ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဇွန် စာ. ၂၇-၃၁
  • ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါမှာ အုပ်ချုပ်ပိုင်ခွင့်ရှိ
  • ယေဟောဝါရဲ့ အုပ်ချုပ်မှုသာ အကောင်းဆုံး
  • ဘုရားသခင့် အချုပ်အခြာအာဏာကို သစ္စာရှိရှိ ထောက်ခံပါ
  • ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ဘုရားသခင့်နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင် ထောက်ခံနေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဇွန် စာ. ၂၇-၃၁
ယေဟောဝါရဲ့ ပလ္လင်

ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံပါ

“ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။” —ဗျာ. ၄:၁၁။

သီချင်း– ၁၁၂၊ ၁၃၃

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါဟာ ဘာကြောင့် စကြဝဠာ အချုပ်အခြာအာဏာရှင် ဖြစ်ထိုက်သလဲ။

  • ယေဟောဝါရဲ့ အုပ်ချုပ်မှုက ဘာကြောင့် အကောင်းဆုံး ဖြစ်သလဲ။

  • ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို အခု ဘယ်လို ထောက်ခံနိုင်သလဲ။

၁၊ ၂။ တစ်ဦးစီ ဘာကို ယုံကြည်စိတ်ချရမလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက အချုပ်အခြာအာဏာကို မတရားနည်းနဲ့ ကျင့်သုံးတယ်၊ လူသားတွေ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ရင် ပိုကောင်းမယ်လို့ စာတန် စွပ်စွဲထားတယ်။ စာတန် မှန်ပါသလား။ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ဖို့ ရွေးချယ်တဲ့လူသားတွေ ထာဝစဉ် အသက်ရှင်နိုင်တယ် ဆိုပါစို့။ ဘုရားသခင့် အုပ်ချုပ်မှု မပါဘဲ သူတို့ ကောင်းစားပါ့မလား။ အကြွင်းမဲ့ လွတ်လပ်မှုနဲ့ ထာဝရအသက် ပိုင်ဆိုင်ထားမယ်ဆိုရင် သင် ပိုပျော်ရွှင်မလား။

၂ အဲဒီမေးခွန်းတွေကို ဘယ်သူမှ သင့်အတွက် မဖြေပေးနိုင်ဘူး။ တစ်ဦးစီ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ စဉ်းစားမယ်ဆိုရင် ဘုရားသခင့် အချုပ်အခြာအာဏာ ဖြောင့်မှန်ကြောင်း ထင်ရှားလာပါလိမ့်မယ်။ အဲဒါက အကောင်းဆုံး အုပ်ချုပ်မှုပါပဲ။ စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံထိုက်တယ်။ ယုံကြည်ထိုက်တဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ဖြောင့်မှန်မှုအကြောင်း ကျမ်းစာအဆိုကို သုံးသပ်ကြည့်ပါ။

ယေဟောဝါမှာ အုပ်ချုပ်ပိုင်ခွင့်ရှိ

၃။ ယေဟောဝါ တစ်ပါးတည်းသာ ဘာကြောင့် အချုပ်အခြာအာဏာရှင် ဖြစ်ထိုက်သလဲ။

၃ ယေဟောဝါဟာ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်မို့ စကြဝဠာ အချုပ်အခြာအာဏာရှင် ဖြစ်ထိုက်ပါတယ်။ (၁ ရာ. ၂၉:၁၁။ တ. ၄:၂၄) ဗျာဒိတ် ၄:၁၁ က စိတ်အာရုံတစ်ခုမှာ ခရစ်တော်နဲ့အတူ ကောင်းကင်မှာ တွဲဖက်အုပ်စိုးမယ့် ၁၄၄,၀၀၀ တို့ ဒီလိုကြွေးကြော်ကြတယ်– “ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။” အရာခပ်သိမ်းကို ယေဟောဝါ ဖန်ဆင်းထားတဲ့အတွက် လူသားတွေနဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေကို အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။

၄။ ဘုရားသခင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ခြင်းက ဘာကြောင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုခြင်း ဖြစ်သလဲ။

