖတ်ပါ။) ပင်လယ်ထဲကတက်လာတဲ့ ထူးဆန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့ရတယ်။ အဲဒီသားရဲမှာ ခေါင်းခုနစ်လုံးရှိပြီး စာတန်ဆီကနေ ကြီးစွာသောအခွင့်အာဏာကို ရရှိထားတယ်။ နောက်ပိုင်းမှာ နီမြန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့တယ်။ အဲဒီသားရဲမှာလည်း ခေါင်းခုနစ်လုံးရှိတယ်။ အဲဒီသားရဲက ဗျာဒိတ် ၁၃:၁ မှာပါတဲ့ သားရဲရဲ့ရုပ်တုဖြစ်တယ်။ နီမြန်းတဲ့သားရဲရဲ့ ခေါင်းခုနစ်လုံးက “ဘုရင်ခုနစ်ပါး” ဖြစ်တဲ့ အုပ်ချုပ်ရေးခုနစ်ခုကိုဆိုလိုကြောင်း ကောင်းကင်တမန်တစ်ပါးက ယောဟန်ကို ပြောပြခဲ့တယ်။ (ဗျာ. ၁၃:၁၄၊ ၁၅; ၁၇:၃၊ ၉၊ ၁၀) ဗျာဒိတ်ကျမ်းကို ယောဟန်ရေးချိန်မှာ အဲဒီဘုရင်တွေထဲက ငါးပါးကျသွားပြီး တစ်ပါးက လက်ရှိအုပ်စိုးနေတုန်းပဲ၊ နောက်တစ်ပါးကတော့ “ရောက်မလာသေး” ဘူး။ အဲဒီကမ္ဘာ့အာဏာစက်တွေက ဘာတွေလဲ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ သားရဲရဲ့ခေါင်းတစ်လုံးစီကို လေ့လာကြည့်ကြစို့။ ဒံယေလကျမ်းကနေလည်း အဲဒီအုပ်ချုပ်ရေးတွေထဲက အတော်များများရဲ့အကြောင်းကို သိရပါလိမ့်မယ်။ ဒံယေလရဲ့ ပရောဖက်ပြုချက်တွေက အဲဒီအုပ်ချုပ်မှုတွေထဲက တချို့အကြောင်းကို အသေးစိတ်ဖော်ပြတယ်၊ အဲဒီအုပ်ချုပ်မှုတွေ မတည်ရှိခင် နှစ်ရာနဲ့ချီကတည်းက ကြိုတင်ဖော်ပြခဲ့တာဖြစ်တယ်။
ကြမ်းကြုတ်သော သားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
၂၆ ၎င်းသည် အဘယ်အရာဖြစ်နိုင်သနည်း။ အင်္ဂလို-အမေရိကန်ကမ္ဘာ့ အင်အားကြီးနိုင်ငံပင်တည်း။ ၎င်းသည် ပထမသားရဲ၏ သတ္တမဦးခေါင်းပင်ဖြစ်သော်လည်း ထူးခြားသောကဏ္ဍမှ ပါဝင်၏။ ရူပါရုံ၌ ၎င်းကိုသီးခြားသားရဲအဖြစ် ခွဲထုတ်ထားသဖြင့် ကမ္ဘာ့ဇာတ်စင်ပေါ် ၎င်း၏သီးခြားလှုပ်ရှားမှုကို ပို၍ရှင်းလင်းစွာမြင်နိုင်သည်။ ပုံခိုင်းချက်ဖြစ်သော ဤဦးချိုနှစ်ချောင်းရှိသော သားရဲသည် သီးခြားလွတ်လပ်စွာ ယှဉ်တွဲတည်ရှိပြီး ပူးပေါင်းဆောင်ရွက်ကြသည့် အင်အားကြီးနိုင်ငံနှစ်ခုဖြင့် ဖွဲ့စည်းထား၏။ “သိုးသငယ်ကဲ့သို့” သော ၎င်း၏ချိုနှစ်ချောင်းက မိမိသည် နူးညံ့သိမ်မွေ့၍ ရန်လိုသောသဘောမပါ၊ မိမိ၌ ဉာဏ်အမြော်အမြင်ရှိသော အစိုးရမျိုးရှိသဖြင့် ကမ္ဘာသားများ အားထားရာဖြစ်သည်ဟူသော မျက်နှာပန်းရှိကြောင်းကို ပြသည်။ သို့သော် ၎င်းသည် “နဂါးကဲ့သို့” စကားပြော၏။ ဆိုလိုသည်မှာ မိမိအုပ်ချုပ်ပုံကို အခြားသူများ လက်မခံသောအခါ အတင်းအကျပ်ပြု၍ ခြိမ်းခြောက်ရုံမျှမက ပြောင်ပြောင်တင်းတင်းပင် အကြမ်းဖက်တတ်သည်။ ဘုရားသခင့် သိုးသငယ်၏ အုပ်ချုပ်မှုကိုနာခံရန် လူတို့ကို အားပေးမည့်အစား နဂါးကြီး စာတန်၏အကျိုးကို သယ်ပိုးခိုင်း၏။ မျိုးချစ်စိတ်ကြောင့် ကွဲပြားမှုနှင့် မုန်းတီးမှုများဖြစ်ပွားစေခြင်းဖြင့် ပထမသားရဲကို ကိုးကွယ်စေ၏။
ကြမ်းကြုတ်သော သားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
