ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၉။ မြို့တော်၏ဆောက်လုပ်ရေး ပစ္စည်းများအကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း။

      ၉ ယောဟန် ဤသို့ဆက်လက်ဖော်ပြ၏– “မြို့ရိုးအဆောက်အအုံမှာ နဂါးသွဲ့ဖြစ်ပြီး မြို့တော်သည် ကြည်လင်သည့် ဖန်သားကဲ့သို့သော ရွှေစင်ဖြစ်၏။ မြို့ရိုး၏ အုတ်မြစ်တို့သည် ကျောက်မျက်အမျိုးစုံဖြင့် စီခြယ်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊ ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ကျောက်နီ၊ သတ္တမမှာ ခရုသုလိတ်၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ ခရုသုပြတ်၊ ဧကဒသမမှာ ဝှာကိန္သု၊ ဒွါဒသမမှာ ဂေါ်မုတ်တည်း။ ထို့ပြင် မြို့တံခါးတစ်ခုလျှင် ပုလဲတစ်လုံးဖြင့် ပြုလုပ်ထားသည်ဖြစ်၍ မြို့တံခါး တစ်ဆယ့်နှစ်ခုသည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်၏။ မြို့တော်လမ်းမလည်း ကြည်လင်သည့် ဖန်သားကဲ့သို့သော ရွှေစင်ဖြင့်ပြီး၏။”​—ဗျာဒိတ် ၂၁:၁၈-၂၁။

  • အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၁၂။ (က) မြို့တော်၏အုတ်မြစ်များသည် ကျောက်မျက် ၁၂ မျိုးဖြင့် စီခြယ်ထားခြင်း၊ (ခ) မြို့တံခါးများသည် ပုလဲများဖြစ်ခြင်းတို့က ဘာကို အဓိပ္ပာယ်ဆောင်သနည်း။

      ၁၂ ရွှေမြို့တော်၏အုတ်မြစ်များပင် ကျောက်မျက် ၁၂ မျိုးနှင့်စီခြယ်ထားသဖြင့် အလွန်လှပတင့်တယ်၏။ ဤအချက်က ရှေးဂျူးယဇ်ပုရောဟိတ်မင်းကို သတိရစေ၏။ သူသည် အခမ်းအနားကျင်းပရာနေ့များ၌ အထက်ပါကျောက်မျက်များနှင့်အလားတူသော ကျောက်မျက်များစီခြယ်ထားသည့် သင်တိုင်းတော်ကိုဝတ်ဆင်၏။ (ထွက်မြောက်ရာ ၂၈:၁၅-၂၁) ဘယ်နည်းနှင့်မျှ တိုက်ဆိုင်မှုမဖြစ်နိုင်။ “မီးခွက်” အဖြစ် ယဇ်ပုရောဟိတ်မင်းကြီးယေရှု ထွန်းလင်းတော်မူသော ယေရုရှလင်မြို့သစ်၏ ယဇ်ပုရောဟိတ်လုပ်ငန်းကို အလေးအနက်ပြုနေခြင်းဖြစ်၏။ (ဗျာဒိတ် ၂၀:၆; ၂၁:၂၃; ဟေဗြဲ ၈:၁) ထို့ပြင် [ယေရှု၏ ယဇ်ပုရောဟိတ်မင်းကြီးဆိုင်ရာ အမှုတော်၏ အကျိုးကျေးဇူးများသည် ယေရုရှလင်မြို့သစ်မှတစ်ဆင့် လူသားများထံသို့ ဆင်းသက်လာခြင်းဖြစ်၏။ (ဗျာဒိတ် ၂၂:၁၊ ၂) အလွန်လှပသော ပုလဲတစ်လုံးစီဖြင့်ပြီးသော မြို့တော်တံခါး ၁၂ ပေါက်က နိုင်ငံတော်ကို အလွန်အဖိုးထိုက်သော ပုလဲနှင့်နှိုင်းယှဉ်သည့် ယေရှု၏ပုံဥပမာကို သတိရစေသည်။ ထိုမြို့တံခါးများကိုဖြတ်၍ ဝင်ရောက်လာသူမှန်သမျှ ဝိညာဉ်ရေးဆိုင်ရာ အဖိုးတန်အရာများကို တကယ်လေးမြတ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်မည်။​—မဿဲ ၁၃:၄၅၊ ၄၆; ယောဘ ၂၈:၁၂၊ ၁၇၊ ၁၈ နှိုင်းယှဉ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