၄ စာတန်ကတော့ ဘာကိုမှ မဖန်ဆင်းခဲ့ဘူး။ ဒါကြောင့် စကြဝဠာကို အုပ်ချုပ်ဖို့ တောင်းဆိုပိုင်ခွင့် မရှိဘူး။ စာတန်နဲ့ ပထမလူသားမောင်နှံဟာ စိတ်ကြီးဝင်ပြီး ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ပုန်ကန်ခဲ့ကြတယ်။ (ယေ. ၁၀:၂၃) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသူတွေမို့ ဘုရားသခင်ကို မမှီခိုဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ပိုင်ခွင့် ပေးထားသလား။ မပေးထားပါဘူး။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က လူတွေကို နေ့စဉ် လျော်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေတယ်။ ဒါပေမဲ့ ဖန်ဆင်းရှင်နဲ့ အသက်ပေးရှင်ကို ပုန်ကန်ခွင့်တော့ မပေးထားဘူး။ ဒါကြောင့် ယေဟောဝါကို ပုန်ကန်ခြင်းဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုခြင်း ဖြစ်တယ်။ လူသားတွေရဲ့ နေရာကတော့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေဖို့ပါပဲ။

၅။ ဘုရားသခင့် ဆုံးဖြတ်ချက်တွေ မျှတတယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။

၅ ယေဟောဝါ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်ထိုက်တဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။ အခွင့်အာဏာကို အမျှတဆုံးနည်းနဲ့ ကျင့်သုံးခြင်းပါပဲ။ “ငါဟာ ကမ္ဘာမြေပေါ်မှာ ခိုင်မြဲတဲ့မေတ္တာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကိုပြတဲ့အရှင် ဖြစ်တယ်။ . . . အဲဒါတွေကို ငါနှစ်သက်တယ်” လို့ ဘုရားသခင် ပြောတယ်။ (ယေ. ၉:၂၄) တရားမျှတစွာ ဆုံးဖြတ်ဖို့ မစုံလင်တဲ့လူသားတွေ ထုတ်ပြန်ထားတဲ့ တရားဥပဒေတွေကို ဘုရားသခင် မလိုအပ်ဘူး။ ဘုရားရှင်ထံတော်ကလာတဲ့ အပြည့်ဝဆုံး တရားမျှတမှုကို အခြေခံပြီး လူသားတွေအတွက် ပညတ်တွေ ပြဋ္ဌာန်းပေးတယ်။ “ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းဟာ ပလ္လင်တော်ရဲ့ အုတ်မြစ်ပဲ။” ဒါကြောင့် ဘုရားသခင့် ပညတ်၊ မူ၊ ဆုံးဖြတ်ချက်အားလုံး ဖြောင့်မတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဆာ. ၈၉:၁၄။ ၁၁၉:၁၂၈) ယေဟောဝါရဲ့ အချုပ်အခြာအာဏာမှာ လိုအပ်ချက်ရှိနေတယ်လို့ စွပ်စွဲပေမဲ့ စာတန်ကိုယ်တိုင် အမြဲတရားမျှတတဲ့ ကမ္ဘာကို မဖြစ်စေနိုင်ဘူး။

၆။ လောကကို ယေဟောဝါ အုပ်ချုပ်ပိုင်ခွင့်ရှိရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

၆ ဒါ့အပြင် ယေဟောဝါမှာ စကြဝဠာကို စောင့်ရှောက်ဖို့ လိုအပ်တဲ့ အသိပညာ၊ ဉာဏ်ပညာရှိလို့ အချုပ်အခြာအာဏာရှင် ဖြစ်ထိုက်တယ်။ ဥပမာ၊ ဆရာဝန်တွေ မကုသပေးနိုင်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်စွမ်း သားတော်ကို ဘုရားသခင် ပေးထားတယ်။ (မ. ၄:၂၃၊ ၂၄။ မာ. ၅:၂၅-၂၉) ယေဟောဝါရဲ့ ရှုထောင့်ကနေကြည့်ရင် အဲဒါ အံ့ဖွယ်အမှု မဟုတ်ဘူး။ ရောဂါဖြစ်စဉ်တွေကို နားလည်ပြီး ထိခိုက်ပျက်စီးမှု မှန်သမျှကို ပြန်ပြုပြင်နိုင်စွမ်း ဘုရားမှာ ရှိတယ်။ လူသေတွေကို ထမြောက်စေနိုင်စွမ်း၊ သဘာဝဘေးတွေကို တားဆီးနိုင်စွမ်းလည်း ရှိတယ်။