၃၁ သမိုင်းဖြစ်ရပ်က ယင်းရုပ်တုမှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု အဆိုသွင်း၊ မြေတောင်မြှောက်၍ ထောက်မသော အဖွဲ့အစည်းဖြစ်ကြောင်း သိသာစေသည်။ အစ၌ ၎င်းသည် နိုင်ငံပေါင်းချုပ်အသင်းအဖြစ် ထင်ပေါ်ခဲ့၏။ နောက်သော် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ ၌ နောက်အထိမ်းအမှတ်တစ်မျိုးအဖြစ် ပေါ်လာဦးမည်။ အသက်ရှင်၍ အသက်ရှူရှိုက်သော သီးခြားတည်ရှိသည့် နီမြန်းသောသားရဲပင်တည်း။ နိုင်ငံတကာဆိုင်ရာ ယင်းအဖွဲ့က မိမိတစ်ပါးတည်းသာ လူသားတို့အား ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ပေးနိုင်သည်ဟု ကြွားလုံးထုတ်ကာ “စကားပြော” ၏။ အမှန်သော်၊ ၎င်းသည် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မာန်မဲကြိမ်းမောင်း ပြစ်မှားစော်ကားရာ ဟစ်တိုင်ဖြစ်လာပြီ။ ယင်း၏အာဏာကို အောက်မကျို့သော တိုင်းနိုင်ငံ သို့မဟုတ် လူမျိုးအား ဝိုင်းပယ်ခြင်း၊ သို့မဟုတ် သေခန်းဖြတ်ခြင်းဖြင့် ခြိမ်းခြောက်ခဲ့၏။ နိုင်ငံပေါင်းချုပ်သည် ၎င်း၏သဘောတရားများအတိုင်း မကျင့်သုံးသောနိုင်ငံများကို ထုတ်ပယ်ခဲ့သည်။ ဆင်းရဲဒုက္ခကြီး စတင်သောအခါ သားရဲရုပ်တု၏ စစ်ဝါဒီဆန်သော “ဦးချိုများ” သည် ဖျက်ဆီးချေမှုန်းခြင်းကဏ္ဍမှ ပါဝင်လှုပ်ရှားကြလိမ့်မည်။—ဗျာဒိတ် ၇:၁၄; ၁၇:၈၊ ၁၆။
၃၁ ဒုတိယကမ္ဘာစစ်မှစ၍ ကုလသမဂ္ဂ အဖွဲ့အစည်းအဖြစ် ယခုထင်ရှားသော သားရဲ၏ရုပ်တုသည် စာသားအတိုင်း လူသတ်ခဲ့ပြီ။ ဥပမာ၊ ၁၉၅၀ ပြည့်နှစ်တွင် ကုလတပ်တစ်တပ်သည် မြောက်ကိုးရီးယားနှင့် တောင်ကိုးရီးယားစစ်၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ၎င်းကုလတပ်သည် တောင်ကိုးရီးယားလူမျိုးများနှင့်ပူးတွဲ၍ ခန့်မှန်းခြေအရ မြောက်ကိုးရီးယားနှင့် တရုတ်လူမျိုးပေါင်း ၁,၄၂၀,၀၀၀ ကို သတ်ဖြတ်ခဲ့သည်။ ထို့အတူ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အတွင်း ကုလတပ်များသည် ကွန်ဂိုနိုင်ငံ (ကင်ရှာဆာ) တွင် လှုပ်ရှားခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်း ဆဋ္ဌမမြောက်ပေါလ်နှင့် ဒုတိယမြောက် ဂျွန်ပေါလ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကလည်း ၎င်းရုပ်တုသည် လူသားများ၏ နောက်ဆုံးနှင့် အကောင်းဆုံးသော ငြိမ်းချမ်းရေးမျှော်လင့်ချက်ဖြစ်သည်ဟု ဆက်လက်အတည်ပြုကြ၏။ လူသားတို့က ၎င်းကိုအလုပ်အကျွေးမပြုလျှင် လူသားမျိုးနွယ်သည် ကိုယ့်ကိုယ်ကိုယ် ချေမှုန်းလိမ့်မည်ဟု အခိုင်အမာ ဆိုကြ၏။ သို့နှင့် သူတို့သည် ယင်းရုပ်တုအလိုသို့မလိုက်၊ သူ့ကိုမကိုးကွယ်သော လူသားအားလုံးကို ဥပစာစကားအရ သေစေကြ၏။—တရားဟောရာ ၅:၈၊ ၉။
ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂
၁၃:၁၆၊ ၁၇။ ကျွန်ုပ်တို့သည် ‘ရောင်းဝယ်ခြင်း’ ကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်သော်လည်း ကျွန်ုပ်တို့၏အသက်တာကို သားရဲလွှမ်းမိုးစေရန် ဖိအားပေးမှုကို ခွင့်မပြုသင့်ပါ။ ‘သားရဲ၏အမှတ်တံဆိပ်ကို လက်တွင်ဖြစ်စေ၊ နဖူးပေါ်တွင်ဖြစ်စေ’ လက်ခံခြင်းသည် ကျွန်ုပ်တို့၏လုပ်ရပ်များကို ထိန်းချုပ်စေရန် သို့မဟုတ် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုအပေါ် သက်ရောက်မှုရှိစေရန် သားရဲကို ခွင့်ပြုခြင်း ဖြစ်ပါလိမ့်မည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂
