ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၃/၁ စာ. ၂၅-၂၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘မျက်နှာလေးခု ရှိတဲ့ သတ္တဝါတွေ’ က ဘယ်သူတွေလဲ
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၃/၁ စာ. ၂၅-၂၆

စာရှုသူများထံမှ မေးခွန်းလွှာ

▪ ကောင်းကင်တမန်များသည် ရုပ်ခန္ဓာမရှိသော နာမ်ဝိညာဉ်သားများဖြစ်ရာ ရုပ်ပုံများတွင် သူတို့အားအတောင်နှင့် အဘယ်ကြောင့်ဖေါ်ပြရသနည်း။ ယင်းသို့ပုံဆွဲခြင်းကား ဘာသာရေးထုံးတမ်းအရသာဖြစ်ပါသလော။

သမ္မာကျမ်းစာပါ အထိမ်းအမှတ်ဖေါ်ပြထားပုံကြောင့် ကောင်းကင်တမန်များကို အတောင်များနှင့် အများအားဖြင့်ဖေါ်ပြရခြင်းဖြစ်သည်။

နာမ်ဝိညာဉ်သတ္တဝါများမှာ ပကတိအတောင်များပါ မျက်နှာ၊ လက်၊ ခြေနှင့်အခြားကိုယ်အင်္ဂါများရှိ ဇာတိကိုယ်ခန္ဓာများမရှိဟု သင်ဆိုခြင်းကား မှန်ကန်သည်။ သို့နှင့်ပင် တစ်ချိန်က ဘုရားသခင်၏ကျေးကျွန်များရှေ့ကောင်းကင်တမန်များပေါ်ထွန်းလာသောအခါ သာမန်လူသားများနှင့် သူတို့တူခဲ့ရပေမည်။ အကြောင်းမူကား၊ သူတို့အား လူသားများဟူ၍သာ ထင်မှတ်ခဲ့ကြသည်။—ကမ္ဘာဦး ၁၈:၂၊ ၂၂။ ၁၉:၁။ တရားသူကြီး ၆:၁၁-၂၂။

သို့ရာတွင် လူသားများသည် ကောင်းကင်တမန်များကို ရူပါရုံများတွင် တစ်ခါတစ်ရံတွေ့မြင်ခဲ့ရ၍ ဖေါ်ပြဖူးသည်။ ပရောဖက်ယေဇကျေလသည် “သက်ရှိသတ္တဝါလေးဦး” ကိုတွေ့မြင်ခဲ့သည်။ နောင်တွင်မြင်သောရူပါရုံတစ်ခု၌ ခေရုဗိမ်အဆင့်ရှိကောင်းကင်တမန်များကို သူဖေါ်ပြပေးသည်။ (ယေဇကျေလ ၁:၅။ ၉:၃။ ၁၀:၃) ဤကောင်းကင်တမန်တစ်ပါးစီ၌ ဘုရားသခင်၏အမိန့်တော်ကိုနာခံရာတွင် မည်သည့်အရပ်ဘက်မဆို ချက်ချင်းသွားရောက်လုပ်ဆောင်နိုင်ခြင်းကိုတင်ပြသည့် အတောင်ပံလေးခုစီရှိကြသည်။ “ထိုသတ္တဝါတို့သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့်သွားတတ်ကြ၏။ . . . ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့်သွားတတ်ကြ၏။”—ယေဇကျေလ ၁:၆၊ ၉၊ ၁၂။