၇။ ယေဟောဝါရဲ့ ဉာဏ်ပညာဟာ စာတန့်အုပ်ချုပ်မှုအောက်မှာရှိတဲ့ လောကရဲ့ ဉာဏ်ပညာထက် ဘယ်လို သာလွန်သလဲ။

၇ စာတန့် ဩဇာအောက်မှာရှိတဲ့ လောက,က နိုင်ငံတွင်းနဲ့ နိုင်ငံတကာအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေနေဆဲပဲ။ ယေဟောဝါတစ်ပါးတည်းမှာသာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိစေတဲ့ ဉာဏ်ပညာ ရှိတယ်။ (ဟေရှာ. ၂:၃၊ ၄။ ၅၄:၁၃) ယေဟောဝါရဲ့ အသိပညာ၊ ဉာဏ်ပညာကို သိလာတဲ့အခါ “ဘုရားသခင်ရဲ့ ကောင်းချီး၊ ဉာဏ်ပညာ၊ အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။ တရားစီရင်ချက်တွေကို စိစစ်လို့ မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး” လို့ရေးသားခဲ့တဲ့ တမန်တော် ပေါလုလိုပဲ ခံစားကြရတယ်။—ရော. ၁၁:၃၃။

ယေဟောဝါရဲ့ အုပ်ချုပ်မှုသာ အကောင်းဆုံး

၈။ ယေဟောဝါရဲ့ ဘယ်အုပ်ချုပ်ပုံက သင့်စိတ်နှလုံးကို ထိမိသလဲ။

၈ ကျမ်းစာမှာ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ထက်မက ဖော်ပြထားတယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာက တခြားအချုပ်အခြာအာဏာတွေထက် သာလွန်ရတဲ့အကြောင်းရင်းကို ဖော်ပြထားတယ်။ အကြောင်းရင်းတစ်ခုကတော့ မေတ္တာနဲ့ အုပ်ချုပ်ခြင်းပါပဲ။ ဘုရားရဲ့ အချုပ်အခြာအာဏာ ကျင့်သုံးပုံက ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိမိစေတယ်။ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား” ဖြစ်တယ်။ (ထွ. ၃၄:၆) လူသားကျေးကျွန်တွေကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တာထက် ပိုဂရုစိုက်ပေးနိုင်တယ်။ မာရ်နတ် စွပ်စွဲသလို မဟုတ်ဘဲ သစ္စာရှိကိုးကွယ်သူတွေအတွက် ကောင်းတာတစ်ခုမှ မထိမ်ချန်ထားဘူး။ ထာဝရအသက် အလားအလာ ရရှိနိုင်ဖို့ အဖိုးတန်သားတော်ကိုတောင် ပေးခဲ့သေးတာပဲ။—ဆာလံ ၈၄:၁၁ နဲ့ ရောမ ၈:၃၂ တို့ကိုဖတ်ပါ။