၁၆:၁၃-၁၄။ “ညစ်ညူးသည့် သတင်းစကား” မှာ မြေကြီးရှင်ဘုရင်များသည် ဘုရားသခင်၏ အမျက်တော်ဖလားခုနစ်လုံး သွန်းလောင်းခြင်းကြောင့် စိတ်မယိုင်သွားဘဲ ယေဟောဝါအား ဆန့်ကျင်တိုက်ခိုက်ဖို့ သေချာစေရန် ရည်ရွယ်သည့် နတ်ဆိုးများ၏ ဝါဒဖြန့်မှုကို ပုံဆောင်သည်။—မ. ၂၄:၄၂၊ ၄၄။
‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’
၉ ကြီးစွာသောဒုက္ခကာလဟာ ‘နိုင်ငံတော်သတင်းကောင်း’ ဟောရမယ့်အချိန် မဟုတ်ဘူး။ အဲဒီသတင်း ဟောရမယ့်အချိန်ဟာ ပြီးဆုံးသွားပြီ။ မကြာခင် “အဆုံး” ရောက်လာတော့မယ်။ (မ. ၂၄:၁၄) ဘုရားသခင့်လူမျိုးဟာ ပြင်းထန်တဲ့တရားစီရင်ခြင်းသတင်းကို ရဲရဲရင့်ရင့် ကြေညာကြလိမ့်မယ်။ စာတန့်လောကဆိုး လုံးလုံးဖျက်ဆီးခံရတော့မယ့် သတင်း ဖြစ်နိုင်တယ်။ ကျမ်းစာမှာ အဲဒီသတင်းကို မိုးသီးတွေနဲ့ နှိုင်းယှဉ်ပြီး အခုလိုပြောထားတယ်– “မိုးသီးတစ်လုံးလျှင် လေးဆယ့်ငါးပေါင်မျှ အလေးချိန်ရှိသော မိုးသီးကြီးများသည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ မိုးသီးကပ်ဘေးသည် အလွန့်အလွန် ကြီးမားသဖြင့် ထိုကပ်ဘေးကြောင့် လူတို့သည် ဘုရားသခင်အား စော်ကားကြ၏။”—ဗျာ. ၁၆:၂၁။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၂၃-၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁၇-၁၉
“စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် ဘုရားသခင့်စစ်ပွဲ”
အာမဂေဒုန်—စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့် ဘုရားသခင့်စစ်ပွဲ
ဆိုးယုတ်သူများ အာဏာရကာ ကြီးစိုးနေသမျှကာလပတ်လုံး ဖြောင့်မတ်သူများသည် ငြိမ်သက်မှုနှင့် လုံခြုံမှု ခံစားရမည် မဟုတ်ချေ။ (သု. ၂၉:၂; ဒေ. ၈:၉) အကျင့်ပျက်ပြားမှု၊ ဆိုးသွမ်းမှုတို့ကို ယင်းအကျင့်,ကျင့်ကြံနေသူများနှင့် သီးခြားခွဲထုတ်၍ မရနိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။ ထို့ကြောင့် ဆိုးသွမ်းသူများကို ဖယ်ရှားပြီးမှသာလျှင် တည်မြဲသောငြိမ်သက်မှုနှင့် တရားမျှတမှု ပေါ်ပေါက်လာပေမည်။ “မတရားသောသူသည် တရားသောသူအဖို့ . . . ရွေးရန်ဖြစ်၏” ဟု ရှောလမုန်ရေးခဲ့သည်။—သု. ၂၁:၁၈။
ဘုရားသခင်သည် တရားသူကြီးဖြစ်သောကြောင့် ဆိုးသွမ်းသူများနှင့်ပတ်သက်၍ စီရင်ချက်မှန်သမျှသည် ဖြောင့်မတ်တော်မူမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ “မြေကြီးလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော” ဟုအာဗြဟံမေးခဲ့သည်။ ယေဟောဝါသည် အမြဲတမ်း ဖြောင့်မတ်မှန်ကန်တော်မူသည် ဟူသောအဖြေကို သူရရှိခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၅) ထို့ပြင် ယေဟောဝါသည် ဆိုးသွမ်းသူများကို မဖျက်ဆီးလိုကြောင်း ကျမ်းစာက ကျွန်ုပ်တို့အား စိတ်ချစေသည်။ နောက်ဆုံးနည်းလမ်းအဖြစ်သာ ကိုယ်တော် ထိုသို့ပြုရခြင်းဖြစ်သည်။—ယေဇကျေလ ၁၈:၃၂; ၂ ပေတရု ၃:၉။
it-1 ၁၁၄၆ ပိုဒ်. ၁
မြင်း
တမန်တော်ယောဟန်ရဲ့ စိတ်အာရုံမှာ ဘုန်းတန်ခိုးပြည့်ဝတဲ့ ယေရှုခရစ်ဟာ မြင်းဖြူစီးနေတယ်၊ ကောင်းကင်ဗိုလ်ခြေတွေလည်း မြင်းဖြူစီးပြီး သူ့နောက်ကနေ လိုက်ကြတယ်လို့ ပုံဖော်ထားတယ်။ အဲဒီစိတ်အာရုံက ခမည်းတော် ဘုရားသခင် ယေဟောဝါကိုယ်စား ရန်သူအားလုံးကို ခရစ်တော် စစ်တိုက်မယ်၊ အဲဒီစစ်ဟာ ဖြောင့်မတ်ပြီး တရားမျှတမယ်ဆိုတာ ယောဟန်ကို သိရှိစေတယ်။ (ဗ ၁၉:၁၁၊ ၁၄) ခရစ်တော်ဟာ ဘုရင်အဖြစ် အရေးယူလုပ်ဆောင်မယ်၊ မြင်းစီးသူရဲတွေရဲ့ စီးနင်းခြင်းက ဆက်ဖြစ်ပျက်လာမယ့် ဘေးဆိုးတွေကို ပုံဆောင်တယ်လို့ အစောပိုင်းမှာ ဖော်ပြထားတယ်။—ဗ ၆:၂-၈။
