ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၅
  • ဂျေရုဆလင်မြို့သစ်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျေရုဆလင်မြို့သစ်ဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဂျေရုဆလင်မြို့သစ်ကို ခွဲခြားသိမြင်စေတဲ့ အဓိကအချက်များ
  • အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ယေရုရှလင်—“မဟာမင်းကြီး၏မြို့တော်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်သစ်နှင့် မြေကြီးသစ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဗျာဒိတ် ၂၁:၁—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၅
ဗျာဒိတ်ကျမ်းပါ ဂျေရုဆလင်မြို့သစ်

ဂျေရုဆလင်မြို့သစ်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

“ဂျေရုဆလင်မြို့သစ်” ဆိုတဲ့ အသုံးအနှုန်း ကျမ်းစာမှာ နှစ်ကြိမ် ပါတယ်။ အဲဒါက တင်စားတဲ့မြို့ပါ။ ကောင်းကင် တက်ပြီး ဘုရားနိုင်ငံတော်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ယေရှုရဲ့ နောက်လိုက်တစ်စုကို ကိုယ်စားပြုတယ်။ (ဗျာဒိတ် ၃:၁၂။ ၂၁:၂) ခရစ်တော်ရဲ့ သတို့သမီးလို့လည်း ကျမ်းစာမှာ ဖော်ပြတယ်။

ဂျေရုဆလင်မြို့သစ်ကို ခွဲခြားသိမြင်စေတဲ့ အဓိကအချက်များ

  1. ၁။ ဂျေရုဆလင်မြို့သစ်ဟာ ကောင်းကင်မှာ ရှိတယ်။ ဂျေရုဆလင်မြို့သစ်အကြောင်း ကျမ်းစာ ဖော်ပြတိုင်း ကောင်းကင်ကနေ ဆင်းသက်လာတယ်၊ ကောင်းကင်တမန်တွေ မြို့တံခါးတွေမှာ စောင့်ကြပ်နေကြတယ်လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၃:၁၂။ ၂၁:၂၊ ၁၀၊ ၁၂) ကြီးမားတဲ့ မြို့အရွယ်အစားက မြေကြီးပေါ်မှာ မတည်ရှိနိုင်ဘူးဆိုတဲ့ အထောက်အထားပဲ။ မြို့ရိုးပတ်လည်ဟာ “စတာဒီယမ် (ဖာလုံ) ၁၂,၀၀၀” ရှိတယ်။a (ဗျာဒိတ် ၂၁:၁၆) ဘေးတစ်ဖက်တစ်ချက် မြို့ရိုးတွေက ကီလိုမီတာ ၅၆၀ (မိုင် ၃၅၀) မြင့်တယ်။

  2. ၂။ ဂျေရုဆလင်မြို့သစ်က ခရစ်တော်ရဲ့ သတို့သမီး၊ ယေရှုရဲ့ နောက်လိုက်တစ်စု ဖြစ်တယ်။ ဂျေရုဆလင်မြို့သစ်ကို “သိုးသငယ်ရဲ့ ဇနီးလောင်း သတို့သမီး” လို့ခေါ်ထားတယ်။ (ဗျာဒိတ် ၂၁:၉၊ ၁၀) သိုးသငယ်ဆိုတာ ယေရှုခရစ်ကို ရည်ညွှန်းတယ်။ (ယောဟန် ၁:၂၉။ ဗျာဒိတ် ၅:၁၂) “သိုးသငယ်ရဲ့ ဇနီးလောင်း၊” ခရစ်တော်ရဲ့ သတို့သမီးဆိုတာ ကောင်းကင် တက်ပြီး ယေရှုနဲ့အတူ ပူးပေါင်းကြမယ့် ခရစ်ယာန်တွေကို ကိုယ်စားပြုတယ်။ ယေရှုနဲ့ အဲဒီခရစ်ယာန်တစ်စုရဲ့ ဆက်ဆံရေးကို ခင်ပွန်းနဲ့ ဇနီးအဖြစ် ကျမ်းစာမှာ တင်စားထားတယ်။ (၂ ကောရိန္သု ၁၁:၂။ ဧဖက် ၅:၂၃-၂၅) ဒါ့အပြင် ဂျေရုဆလင်မြို့သစ် အုတ်မြစ်ကျောက်တွေပေါ်မှာ “သိုးသငယ်ရဲ့ တမန်တော် ၁၂ ယောက်ရဲ့ နာမည်တွေ” ရေးထားတယ်။ (ဗျာဒိတ် ၂၁:၁၄) ကောင်းကင်ခေါ်တော်မူခြင်း ခံရတဲ့ ခရစ်ယာန်တွေကို “တမန်တော်တွေ၊ ပရောဖက်တွေဖြစ်တဲ့ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထား” တယ် ဆိုတဲ့အချက်တွေကြောင့် ဂျေရုဆလင်မြို့သစ်ကို ခွဲခြားသိမြင်စေတယ်။—ဧဖက် ၂:၂၀။