၉။ တစ်ဦးချင်းစီကို ဘုရားသခင် ဂရုစိုက်ကြောင်း ဘယ်လို သိရသလဲ။

၉ ယေဟောဝါက မိမိလူမျိုးကို အုပ်စုလိုက်အနေနဲ့ပဲ ဂရုစိုက်တာ မဟုတ်ဘူး။ တစ်ယောက်ချင်းစီကိုလည်း အထူးစိတ်ဝင်စားတယ်။ ဥပမာ၊ အစ္စရေးလူမျိုးကို ဖိနှိပ်သူတွေလက်ကနေ ကယ်တင်ဖို့ တရားသူကြီးတွေကို ပေါ်ထွန်းစေတဲ့ အနှစ်သုံးရာကာလအကြောင်း သုံးသပ်ကြည့်ပါ။ အဲဒီခက်ခဲတဲ့ကာလအတွင်း အစ္စရေးလူမျိုး မဟုတ်တဲ့ ရုသကို သတိမပြုဘဲ မနေခဲ့ဘူး။ ရုသဟာ အတော်လေး အနစ်နာခံပြီး စစ်မှန်တဲ့ဝတ်ပြုရေးဘက် ပြောင်းဝင်လာခဲ့တယ်။ ယေဟောဝါက ရုသကို ခင်ပွန်း၊ သားယောက်ျားနဲ့ ကောင်းချီးပေးခဲ့တယ်။ ဒါတင် မကသေးဘူး။ ရုသ ရှင်ပြန်ထမြောက်လာတဲ့အခါ သူ့သားရဲ့ မျိုးရိုးကနေ မေရှိယ ဆင်းသက်လာတာကို သိရပါလိမ့်မယ်။ သူ့နာမည်နဲ့ ရေးသားထားတဲ့ ကျမ်းစောင်မှာ သူ့ဘဝဇာတ်ကြောင်းကို တွေ့ရတဲ့အခါ ဘယ်လောက် ထိမိသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။—ရု. ၄:၁၃။ မ. ၁:၅၊ ၁၆။

၁၀။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာက ဘာကြောင့် မတင်းကျပ်လွန်းသလဲ။

၁၀ ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းက မချုပ်ချယ်ဘူး၊ မတင်းကျပ်ဘူး။ လွတ်လပ်မှုနဲ့ ရွှင်လန်းမှု ခံစားရစေတယ်။ (၂ ကော. ၃:၁၇) “ရှေ့တော်မှာ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှု ရှိနေတယ်။ စံမြန်းရာအရပ်မှာ အစွမ်းတန်ခိုးနဲ့ ဝမ်းမြောက်ခြင်း ရှိနေတယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (၁ ရာ. ၁၆:၇၊ ၂၇) “ကိုယ်တော့်ကို ရွှင်လန်းစွာ ချီးမွမ်းသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ အို ယေဟောဝါ၊ မျက်နှာတော် အလင်းအောက်မှာ သူတို့လျှောက်လှမ်းကြတယ်။ သူတို့က နာမတော်ကြောင့် တစ်နေ့လုံး ဝမ်းမြောက်နေကြတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် ချီးမြှောက်ခံရတယ်” လို့လည်း ဆာလံဆရာ ဧသန် ရေးသားခဲ့တယ်။—ဆာ. ၈၉:၁၅၊ ၁၆။

၁၁။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာသာ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်စိတ်ချမှု ဘယ်လို တိုးများစေနိုင်သလဲ။

၁၁ ယေဟောဝါရဲ့ ကောင်းမြတ်မှုအကြောင်း မကြာခဏ တွေးတောခြင်းက ကိုယ်တော့်အုပ်ချုပ်မှုသာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများစေနိုင်တယ်။ “တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်တာဟာ တခြားနေရာမှာ နေရတဲ့ ရက်ပေါင်းတစ်ထောင်ထက် သာလွန်ပါတယ်” လို့ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားကြရတယ်။ (ဆာ. ၈၄:၁၀) အဲဒီလို မခံစားဘဲ ဘယ်နေပါ့မလဲ။ မေတ္တာရှိတဲ့ ပုံစံပြုရှင်၊ ဖန်ဆင်းရှင် ယေဟောဝါဟာ ကျွန်တော်တို့ အမှန်တကယ် ပျော်ရွှင်ဖို့ ဘာလိုအပ်မှန်း သိပြီး အလျှံပယ် ဖြည့်ဆည်းပေးတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေမှာ ကိုယ်ကျိုးစွန့်စရာတွေ ရှိရင်တောင် တောင်းဆိုသမျှဟာ ကျွန်တော်တို့ရဲ့ အကျိုးအတွက်ဖြစ်ပြီး အပျော်ရွှင်ဆုံး ဖြစ်စေတယ်။—ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။