စစ်သူရဲ-ဘုရင် အာမဂေဒုန်၌ အောင်တံခွန်စိုက်ခြင်း
၂၄ စာတန်၏နိုင်ငံရေးအဖွဲ့အစည်းကိုတင်စားသော ပင်လယ်ထဲမှတက်လာသည့် ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းပါသောသားရဲသည် တလိမ့်ခေါက်ကွေးကျပြီး တိမ်ကောသွား၏။ ၎င်းနှင့်အတူ သတ္တမမြောက် ကမ္ဘာ့အင်အားကြီးနိုင်ငံ မိစ္ဆာပရောဖက်လည်း ကွယ်ပျောက်သွား၏။ (ဗျာဒိတ် ၁၃:၁၊ ၁၁-၁၃; ၁၆:၁၃) ၎င်းတို့သည် “အရှင်လတ်လတ်၊” သို့မဟုတ် မြေကြီးပေါ်ရှိ ဘုရားသခင့်လူမျိုးတော်ကို တညီတညွတ်တည်း အတိုက်အခံလုပ်နေစဉ် “မီးအိုင်” ထဲသို့ ပစ်ချခဲ့ရကြ၏။ ၎င်းသည် ပကတိမီးအိုင်လော။ သားရဲနှင့် မိစ္ဆာပရောဖက်တို့သည် ပကတိသတ္တဝါများ မဟုတ်သကဲ့သို့ ၎င်းသည်လည်း ပကတိမီးအိုင်မဟုတ်။ ၎င်းသည် လုံးဝအပြီးအပိုင်ပျက်စီးခြင်း၊ ပြန်လမ်းမရှိသော နေရာကို ပုံခိုင်းသည်။ နောက်ပိုင်း၌ သေခြင်းနှင့် ဟေးဒီးစ်အပြင် မာရ်နတ်ကိုယ်တိုင် ပစ်ချခံရမည့်နေရာမှာ ဤနေရာပင်တည်း။ (ဗျာဒိတ် ၂၀:၁၀၊ ၁၄) လူဆိုးများကို ထာဝစဉ်ညှဉ်းဆဲသောငရဲပြည် လုံးဝမဟုတ်။ အကြောင်းမှာ ထိုသို့သောနေရာနှင့်ဆိုင်သော အတွေးကိုယ်နှိုက်က ယေဟောဝါအဖို့ စက်ဆုပ်ဖွယ်ရာဖြစ်သည်။—ယေရမိ ၁၉:၅; ၃၂:၃၅; ၁ ယောဟန် ၄:၈၊ ၁၆။
စစ်သူရဲ-ဘုရင် အာမဂေဒုန်၌ အောင်တံခွန်စိုက်ခြင်း
၂၅ ကျန်လူများအားလုံးသည် အစိုးရ၏အစိတ်အပိုင်း တိုက်ရိုက်မဟုတ်သော်လည်း စာရိတ္တဖောက်ပြန်သော ဤလူသားလောက၏ ပြုပြင်၍မရတော့သည့် အစိတ်အပိုင်းဖြစ်ကြရာ ထို့အတူ “မြင်းစီးသူ . . . ၏ဓားရှည်ဖြင့် ကွပ်မျက်ခံရကြ၏။” သူတို့ကို သေထိုက်သူအဖြစ် ယေရှုစီရင်တော်မူမည်။ သူတို့၏အမှု၌ မီးအိုင်အကြောင်း မဆိုထားသည့်အတွက် သူတို့ထမြောက်လာကြမည်ဟု မျှော်လင့်ရမည်လော။ ထိုအချိန်၌ ယေဟောဝါခန့်အပ်သော တရားသူကြီး၏ စီရင်ခြင်းကိုခံရသူများသည် ထမြောက်လာမည်ဟု မည်သည့်နေရာ၌မျှ မဆိုထားပါ။ ယေရှုကိုယ်တော်တိုင် မိန့်ဆိုသည့်အတိုင်း “သိုး” မဟုတ်သူအားလုံး “မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီး၊” သို့မဟုတ်၊ “ထာဝရဖြတ်တောက်ခြင်းသို့ ခွဲထွက်သွား” (ကဘ) ရကြ၏။ (မဿဲ ၂၅:၃၃၊ ၄၁၊ ၄၆) ထိုအခါ “တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်” သည် အထွတ်အထိပ်သို့ ရောက်လိမ့်မည်။—၂ ပေတရု ၃:၇; နာဟုံ ၁:၂၊ ၇-၉; မာလခိ ၄:၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
