ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့် တရားစီရင်ရာနေ့  ​—၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

အနှစ်တစ်ထောင်အကုန် နောက်ဆုံးစမ်းသပ်မှုပြီးနောက်တွင် လူတို့သည် အပြစ်ပြုပြီး သေကြဦးမည်လော။

ယင်းအတွက် အထောက်အကူပြုမည့် ကျမ်းချက်နှစ်ချက်ကို သမ္မာကျမ်းစာတွင် တွေ့ရသည်– “ထိုအခါ မရဏာနှင့်မရဏာနိုင်ငံ [သေခြင်းနှင့်သင်္ချိုင်း] ကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။” (ဗျာ. ၂၀:၁၄) “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာ. ၂၁:၄။

ထိုကျမ်းချက်များတွင် ပါဝင်ပတ်သက်သည့်အချိန်ကို သတိပြုပါ။ အာမဂေဒုန်ကိုကပ်ကျော်သူများ၊ သေခြင်းမှရှင်ပြန်ထမြောက်သူများနှင့် အာမဂေဒုန်ပြီးနောက် မွေးဖွားလာသူမှန်သမျှသည် “စာစောင်တို့၌ရေးထားချက်များ” သို့မဟုတ် အနှစ်တစ်ထောင်အတွင်း လူသားတို့ထံမှ ယေဟောဝါ၏တောင်းဆိုချက်များနှင့်အညီ တရားစီရင်ခံရပြီးနောက်မှ “မရဏာနှင့်မရဏာနိုင်ငံ” တစ်နည်းအားဖြင့် သေခြင်းနှင့်သင်္ချိုင်းကို မီးအိုင်ထဲ ချပစ်မည်ဖြစ်သည်။ (ဗျာ. ၂၀:၁၂၊ ၁၃) တမန်တော်ယောဟန်သည် ဗျာ. အခန်းကြီး ဗျာဒိတ် ၂၁ တွင် ခရစ်တော်ယေရှု၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ပြည့်စုံလာမည့် စိတ်အာရုံတစ်ခုကို မှတ်တမ်းတင်ခဲ့သည်။ ယင်းစိတ်အာရုံ၏ အပြီးသတ်ပြည့်စုံမှုကား အနှစ်တစ်ထောင်တရားစီရင်ရာနေ့ ကုန်ဆုံးချိန်တွင် ဖြစ်ပေမည်။ ထိုအချိန်တွင် ယေရှုသည် နိုင်ငံတော်ကို ခမည်းတော်ထံပြန်လည်ပေးအပ်ပြီးနောက် ယေဟောဝါသည် ကြားဝင်ဖျန်ဖြေစေ့စပ်သူတစ်ဦးမျှမလိုဘဲ အပြည့်ဝဆုံးသဘောဖြင့် လူသားတို့နှင့်အတူနေတော်မူမည်။ ယေဟောဝါသည် ဝိညာဉ်ရေးသဘောအရ မိမိလူမျိုးကို တိုက်ရိုက်ဆက်သွယ်၍ သူတို့နှင့်အတူ ထာဝစဉ်နေတော်မူမည်။ ခရစ်တော်ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးကို အပြည့်အဝခံစားရခြင်းကြောင့် လူတို့စုံလင်လာသည့်အခါ နောက်တစ်ဖန် သေဘေး လုံးဝရှိတော့မည်မဟုတ်ချေ။—ဗျာ. ၂၁:၃၊ ၄။