၁၂။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။

၁၂ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုပြီးနောက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို လူတချို့ ပုန်ကန်ကြမယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာ. ၂၀:၇၊ ၈) အဲဒီထဲမှာ ဘာတွေ ပါဝင်မလဲ။ အချုပ်အနှောင်ကနေ လွတ်လာပြီး လူတွေကို လှည့်စားဖို့ ကြိုးစားဦးမယ့် မာရ်နတ်ဟာ အရင်အတိုင်း တစ်ကိုယ်ကောင်းဆန်ဦးမှာ သေချာပါတယ်။ ယေဟောဝါကို မနာခံဘဲ ထာဝစဉ် အသက်ရှင်နိုင်တဲ့ နည်းရှိတယ်လို့ လူတွေ ယုံကြည်လာအောင် ကြိုးစားဦးမှာပဲ။ အဲဒီလိုနည်းမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအလိမ်အညာစကားကို ကျွန်တော်တို့ ယုံမလား။ ယေဟောဝါကို ချစ်ပြီး ဝတ်ပြုတာဟာ ကိုယ်တော့်ကောင်းမြတ်မှု၊ စကြဝဠာ အချုပ်အခြာအာဏာ ပိုင်ထိုက်မှုကြောင့် ဖြစ်မယ်ဆိုရင် အဲဒီယုတ်ညံ့တဲ့စကားကို စက်ဆုပ်ပါလိမ့်မယ်။ ဖြောင့်မှန်ပြီး မေတ္တာရှိတဲ့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ မပါဘဲ ကျွန်တော်တို့ အသက်မရှင်ချင်ကြပါဘူး။

ဘုရားသခင့် အချုပ်အခြာအာဏာကို သစ္စာရှိရှိ ထောက်ခံပါ

၁၃။ ဘုရားသခင်ကို တုပခြင်းက ကိုယ်တော့်ကို ဘယ်လို ထောက်ခံရာ ရောက်သလဲ။

၁၃ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံထိုက်ပါတယ်။ ကျွန်တော်တို့ သိခဲ့ရတဲ့အတိုင်း ကိုယ်တော့်မှာ အုပ်ချုပ်ပိုင်ခွင့်ရှိပြီး အုပ်ချုပ်ပုံနည်းလမ်းလည်း အကောင်းဆုံး ဖြစ်တယ်။ သမာဓိ စောင့်ထိန်းခြင်း၊ သစ္စာရှိရှိ အမှုတော်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံနိုင်တယ်။ တခြားဘယ်နည်းတွေနဲ့ ထောက်ခံနိုင်သေးသလဲ။ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းအားဖြင့်ပါပဲ။ ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ကိုင်တွယ်မယ်ဆိုရင် ဘုရားသခင့် အုပ်ချုပ်ပုံနည်းလမ်းကို မြတ်နိုးထောက်ခံကြောင်း တင်ပြရာရောက်တယ်။—ဧဖက် ၅:၁၊ ၂ ကိုဖတ်ပါ။

၁၄။ ယေဟောဝါကို အကြီးအကဲတွေ၊ အိမ်ထောင်ဦးစီးတွေ ဘယ်လို တုပနိုင်သလဲ။

၁၄ အခွင့်အာဏာကို ယေဟောဝါ မေတ္တာရှိရှိ ကျင့်သုံးကြောင်း ကျမ်းစာကနေ သိရှိရတယ်။ ဘုရားသခင့် အချုပ်အခြာအာဏာကို မြတ်နိုးတဲ့ အိမ်ထောင်ဦးစီးတွေ၊ အကြီးအကဲတွေက ကိုယ်ပိုင်အချုပ်အခြာအာဏာ ကျင့်သုံးတဲ့အလား တရားလွန်တောင်းဆိုကြမှာ မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါကို တုပကြပါလိမ့်မယ်။ ဘုရားသခင်နဲ့ သားတော်ကို ပေါလု တုပခဲ့တယ်။ (၁ ကော. ၁၁:၁) ပေါလုက ကိုယ်လုပ်စေချင်သလို လုပ်ဖို့ တခြားသူတွေကို ဖိအားမပေးခဲ့ဘူး။ အဲဒီအစား မေတ္တာရပ်ခံခဲ့တယ်။ (ရော. ၁၂:၁။ ဧ. ၄:၁။ ဖိလေ. ၈-၁၀) အဲဒါက ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ကိုင်တွယ်တဲ့နည်းပဲ။ ဘုရားရဲ့ အုပ်ချုပ်ပုံ နည်းလမ်းကို မြတ်နိုးထောက်ခံသူအားလုံး အဲဒီအတိုင်း လုပ်သင့်တယ်။