၅ “သားရဲသည် . . . တစ်ချိန်က ရှိခဲ့ [၏။]” မှန်ပေသည်။ ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်မှစ၍ နိုင်ငံပေါင်းချုပ်အဖြစ်တည်ရှိခဲ့ပြီး နိုင်ငံပေါင်း ၆၃ နိုင်ငံသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် အဖွဲ့ဝင်များဖြစ်ခဲ့ကြသည်။ သို့သော် ဂျပန်၊ ဂျာမနီ၊ အီတလီတို့သည် တစ်နိုင်ငံပြီးတစ်နိုင်ငံ နိုင်ငံပေါင်းချုပ်မှ နုတ်ထွက်သွားကြပြီး ယခင်ဆိုဗီယက် ပြည်ထောင်စုလည်း ထွက်ခဲ့ရသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမနီနိုင်ငံ၏ နာဇီအာဏာရှင်က ဒုတိယကမ္ဘာစစ်ကို စတင်လိုက်သည်။ နိုင်ငံပေါင်းချုပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်သဖြင့် မလှုပ်ရှားခြင်းအဖြစ်တည်းဟူသော တွင်းနက်ကြီးထဲသို့ လုံးဝဆိုရမလောက် ကျဆင်းသွားလေသည်။ ၁၉၄၂ ခုနှစ်ရောက်သော် ၎င်းသည် တစ်ချိန်ကသာ ရှိခဲ့သောအရာ ဖြစ်သွားသည်။ ယေဟောဝါသည် ထိုအချိန်မတိုင်မီက မဟုတ်၊ ထို့ထက်နောက်ကျ၍လည်း မဟုတ်ဘဲ—အရေးပါသော ထိုအခိုက်မှာပင်—ရူပါရုံ၏ အဓိပ္ပာယ်အပြည့်အစုံကို မိမိလူမျိုးတော်အား ဖွင့်ပြတော်မူ၏။ အင်၊ အိပ်ချ်၊ နောရ်သည် ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးကြီး၌ ပရောဖက်ပြုချက်နှင့်အညီ ထို “သားရဲသည် . . . ယခုမရှိ ” ဟူ၍ ပြောဆိုနိုင်ခဲ့သည်။ ထို့နောက် သူက “နိုင်ငံပေါင်းချုပ်သည် တွင်းထဲ၌နေရစ်မည်လော” ဟူသောမေးခွန်းကိုမေး၏။ ၎င်းနောက် ဗျာဒိတ် ၁၇:၈ ကိုကိုးကားပြီး “လောကီနိုင်ငံများ၏ အသင်းအဖွဲ့သည် တစ်ဖန်ပြန်ပေါ်လာမည်” ဟု ဖြေဆိုလိုက်သည်။ ဆိုသည့်အတိုင်းပင် ဖြစ်လာသဖြင့် ယေဟောဝါ၏ ပရောဖက်စကားတော် မှန်ကန်ကြောင်း ထင်ရှား၏။
တွင်းနက်ကြီးထဲမှ တက်လာခြင်း
၆ နီမြန်းသောသားရဲသည် တကယ်ပင် တွင်းနက်ကြီးထဲမှ တက်လာသည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ နိုင်ငံပေါင်း ၅၀ က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကိုမြို့တွင် ဆူညံသောခရာ သံပြိုင်မှုတ်ခြင်းနှင့်အတူ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လက်ခံကြောင်း မဲပေးဆုံးဖြတ်ခဲ့ကြသည်။ ယင်းအဖွဲ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း” ရန်ဖြစ်သည်။ နိုင်ငံပေါင်းချုပ်နှင့် ကုလသမဂ္ဂတို့၌ ဆင်တူချက်များစွာရှိ၏။ ကမ္ဘာ့စာအုပ် စွယ်စုံကျမ်းက ဤသို့ဆို၏– “အချို့နေရာများ၌ ကုလသမဂ္ဂသည် ပထမကမ္ဘာစစ်ပြီးနောက် ဖွဲ့စည်းတည်ထောင်သော နိုင်ငံပေါင်းချုပ်နှင့်ဆင်တူ၏။ . . . ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်သော နိုင်ငံများစွာတို့သည် နိုင်ငံပေါင်းချုပ်ကိုလည်း တည်ထောင်ဖူးသည်။ ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ်နည်းတူ နိုင်ငံများစပ်ကြား ငြိမ်းချမ်းရေးထိန်းသိမ်းရန် တည်ထောင်ထားခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ အဓိကအသင်းအဖွဲ့များသည် နိုင်ငံပေါင်းချုပ်၏ အသင်းအဖွဲ့များနှင့် များစွာတူညီ၏။” သို့ဖြစ်၍ ကုလသမဂ္ဂသည် အမှန်အားဖြင့် ပြန်ပေါ်လာသည့် နီမြန်းသောသားရဲပင်ဖြစ်၏။ အဖွဲ့ဝင်နိုင်ငံ အရေအတွက် ၁၉၀ ခန့်သည် ၆၃ နိုင်ငံသာပါဝင်သော နိုင်ငံပေါင်းချုပ်ထက် များစွာပို၏။ နိုင်ငံပေါင်းချုပ်ထက် များပြားသော ဝတ္တရားများကိုလည်း ဆောင်ရွက်ပါသည်။
“မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ
