-
ယေဟောဝါသည် သင်၏စိုးလ်အကြွင်းမဲ့လုပ်ဆောင်မှုကို မြတ်နိုးတော်မူ၏ကင်းမျှော်စင်—၁၉၉၇ | အောက်တိုဘာ ၁၅
-
-
၅။ ဓမ္မအမှုတွင် အားလုံးတန်းတူညီတူ မလုပ်ဆောင်ကြောင်း တမန်တော်များ၏ပုံနမူနာက မည်သို့တင်ပြသနည်း။
၅ စိုးလ်အကြွင်းမဲ့ဟူသည် ဓမ္မအမှုတွင် တူညီသောအတိုင်းအတာဖြင့် ကျွန်ုပ်တို့အားလုံးလုပ်ဆောင်ရမည်ဟူ၍ဆိုလိုခြင်းလော။ စိုးလ်တစ်ဦးမှတစ်ဦး အခြေအနေနှင့်အရည်အချင်းများခြားနားကြသည့်အတွက် ထိုသို့ဖြစ်ရန်ခဲယဉ်းပေသည်။ ယေရှု၏သစ္စာရှိတမန်တော်များကို သုံးသပ်ကြည့်ပါ။ သူတို့သည် ထပ်တူပမာဏကို ယောက်တိုင်းမလုပ်ဆောင်နိုင်ကြပါ။ သာဓကအနေဖြင့် ကာနနိတ်လူရှိမုန်နှင့် အာလဖဲ၏သားယာကုပ်တို့ကဲ့သို့သော အချို့သောတမန်တော်များအကြောင်းကို အနည်းအကျဉ်းသာ ကျွန်ုပ်တို့သိရှိကြသည်။ တမန်တော်များအဖြစ် သူတို့၏လုပ်ဆောင်မှုများသည် အကန့်အသတ်သာရှိပုံရသည်။ (မဿဲ ၁၀:၂-၄) ယင်းနှင့်ဆန့်ကျင်လျက် ပေတရုအား “ကောင်းကင်နိုင်ငံတော်၏သော့တို့ကို” ပင်ယေရှုပေးအပ်ခဲ့သောကြောင့် များစွာကြီးလေးသောတာဝန်များကို သူလက်ခံရရှိခဲ့သည်။ (မဿဲ ၁၆:၁၉) သို့တိုင် ပေတရုသည် အခြားသူများထက် ချီးမြှောက်မခံရပါ။ ဗျာဒိတ်ကျမ်းပါ ယေရုရှလင်မြို့သစ်ရူပါရုံကို (စီ.အီး. ၉၆ ခန့်) ယောဟန်လက်ခံရရှိသောအခါ အုတ်မြစ်ကျောက် ၁၂ ခုနှင့် ၎င်းတို့အပေါ်တွင် “တမန်တော် တစ်ဆယ့်နှစ်ပါး၏နာမ” ဖော်ပြထားသည်ကို သူတွေ့ရှိခဲ့သည်။a (ဗျာဒိတ် ၂၁:၁၄) အချို့သူတို့သည် အခြားသူများထက်ပို၍လုပ်ဆောင်နိုင်သည်မှာ ထင်ရှားသော်လည်း တမန်တော်များအားလုံး၏လုပ်ဆောင်မှုကို ယေဟောဝါတန်ဖိုးထားတော်မူ၏။
-
-
ယေဟောဝါသည် သင်၏စိုးလ်အကြွင်းမဲ့လုပ်ဆောင်မှုကို မြတ်နိုးတော်မူ၏ကင်းမျှော်စင်—၁၉၉၇ | အောက်တိုဘာ ၁၅
-
-
a တမန်တော်တစ်ဦးအဖြစ် ယုဒရှကာရုတ်နေရာတွင် မဿိကိုအစားထိုးလိုက်သောကြောင့် ပေါလုအမည်မဟုတ်ဘဲ သူ၏အမည်သည် အုတ်မြစ်ကျောက် ၁၂ ခုပေါ် ဖော်ပြခံခဲ့ရမည်ဖြစ်သည်။ ပေါလုသည် တမန်တော်တစ်ပါးဖြစ်ခဲ့သော်လည်း ၁၂ ဦးအဝင်မဟုတ်ခဲ့ချေ။
-