ထို့ကြောင့် အထက်ပါကျမ်းချက်များတွင်ကိုးကားထားသော သေခြင်းသည် အာဒံထံမှအမွေရသောသေခြင်းဖြစ်ပြီး ယင်းကို ယေရှု၏ရွေးနုတ်ဖိုးက ဖယ်ရှားမည်ဖြစ်သည်။ (ရောမ ၅:၁၂-၂၁) အာဒံထံမှအမွေရသောသေခြင်း ဖယ်ရှားခံရပြီဖြစ်ရာ လူသားများသည် အာဒံဖန်ဆင်းခံရစဉ်ကကဲ့သို့ ဖြစ်လာလိမ့်မည်။ အာဒံသည် စုံလင်သူဖြစ်သောကြောင့် လုံးဝမသေနိုင်ဟူ၍ကား မဆိုလိုပါ။ ‘ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်’ ဟုအာဒံကို ယေဟောဝါမိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယင်းသည် တမင်အပြစ်ပြုခြင်းကြောင့် သေရခြင်းဖြစ်၏။ အနှစ်တစ်ထောင်အကုန် နောက်ဆုံးစမ်းသပ်မှုပြီးနောက် လူသားတို့တွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိဆဲဖြစ်မည်။ (ဗျာ. ၂၀:၇-၁၀) ယေဟောဝါကိုဝတ်ပြုမည်၊ မဝတ်ပြုမည်ကို ရွေးချယ်ပိုင်ခွင့်ရှိနေဆဲဖြစ်၏။ ထို့ကြောင့် အာဒံကဲ့သို့ ဘုရားသခင်ကိုပုန်ကန်မည့်သူမရှိဟု မဆိုနိုင်ပါ။

နောက်ဆုံးစမ်းသပ်မှုပြီးနောက် သေခြင်းနှင့်သင်္ချိုင်းမရှိတော့သည့်အတွက် ဆန့်ကျင်ပုန်ကန်ပါက ဘာဖြစ်သွားမည်နည်း။ ထိုအချိန်တွင် အာဒံအပြစ်ကြောင့် အမွေခံရသည့်သေခြင်း မရှိတော့ပါ။ ထို့ပြင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိသော သာမန်သင်္ချိုင်းလည်း လုံးဝမရှိတော့ပါ။ သို့တိုင် ယေဟောဝါသည် ပုန်ကန်သူမှန်သမျှကို မီးအိုင်ထဲချပစ်နိုင်သည်၊ ယင်းသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် လုံးဝမရှိသော ထာဝရဖျက်ဆီးခြင်းဖြစ်သည်။ ထိုသေခြင်းသည် အာဒံနှင့်ဧဝတို့၏သေခြင်းကဲ့သို့ဖြစ်ပြီး အာဒံထံမှအမွေခံရသော သေခြင်းမဟုတ်ချေ။

သို့သော်  ထိုသို့ဖြစ်လာနိုင်စရာ  အကြောင်းမရှိပါ။ နောက်ဆုံးစမ်းသပ်မှုကို ကပ်ကျော်သူတို့သည် အာဒံနှင့်လုံးဝကွာခြားသည့်အချက်ရှိသည်။ သူတို့သည် အပြည့်အဝစမ်းသပ်ခံရကြလိမ့်မည်။ ယေဟောဝါသည် လူတို့၏အပြင်ပန်းကိုရော၊ စိတ်နှလုံးကိုပါ မည်သို့စမ်းသပ်စစ်ဆေးရမည်ကို သိရှိသောကြောင့် နောက်ဆုံးစမ်းသပ်မှုသည် လုံးဝစေ့စပ်သေချာမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ နောက်ဆုံးစမ်းသပ်မှုပြီးနောက် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို တလွဲသုံးသောသူတို့ လုံးဝဖယ်ရှားခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ထို့ကြောင့် နောက်ဆုံးစမ်းသပ်မှုကို ကပ်ကျော်သူတို့သည် ဘုရားသခင်ကိုပုန်ကန်မည်ဆိုလျှင် ဖျက်ဆီးခံရနိုင်သော်လည်း ထိုသို့မဖြစ်နိုင်ဖို့ အကြောင်းများသည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နောက်ဆုံးစမ်းသပ်မှုပြီးနောက် လူတို့သည် အဘယ်သဘောဖြင့် အာဒံနှင့်တူကြမည်နည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