၁၇ အယူမှားဝတ်ပြုရေးရဲ့ ဩဇာအာဏာက တဖြည်းဖြည်းမှေးမှိန်ပြီး ပျောက်ကွယ်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ ပြည့်တန်ဆာက ဆက်သြဇာသက်ရောက်နေမှာဖြစ်ပြီး သူမအလိုရှိတာမှန်သမျှအတွက် ဘုရင်တွေကို လုပ်ခိုင်းဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမဲ့ မကြာခင်မှာ ဘုရားသခင်က “မိမိ၏အကြံတော်ကို ဖော်ဆောင်ရန် သူတို့၏နှလုံးထဲသို့ အကြံသွင်း” ပါလိမ့်မယ်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇ ကိုဖတ်ပါ။) အယူမှားဝတ်ပြုရေးကို တိုက်ခိုက်ဖို့ ကုလသမဂ္ဂကိုယ်စားပြုတဲ့ စာတန့်လောကစနစ်အဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးတွေကို ယေဟောဝါ လှုံ့ဆော်ပါလိမ့်မယ်။ ပြည့်တန်ဆာက အဲဒီအုပ်ချုပ်ရေးတွေကို ကြိုးကိုင်ထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး၊ သူမရဲ့ စည်းစိမ်အားလုံးကိုလည်း လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်တုန်းက လူအများစုက ဝတ်ပြုရေးဟာ အမြဲပဲလေးစားခံရပြီး တန်ခိုးသြဇာရှိနေမယ်လို့ တွေးထင်ခဲ့ကြတယ်။ အခု အခြေအနေတွေ စတင်ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ ပြည့်တန်ဆာရဲ့သြဇာအာဏာက တဖြည်းဖြည်းမှေးမှိန်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ သူမဟာ ရုတ်တရက်ဖျက်ဆီးခံရမှာ ဖြစ်တယ်။—ဗျာ. ၁၈:၇၊ ၈၊ ၁၅-၁၉။
ကျမ်းစာဖတ်ရှုခြင်း
ဒီဇင်ဘာ ၃၀–ဇန်နဝါရီ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၂၀-၂၂
“အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်”
re ၃၀၁ ပိုဒ်. ၂
ကောင်းကင်သစ်နှင့် မြေကြီးသစ်
၂ ယောဟန်လက်ထက်မတိုင်မီ ရာစုနှစ်များစွာတွင် ဟေရှာယအား ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။” (ဟေရှာယ ၆၅:၁၇; ၆၆:၂၂) ဤပရောဖက်ပြုချက်သည် သစ္စာရှိဂျူးများ ဗာဗုလုန်နိုင်ငံ၌ အနှစ် ၇၀ ပြည်နှင်ဒဏ်ခံရသည့်နောက် ဘီစီ ၅၃၇ ခုနှစ်တွင် ယေရုရှလင်မြို့သို့ ပြန်သွားကြသောအခါ ပထမအကြိမ် ပြည့်စုံလာသည်။ ထိုသို့ပြန်လည်ထူထောင်စဉ် သူတို့သည် အသစ်သောအစိုးရစနစ်ဖြစ်သည့် “ကောင်းကင်သစ်” အောက်ရှိ သုတ်သင်ပြီးသော လူ့ဘောင်ဖြစ်သည့် “မြေကြီးသစ်” အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ သို့ရာတွင် တမန်တော်ပေတရုက “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟုဆိုပြီး ထိုပရောဖက်ပြုချက် နောက်ထပ်ပြည့်စုံလာမည်ကို တင်ပြ၏။ (၂ ပေတရု ၃:၁၃) ယခု ယောဟန်က ဤကတိတော်သည် သခင့်နေ့တော်အတွင်း ပြည့်စုံလာသည်ဟုဆို၏။ စာတန်နှင့် သူ၏နတ်ဆိုးများ ဩဇာအောက်ရှိ စာတန့်အုပ်ချုပ်ရေးအစီအစဉ်စနစ်ဖြစ်သည့် “ယခင်ကောင်းကင်နှင့် ယခင်မြေကြီးတို့သည်” ကွယ်ပျောက်သွားမည်။ ဆိုးယုတ်သည့်ပုန်ကန်သူ လူသားများတည်းဟူသော လှိုင်းထန်သည့် “ပင်လယ်” သည် တည်ရှိတော့မည်မဟုတ်။ ၎င်းအစား၊ “ကောင်းကင်သစ်နှင့် မြေကြီးသစ်”—ဘုရားသခင့်နိုင်ငံတော် အစိုးရသစ်အောက်ရှိ မြေကြီးဆိုင်ရာလူ့ဘောင်သစ်—ဖြစ်ပေါ်လာမည်။—ဗျာဒိတ် ၂၀:၁၁ နှိုင်းယှဉ်။
“ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ”