သို့သော် ရူပါရုံတွင်တွေ့မြင်သောကောင်းကင်တမန်များသည် တစ်ပုံစံတည်းသာမဟုတ်ကြချေ။ ဟေရှာယမြင်ခဲ့သော သရပ်အမည်ရှိကောင်းကင်တမန်များ၌ အတောင်ခြောက်ခုစီရှိကြသည်။ (ဟေရှာယ ၆:၁၊ ၂) ယေဇကျေလ၏ရူပါရုံတွင် ခြားနားချက်များပင်ရှိသည်။ ပထမရူပါရုံ၌ ကောင်းကင်တမန်များမှာ ခြေထောက်ရှိသည်။ အတောင်အောက်၌လူလက်ရှိ၏။ မျက်နှာလေးခုစီ (လူမျက်နှာ၊ ခြင်္သေ့မျက်နှာ၊ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာကဲ့သို့) ရှိကြသည်။ အခြားရူပါရုံတစ်ခုတွင် မျက်နှာတစ်ခုမှာ နွားမဟုတ်တော့ဘဲ ခေရုဗိမ်မျက်နှာကဲ့သို့ဖြစ်ရာ ခေရုဗိမ်များ၏အင်အားတန်ခိုးကို တင်စားဖေါ်ပြခြင်းဖြစ်ကောင်းဖြစ်ပေမည်။ အထိမ်းအမှတ်ဖြစ်သောဗိမာန်တော်၏ အဆင်အယင်များနှင့်ဆိုင်သော နောက်ပိုင်းရူပါရုံတစ်ခု၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာ၊ မျက်နှာနှစ်ခုရှိ ခေရုဗိမ်များကို ယေဇကျေလတွေ့မြင်ခဲ့သည်။ (ယေဇကျေလ ၁:၅-၁၁။ ၁၀:၇-၁၇။ ၄၁:၁၈၊ ၁၉) တဲတော်၏ သန့်ရှင်းဆုံးဌာနနှင့်ယေရုရှလင်မြို့တွင် ရှောလမုန်ဆောက်သောဗိမာန်တော်၌ရှိသော ခေရုဗိမ်များတွင် အတောင်နှစ်ခုစီရှိကြသည်။ ၄င်းတို့သည် ပဋိညာဉ်သေတ္တာ၏ရွှေအဖုံးပေါ်တွင်ရှိကြသည်။ ရွှေကောင်းကင်တမန်နှစ်ရုပ်သည် အချင်းချင်းမျက်နှာပြုနေကြ၏။ နှစ်ရုပ်စလုံးတွင် သေတ္တာကိုဖုံးအုပ်ထားသည့် အတောင်နှစ်ခုစီရှိကြသည်။ (ထွက်မြောက်ရာ ၂၅:၁၀-၂၂၊ ၃၇:၆-၉) ရှောလမုန်ဗိမာန်ရှိ ပဋိညာဉ်သေတ္တာ (နှင့်၄င်း၏အဖုံး) ပေါ်တွင် ရွှေမွမ်းမံထားသည့် ခေရုဗိမ်ရုပ် အကြီးစားနှစ်ခုရပ်နေကြသည်။ နှစ်ရုပ်စလုံး၌ ဖြန့်ထားသည့်အတောင် နှစ်ခုစီရှိသည်။—၃ ဓမ္မရာဇဝင် ၈:၆-၈။ ၁ ရာဇဝင်ချုပ် ၂၈:၁၈။ ၂ ရာဇဝင်ချုပ် ၅:၇၊ ၈။

ဂျိုစီဖတ်စ်ဤသို့ရေးသားခဲ့သည်။ “ထိုခေရုဗိမ်များသည် မည်သည့်ပုံစံရှိသည်ကိုကား မည်သူမျှမပြောနိုင်၊ မတွေးတောနိုင်ပါ။” ယင်းကြောင့် ပညာတတ်နှင့်ပန်းချီဆရာအချို့ကား ကောင်းကင်တမန်များ (အထူးသဖြင့်ခေရုဗိမ်) ကိုပုံဖေါ်ရာတွင် အတောင်ပါသောသတ္တဝါများပုံစံဖြင့် အနီးရှိအရှေ့တိုင်း၏ ရှေးခေတ်ဘုရားများပုံစံအတိုင်း ဖေါ်ပြလေ့ရှိသည်။ သို့သော် ပို၍စိတ်ချရသောပုံစံမှာ ယေဇကျေလ၏မှတ်ချက်ပင်ဖြစ်သည်။ သူတွေ့မြင်ခဲ့သောကောင်းကင်တမန်တို့သည် “လူ၏ပုံသဏ္ဌာန်ကိုဆောင်” သည်။ (ယေဇကျေလ ၁:၅) ထိုကြောင့် ကောင်းကင်ဘဝဂ်မှ ကောင်းကင်တမန်များကို ကျွန်ုပ်တို့စာပေများတွင် ဖေါ်ပြတိုင်း လူပုံသဏ္ဌာန်ဖြင့် အများအားဖြင့်တင်ပြပေးပါသည်။ ကောင်းကင်တမန်အသီးသီး၌ အတောင်များပါသည်၊ ကောင်းကင်တမန်များ “ပျံသန်းသည်” ဟု ကျမ်းစာ၌အကြိမ်ကြိမ်ဖေါ်ပြထားခြင်းကြောင့် သူတို့အားအတောင်များနှင့်ဖေါ်ပြရခြင်းဖြစ်သည်။—ဗျာဒိတ် ၁၄:၆။ ဆာလံ ၁၈:၁၀။

Revelation—Its Grand Climax At Hand! စာအုပ်၏စာမျက်နှာ ၂၈၈ တွင်အတောင်ပါသော၊ ခေါင်းပေါ်သရဖူဆောင်း၍ လက်ထဲသော့ကိုင်ထားသော ကောင်းကင်သတ္တဝါတစ်ပါးကိုဖေါ်ပြထားသည်။ ယင်းက ဗျာဒိတ် ၂၀:၁ ၏အကွက်ကျဖေါ်ပြချက်ပင်ဖြစ်သည်။ “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။” သော့ကိုင်ထားသောဤကောင်းကင်တမန်သည် ဘုန်းထင်ရှားသောယေရှုခရစ်ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ရသည်။ ရူပါရုံတွင်တွေ့မြင်ရသော ကောင်းကင်တမန်များ၌ အများအားဖြင့်အတောင်ပါသည့်အတွက် ထိုရုပ်ပုံတွင် ကိုယ်တော်၌အတောင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