  3. ၃။ ဂျေရုဆလင်မြို့သစ်ဟာ အစိုးရရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ရှေးဂျေရုဆလင်မြို့ဟာ “ယေဟောဝါရဲ့ ရာဇပလ္လင်ပေါ်မှာ” နန်းထိုင်ခဲ့တဲ့ ဘုရင်ဒါဝိဒ်၊ သားတော် ရှောလမုန်နဲ့ သားမြေးတွေ နန်းစိုက်ရာ အစ္စရေးမြို့တော် ဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃) ဒါကြောင့် “သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့” ဟာ ဒါဝိဒ်မင်းဆက် အုပ်ချုပ်တဲ့ ဘုရားအုပ်ချုပ်မှုကို ကိုယ်စားပြုတယ်။ (နေဟမိ ၁၁:၁) ကောင်းကင်မှာ ယေရှုနဲ့အတူ ပူးတွဲအုပ်ချုပ်မယ့်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ‘သန့်ရှင်းတဲ့မြို့တော် ဂျေရုဆလင်မြို့သစ်’ ကလည်း “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” မယ်။—ဗျာဒိတ် ၅:၉၊ ၁၀။ ၂၁:၂။

  4. ၄။ ဂျေရုဆလင်မြို့သစ်က ကမ္ဘာသူ/သားတွေကို ကောင်းချီးတွေ ခံစားစေမယ်။ ဂျေရုဆလင်မြို့သစ်ဟာ “ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာ” တယ်လို့ ဖော်ပြထားတဲ့အတွက် ဂျေရုဆလင်မြို့သစ်အားဖြင့် ကောင်းကင်ပြင်ပကိစ္စတွေကို ဘုရားသခင် ဆောင်ရွက်မယ့်သဘော ဆောင်တယ်။ (ဗျာဒိတ် ၂၁:၂) ဒီအသုံးအနှုန်းက ဂျေရုဆလင်မြို့သစ်နဲ့ ဘုရားနိုင်ငံတော် ဆက်စပ်မှုကို သိစေတယ်။ ဘုရား “အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံ” ဖို့ ဂျေရုဆလင်မြို့သစ်ကို ဘုရား အသုံးပြုမယ်။ (မဿဲ ၆:၁၀) ကမ္ဘာသူ/သားတွေအတွက် ဘုရားရည်ရွယ်ချက်ထဲမှာ အောက်ပါကောင်းချီးတွေ ပါတယ်–

    • အပြစ်ကို ဖယ်ရှားမယ်။ ဂျေရုဆလင်မြို့သစ်ကနေ စီးထွက်တဲ့ “အသက်ရေ စီးဆင်းနေတဲ့ မြစ်တစ်စင်း” က “အသက်ပင်တွေ” ကို ရှင်သန်စေတယ်။ အသက်ပင်တွေက “လူမျိုးတွေကို အနာရောဂါ ပျောက်ကင်းစေတယ်။” (ဗျာဒိတ် ၂၂:၁၊ ၂) ကိုယ်ကာယပိုင်း၊ ဘုရားရေးရာပိုင်း ကုစားမှုက အပြစ်တရားကို ဖယ်ရှားပေးမယ်။ ဘုရား မူလရည်ရွယ်ချက်အတိုင်း လူတွေကို စုံလင်တဲ့အသက် ပိုင်ဆိုင်စေမယ်။—ရောမ ၈:၂၁။

    • ဘုရားသခင်နဲ့ လူသားတွေ ရင်းနှီးတဲ့ဆက်ဆံရေး ရှိမယ်။ အပြစ်တရားကြောင့် လူတွေဟာ ဘုရားနဲ့ ဝေးကွာနေကြတယ်။ (ဟေရှာယ ၅၉:၂) အပြစ်ကို ဖယ်ရှားလိုက်တဲ့အတွက် ဒီကြိုဟောချက် ပြည့်စုံလာမယ်– “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိပြီး ဘုရားက သူတို့ဆီမှာ စံမြန်းမယ်။ သူတို့လည်း ဘုရားရဲ့လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။”—ဗျာဒိတ် ၂၁:၃။

    • ဆင်းရဲဒုက္ခနဲ့ သေခြင်း မရှိတော့ဘူး။ ဘုရားနိုင်ငံတော်အားဖြင့် “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

a စတာဒီယမ်ဆိုတာ ရောမ အတိုင်းအတာ ဖြစ်တယ်။ ၁ စတာဒီယမ်က ၁၈၅ မီတာ (၆၀၇ ပေ) နဲ့ ညီတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