“[ဘုရားသခင်သည်] သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။” (ဗျာဒိတ် ၂၁:၄) ဘုရားသခင်က ဘယ်လိုမျက်ရည်မျိုးကို သုတ်ပေးမှာလဲ။ ဝမ်းသာမျက်ရည်နဲ့ မျက်လုံးကို ကာကွယ်ပေးတဲ့ မျက်ရည်မျိုးကို ပြောနေတာမဟုတ်ဘဲ ဆင်းရဲဒုက္ခတွေနဲ့ ဝမ်းနည်းမှုကြောင့် ကျရတဲ့မျက်ရည်မျိုးကို သုတ်ပေးမယ်လို့ ဆိုလိုနေတာဖြစ်တယ်။ ဘုရားသခင်က လူသားတွေရဲ့ ဝမ်းနည်းမျက်ရည်ကို သုတ်ပေးရုံသက်သက်ပဲ မဟုတ်ပါဘူး။ ဝမ်းနည်းမျက်ရည်ကျရတဲ့ ဆင်းရဲဒုက္ခနဲ့ ဝမ်းနည်းမှုမှန်သမျှကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။
“သေခြင်း ရှိတော့မည်မဟုတ်။” (ဗျာဒိတ် ၂၁:၄) ရန်သူလို့တင်စားထားတဲ့ သေခြင်းတရားကြောင့် ဝမ်းနည်းပူဆွေးပြီးကျရတဲ့ မျက်ရည်လောက် ဆိုးတာမရှိပါဘူး။ ဝမ်းသာစရာက နာခံမှုရှိတဲ့ လူသားတွေကို သေခြင်းရဲ့လက်အောက်ကနေ ယေဟောဝါဘုရား ကယ်တင်ပေးပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။ အာဒံဆီက အမွေရထားတဲ့ အပြစ်ကို ဖယ်ရှားပေးခြင်းအားဖြင့်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဒံ အပြစ်လုပ်ခဲ့တဲ့အတွက် သေခြင်းတရားဆိုတာ ဖြစ်ပေါ်လာလို့ပါ။ (ရောမ ၅:၁၂) ယေဟောဝါဘုရားက ယေရှုခရစ်ကို အသေခံစေပြီး နာခံမှုရှိတဲ့ လူသားတွေရဲ့အပြစ်ကို ဖြေလွှတ်ပေးမှာဖြစ်ပါတယ်။ ပြီးတဲ့နောက် နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်းကိုလည်း “ပယ်ဖျက်” ပေးပါလိမ့်မယ်။ (၁ ကောရိန္သု ၁၅:၂၆၊ သမ) သစ္စာရှိတဲ့လူသားတွေဟာ ဘုရားရည်ရွယ်ထားတဲ့အတိုင်း ကျန်းကျန်းမာမာနဲ့ ထာဝစဉ် နေသွားခွင့်ရကြပါလိမ့်မယ်။
“နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” (ဗျာဒိတ် ၂၁:၄) ဘယ်လိုနာကျင်မှုမျိုးတွေ ပပျောက်သွားမှာလဲ။ အာဒံဆီကရတဲ့အပြစ်နဲ့ ကိုယ့်ရဲ့ဉာဉ်ဆိုးတွေကြောင့်ဖြစ်ပေါ်လာပြီး ဒီနေ့ခေတ် လူသန်းပေါင်းများစွာကို ဝမ်းနည်းကြေကွဲစေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျိုးတွေ ပပျောက်သွားမှာဖြစ်တယ်။
ယေဟောဝါ၊ အမှန်တရား၏ ဘုရားသခင်
၁၄ သမ္မာကျမ်းစာတွင် ယေဟောဝါ မိန့်မှာထားသည့်စကားကို ကျွန်ုပ်တို့ အလေးအနက်ထားသင့်သည်။ ကိုယ်တော်သည် မိန့်တော်မူသည့်အတိုင်း ဖြစ်တော်မူပြီ ပြောသည့်အတိုင်း ပြုတော်မူမည်။ ဘုရားသခင်အား ကျွန်ုပ်တို့ ယုံကြည်စိတ်ချဖို့အကြောင်း များစွာရှိသည်။ “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . ဒဏ်ပေးတော်မူ” မည်ဟု ယေဟောဝါ မိန့်တော်မူသောစကားကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (၂ သက်သာလောနိတ် ၁:၈) ယေဟောဝါက ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သူများကို ကိုယ်တော်ချစ်သည်၊ ယုံကြည်သောသူတို့ကို ထာဝရအသက်ပေးမည်၊ နာကျင်မှု၊ အော်ဟစ်ခြင်းနှင့် သေခြင်းကိုပင် ဖယ်ရှားပစ်မည်ဟု ဆိုသောအခါ ကိုယ်တော့်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ အဆိုပါနောက်ဆုံးကတိတော်ကို ယုံကြည်စိတ်ချစေရန် ယေဟောဝါက “တစ်ဖန်တုံ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” ဟူသော ညွှန်ကြားချက်ကို တမန်တော်ယောဟန်အား အလေးအနက် မိန့်ဆိုခဲ့သည်။—ဗျာ. ၂၁:၄၊ ၅; သု. ၁၅:၉; ယောဟန် ၃:၃၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2 ၂၄၉ ပိုဒ်. ၂
အသက်
