ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မီးအိုင်ဆိုတာ ဘာလဲ။ ငရဲ ဒါမှမဟုတ် ဂေဟင်နာနဲ့ အတူတူပဲလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
      • မာရ်နတ်။ (ဗျာဒိတ် ၂၀:၁၀) မာရ်နတ်ဟာ မမြင်နိုင်တဲ့နာမ်ဝိညာဉ် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် မီးမလောင်နိုင်ပါဘူး။—ထွက်မြောက်ရာ ၃:၂; တရားသူကြီး ၁၃:၂၀။

  • မီးအိုင်ဆိုတာ ဘာလဲ။ ငရဲ ဒါမှမဟုတ် ဂေဟင်နာနဲ့ အတူတူပဲလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
    • “အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်း” ခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ

      မီးအိုင်ဆိုတာ ပျက်စီးခြင်းကို ရည်ညွှန်းတယ်ဆိုရင် အဲဒီထဲမှာ မာရ်နတ်၊ သားရဲနဲ့ ပရောဖက်အတုအယောင်က “အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲ” ခံရမယ်လို့ ကျမ်းစာမှာ ဘာလို့ပြောထားတာလဲ။ (ဗျာဒိတ် ၂၀:၁၀) ဒီညှဉ်းဆဲခြင်းက အမှန်တကယ် ညှဉ်းဆဲတာကို ပြောနေတာ မဟုတ်ပါဘူး။ အကြောင်းရင်း ၄ ချက်ကို သုံးသပ်ကြည့်ပါ–

      1. ၁။ မာရ်နတ်ကို အစဉ်ထာဝရညှဉ်းဆဲဖို့ဆိုရင် သူက အမြဲတမ်း အသက်ရှင်နေရမှာဖြစ်တယ်။ ဒါပေမဲ့ မာရ်နတ်ကိုဖျက်ဆီးမယ်လို့ ကျမ်းစာမှာ ပြောထားတဲ့အတွက် သူ အမြဲတည်ရှိမှာ မဟုတ်ဘူး။—ဟေဗြဲ ၂:၁၄။

      2. ၂။ ထာဝရအသက်ဆိုတာ ဘုရားဆီကလာတဲ့ လက်ဆောင် ဖြစ်ပါတယ်။ အပြစ်ဒဏ် မဟုတ်ပါဘူး။—ရောမ ၆:၂၃။

      3. ၃။ သားရဲနဲ့ ပရောဖက်အတုအယောင်ဟာ တင်စားချက်တွေဖြစ်တဲ့အတွက် သူတို့ကို အမှန်တကယ် ညှဉ်းဆဲလို့ မရနိုင်ပါဘူး။

      4. ၄။ ကျမ်းစာရဲ့ ရှေ့နောက်စကားအရ မာရ်နတ်ကို ညှဉ်းဆဲတယ်ဆိုတာ ထာဝစဉ်ချုပ်နှောင်တာ ဒါမှမဟုတ် ဖျက်ဆီးလိုက်တာ ဖြစ်တယ်။

      ကျမ်းစာမှာ “ညှဉ်းဆဲ” ဆိုတဲ့စကားလုံးက “ချုပ်နှောင်ခံရတဲ့ အခြေအနေ” ကိုလည်း ဆိုလိုနိုင်တယ်။ ဥပမာ၊ ဂရိစကားမှာ “ညှဉ်းဆဲသူတွေလက်ထဲ အပ်လိုက်တယ်” လို့ ပြောထားတဲ့ မဿဲ ၁၈:၃၄ ကို တချို့ဘာသာပြန်ကျမ်းတွေမှာ “အကျဉ်းချထားတယ်” လို့ ဖော်ပြထားတာကိုကြည့်ရင် “ညှဉ်းဆဲတယ်” ဆိုတဲ့ စကားလုံးနဲ့ “ချုပ်နှောင်ထားတယ်” ဆိုတဲ့စကားလုံးရဲ့ ဆက်စပ်မှုကို သိနိုင်တယ်။ အလားတူ မဿဲ ၈:၂၉ နဲ့ လုကာ ၈:၃၀၊ ၃၁ ကို နှိုင်းယှဉ်ဖတ်ကြည့်ရင် “ညှဉ်းဆဲ” ဆိုတဲ့စကားလုံးက “တွင်းနက်ကြီး” နဲ့ အဓိပ္ပာယ်တူတာကို တွေ့ရတယ်။ တွင်းနက်ကြီးဆိုတာ ဘာမှ မလုပ်နိုင်တော့တဲ့နေရာ ဒါမှမဟုတ် သေခြင်းကို တင်စားတယ်။ (ရောမ ၁၀:၇; ဗျာဒိတ် ၂၀:၁၊ ၃) ဗျာဒိတ်ကျမ်းမှာ “ညှဉ်းဆဲ” ဆိုတဲ့ စကားလုံးကို တင်စားချက်အနေနဲ့ အကြိမ်တော်တော်များများ အသုံးပြုထားပါတယ်။—ဗျာဒိတ် ၉:၅; ၁၁:၁၀; ၁၈:၇၊ ၁၀။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