၁၅။ ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ထောက်ခံကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၅ ဘုရားသခင် အခွင့်အာဏာ ပေးထားတဲ့ ဦးစီးမှုကို ဘယ်လို တုံ့ပြန်သင့်သလဲ။ လေးစားစွာ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း တင်ပြနိုင်တယ်။ ဆုံးဖြတ်ချက်တစ်ခုကို အပြည့်အဝ နားမလည်ရင်တောင်၊ သဘောမတူရင်တောင် ဘုရားသခင့် အစီအစဉ်ကို ဆက်ထောက်ခံကြပါလိမ့်မယ်။ လောကနဲ့ အတော်လေး ကွာခြားပေမဲ့ ယေဟောဝါရဲ့ အုပ်ချုပ်မှုအောက်မှာတော့ အဲဒီလိုပဲ အသက်ရှင်နေထိုင်သင့်တယ်။ (ဧ. ၅:၂၂၊ ၂၃။ ၆:၁-၃။ ဟီ. ၁၃:၁၇) ဒီနည်းအားဖြင့် အကျိုးရရှိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အကျိုးကို ဘုရားသခင် လိုလားတယ်။

၁၆။ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံသူတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ဘယ်လို ချကြသလဲ။

၁၆ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအားဖြင့်လည်း ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံကြောင်း တင်ပြနိုင်တယ်။ အခြေအနေတိုင်းအတွက် ပညတ်အတိအကျ ပေးမထားဘူး။ ဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံကို သိလာအောင် လမ်းပြပေးတယ်။ ဥပမာ၊ ခရစ်ယာန်တွေအတွက် အဝတ်အစားစာရင်း အသေးစိတ် မဖော်ပြထားဘူး။ အဲဒီအစား ဣန္ဒြေရှိတဲ့၊ ခရစ်ယာန် အမှုဆောင်တွေနဲ့ သင့်တော်တဲ့ ဝတ်စားဖြီးလိမ်းပုံကို ရွေးချယ်စေချင်ကြောင်း ဖော်ပြတယ်။ (၁ တိ. ၂:၉၊ ၁၀) ကိုယ့်ဆုံးဖြတ်ချက်တွေကြောင့် တခြားသူတွေ တိုက်မိလဲတာ၊ ထိခိုက်တာမျိုးလည်း မဖြစ်စေချင်ဘူး။ (၁ ကော. ၁၀:၃၁-၃၃) ကိုယ့်အကြိုက်ကို အဓိကမထားဘဲ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ဆန္ဒကို အဓိကထား ဆုံးဖြတ်ခြင်းအားဖြင့် ဘုရားရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို မြတ်နိုးထောက်ခံကြောင်း တင်ပြကြတယ်။

ညီအစ်မငယ်တစ်ယောက် အဝတ်အစား ရွေးနေစဉ်။ အိမ်ထောင်ရှင်စုံတွဲ စကားပြောနေကြစဉ်

ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ၊ မိသားစုကိစ္စတွေမှာ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံပါ (အပိုဒ် ၁၆-၁၈ ကိုကြည့်ပါ)

၁၇၊ ၁၈။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း အိမ်ထောင်သည်တွေ တင်ပြနိုင်တဲ့ နည်းတချို့က ဘာတွေလဲ။