ဘုရားရဲ့ပညတ်က အာဒံ နာခံမယ်ဆိုရင် မသေဘူးဆိုတဲ့ သဘော သက်ရောက်တယ်။ (က ၂:၁၇) ဒါကြောင့် နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်း ဖျက်ဆီးခံရတဲ့အခါ သေခြင်းကို ဖြစ်စေတဲ့ အပြစ်ရဲ့ လုပ်ဆောင်ချက်တွေ ရှိတော့မှာ မဟုတ်ဘူး။ နာခံမှုရှိတဲ့ လူသားတွေဟာ ဘယ်တော့မှ သေရတော့မှာ မဟုတ်ဘူး။ (၁က ၁၅:၂၆) ဗျာဒိတ်ကျမ်းအရ အနှစ် ၁,၀၀၀ ကြာမယ့် ခရစ်တော်ရဲ့အုပ်ချုပ်မှု အဆုံးမှာ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ခရစ်တော်နဲ့အတူ ဘုရင်တွေ၊ ပုရောဟိတ်တွေ ဖြစ်လာမယ့်သူတွေဟာ “အသက်ပြန်ရှင်လာပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရ” မယ်လို့ ဖော်ပြထားတယ်။ “အနှစ် ၁,၀၀၀ ပြီးဆုံးမှ အသက်ရှင်ရ” မယ့် “ကျန်တဲ့လူသေတွေ” ဟာ အနှစ် ၁,၀၀၀ အကုန်၊ လူတွေကို နောက်ဆုံးစမ်းသပ်ဖို့ တွင်းနက်ကြီးထဲကနေ စာတန်ကို မလွှတ်ခင်မှာ အသက်ရှင်သူတွေ ဖြစ်ရမယ်။ အနှစ် ၁,၀၀၀ ကုန်တဲ့အခါ ကမ္ဘာပေါ်က လူတွေဟာ စုံလင်ခြင်းအဖြစ်ကို ရောက်ရှိလာပြီး အာဒံနဲ့ ဧဝ အပြစ် မကျူးလွန်ခင် အခြေအနေမျိုး ပြန်ဖြစ်သွားမယ်။ အဲဒီအခါ တကယ့်စုံလင်တဲ့အသက် ရရှိပါလိမ့်မယ်။ တွင်းနက်ကြီးထဲကနေ စာတန် ခဏ ပြန်လွတ်လာချိန်မှာ စမ်းသပ်မှုကို အောင်မြင်သူတွေဟာ ထာဝစဉ် အသက်ရှင်ခွင့် ရကြပါလိမ့်မယ်။—ဗ ၂၀:၄-၁၀။
it-2 ၁၈၉-၁၉၀
မီးအိုင်
ဗျာဒိတ်ကျမ်းမှာပဲပါတဲ့ ဒီအသုံးအနှုန်းဟာ ပုံဆောင်ဆိုတာ ရှင်းနေပါတယ်။ “အဲဒီမီးအိုင်ဟာ ဒုတိယသေခြင်းကို ဆိုလိုတယ်” လို့ ကျမ်းစာထဲမှာပဲ အဓိပ္ပာယ်ဖွင့် ရှင်းပြထားတယ်။—ဗ ၂၀:၁၄။ ၂၁:၈။
မီးအိုင်ဟာ ပုံဆောင်ဖြစ်မှန်း သက်ဆိုင်ရာကျမ်းချက်တွေရဲ့ အထက်အောက်စကားက ထပ်ဆင့် သက်သေပြတယ်။ သေမင်းဟာ မီးအိုင်ထဲ ပစ်ချခံရမယ်လို့ ပြောထားတယ်။ (ဗ ၁၉:၂၀။ ၂၀:၁၄) စာသားအတိုင်း သေမင်းကို မီးအိုင်ထဲ ပစ်ချလို့ မရဘူးဆိုတာ ရှင်းနေပါတယ်။ ဒါ့အပြင် မမြင်နိုင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ မာရ်နတ်ကို မီးအိုင်ထဲ ပစ်ချတယ်။ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ မာရ်နတ်ကို စာသားအတိုင်း မီးအိုင်ထဲ ပစ်ချလို့ မရဘူး။—ဗ ၂၀:၁၀။ ထွ ၃:၂၊ သူ ၁၃:၂၀ တို့နဲ့နှိုင်းယှဉ်ပါ။
မီးအိုင်ဟာ “ဒုတိယသေခြင်း” ကို ပုံဆောင်လို့၊ ဗျာဒိတ် ၂၀:၁၄ မှာ “သေမင်းနဲ့ သင်္ချိုင်းဟာ မီးအိုင်ထဲ ပစ်ချခံရ” မှာဖြစ်လို့ မီးအိုင်ဆိုတာ အာဒံဆီကနေ လူတွေ အမွေရခဲ့တဲ့ သေခြင်း (ရ ၅:၁၂) မဟုတ်မှန်း၊ သင်္ချိုင်း မဟုတ်မှန်း သိသာထင်ရှားပါတယ်။ အာဒံဆီကအမွေရတဲ့ သေခြင်းနဲ့ သင်္ချိုင်းက မိမိတို့ဆီမှာ ရှိထားတဲ့ သေလွန်သူတွေကို ပြန်ပေးအပ်တယ်၊ “မီးအိုင်” ကတော့ အဲဒီလို ပြန်ပေးအပ်တယ်လို့ ကျမ်းစာရဲ့ ဘယ်နေရာမှာမှ မဖော်ပြထားဘူး။ ဒါကြောင့် မီးအိုင်ဟာ ရှင်ပြန်ထမြောက်ခြင်း မရှိတဲ့ နောက်သေခြင်းတစ်မျိုးကို ပုံဆောင်တာ ဖြစ်ရမယ်။ (ဗ ၂၀:၁၃) ဒါကြောင့် ဘုရားသခင့် အချုပ်အခြာအာဏာကို ဆန့်ကျင်တဲ့ နောင်တမရသူတွေဟာ “အသက်စာစောင်မှာ” စာရင်းမဝင်သူတွေ ဖြစ်တယ်။ သူတို့ဟာ မီးအိုင်ထဲ ပစ်ချခံရမယ်။ ဆိုလိုတာက ဒုတိယသေခြင်း၊ ထာဝစဉ်ဖျက်ဆီးခြင်း ခံရမယ်။—ဗ ၂၀:၁၅။
ကျမ်းစာဖတ်ရှုခြင်း