၁၇ ယေဟောဝါရဲ့ နည်းလမ်းနဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ခရစ်ယာန် အိမ်ထောင်သည်တွေ တင်ပြနိုင်တဲ့ကဏ္ဍတစ်ခုကို သုံးသပ်ကြည့်ပါ။ အိမ်ထောင်သည်ဘဝက မျှော်လင့်ထားတာထက် ပိုခက်နေရင် ဘယ်လို လုပ်မလဲ။ စိတ်ပျက်စရာတောင် ကောင်းနေတယ်ဆိုပါစို့။ အစ္စရေးလူမျိုးနဲ့ ယေဟောဝါ ဆက်ဆံပုံကို အချိန်ယူစဉ်းစားကြည့်လိုက်ပါ။ ဘုရားသခင်က ကိုယ့်ကိုယ်ကိုယ် အစ္စရေးလူမျိုးရဲ့ ခင်ပွန်းအဖြစ် ခေါ်ဆိုခဲ့တယ်။ (ဟေရှာ. ၅၄:၅။ ၆၂:၄) တကယ့် ခက်ခဲတဲ့ “အိမ်ထောင်ရေး” ပါပဲ။ ဒါပေမဲ့ ယေဟောဝါ လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ဘူး။ အကြိမ်ကြိမ် ကရုဏာပြပြီး သူတို့နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သစ္စာစောင့်သိခဲ့တယ်။ (ဆာလံ ၁၀၆:၄၃-၄၅ ကိုဖတ်ပါ။) အဲဒီလို ခိုင်မြဲတဲ့မေတ္တာကြောင့် ယေဟောဝါဆီ ဆွဲဆောင်ခံရတယ် မဟုတ်လား။

၁၈ ယေဟောဝါရဲ့ နည်းလမ်းတွေကို ချစ်မြတ်နိုးတဲ့ အိမ်ထောင်သည်တွေက ကိုယ်တော့်ကို တုပကြတယ်။ အိမ်ထောင်ရေးပြဿနာကို ကျမ်းစာနဲ့ မညီတဲ့နည်းနဲ့ မဖြေရှင်းကြဘူး။ သူတို့ကို ယေဟောဝါ တွဲဖက်ထားမှန်း၊ “မခွဲအတူ” ရှိစေချင်မှန်း နားလည်ကြတယ်။ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းက လိင်အကျင့်ယိုယွင်းခြင်း ဖြစ်တယ်။ (မ. ၁၉:၅၊ ၆၊ ၉) အခြေအနေကို အကောင်းဆုံးဖြစ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ထောက်ခံကြတယ်။

၁၉။ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့ ပျက်ကွက်တဲ့အခါ ဘာလုပ်သင့်သလဲ။

၁၉ မစုံလင်တဲ့အတွက် ယေဟောဝါကို စိတ်ပျက်မိစေနိုင်တဲ့အခါတွေ ရှိပါလိမ့်မယ်။ ဒါကို ယေဟောဝါ သိပြီး ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကို မေတ္တာပါစွာ စီစဉ်ပေးထားတယ်။ ဒါကြောင့် တစ်နေရာရာမှာ မပြည့်မီတဲ့အခါ ခွင့်လွှတ်မှုရဖို့ ယေဟောဝါဆီ တောင်းခံသင့်တယ်။ (၁ ယော. ၂:၁၊ ၂) ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဝေဖန်နေမယ့်အစား အမှားကနေ သင်ခန်းစာယူသင့်တယ်။ ယေဟောဝါနဲ့ နီးနီးကပ်ကပ်ရှိနေရင် ကျွန်တော်တို့ကို ခွင့်လွှတ်ပြီး အလားတူ အခြေအနေတွေကို အနာဂတ်မှာ အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။—ဆာ. ၁၀၃:၃။

၂၀။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း အခုအချိန်မှာ ဘာကြောင့် တင်ပြရမလဲ။

၂၀ ကမ္ဘာသစ်မှာ အားလုံး ယေဟောဝါရဲ့ အချုပ်အခြာအာဏာအောက် ရှိနေမှာဖြစ်ပြီး ဖြောင့်မတ်တဲ့ နည်းလမ်းတွေကို သိရှိကြပါလိမ့်မယ်။ (ဟေရှာ. ၁၁:၉) လောလောဆယ်မှာတောင် အဲဒီပညာရေးကို အတော်အတန် ရရှိနေပါတယ်။ အချုပ်အခြာအာဏာ အရေးကိစ္စကို ဖြေရှင်းနေဆဲဖြစ်တယ်။ ဒါကြောင့် သမာဓိ စောင့်ထိန်းခြင်း၊ အမှုဆောင်လုပ်ငန်း၊ လုပ်ဆောင်သမျှမှာ ဘုရားသခင်ကို တုပဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံရမယ့်အချိန်ဟာ အခုအချိန်ပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