ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • လျှပ်စီးများ၊ စကားသံများနှင့် မိုးခြိမ်းသံများ

      ၁၂။ ယောဟန် နောက်ထပ် ဘာကိုမြင်ရ ကြားရသနည်း။ “လျှပ်စီးများ၊ စကားသံများနှင့် မိုးခြိမ်းသံများ” က ဘာကိုသတိရစေသနည်း။

      ၁၂ ယောဟန် နောက်ထပ် ဘာကိုမြင်ရ ကြားရသနည်း။ “ပလ္လင်တော်မှ လျှပ်စီးများ၊ စကားသံများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။” (ဗျာဒိတ် ၄:၅က) ရှေးက ယေဟောဝါ၏ ကောင်းကင်တန်ခိုးတော် ထင်ရှားမှုများကို ပြန်၍သတိရစေသည်တကား။ ဥပမာ၊ သိနာတောင်ပေါ်သို့ ယေဟောဝါ “ဆင်းသက်” တော်မူစဉ်က အဖြစ်အပျက်ကို မောရှေ ဤသို့ဖော်ပြ၏– “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည် [၏။] . . . တံပိုးမြည်သံသည် ကြာကြာမြည်လျက် အသံတိုး၍ကြီးသောအခါ မောရှေသည်ခေါ်၍ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။”​—ထွက်မြောက်ရာ ၁၉:၁၆-၁၉။

      ၁၃။ ယေဟောဝါ၏ ပလ္လင်တော်မှ ထွက်ပေါ်လာသော လျှပ်စီးများက ဘာကိုပုံခိုင်းသနည်း။

      ၁၃ ယေဟောဝါသည် သခင့်နေ့တော်အတွင်း မိမိ၏တန်ခိုးနှင့် မိမိ၏ရောက်ရှိခြင်းကို ထူးကဲသိုက်မြိုက် ခမ်းနားစွာ ပြသတော်မူသည်။ ပကတိလျှပ်စီးဖြင့် မဟုတ်ပါ။ အကြောင်းမှာ ယောဟန်သည် အမှတ်သင်္ကေတများကို မြင်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ လျှပ်စီးများသည် ဘာကိုကိုယ်စားပြုသနည်း။ လျှပ်စီးသည် ထွန်းလင်းတတ်သည်။ လူကိုလည်း သေအောင်ပစ်နိုင်သည်။ ထို့ကြောင့် ယေဟောဝါ၏ ပလ္လင်တော်မှထွက်သော လျှပ်စီးများသည် မိမိလူမျိုးတော်အား အဆက်မပြတ်ပေးသော ဉာဏ်အလင်းကို ပုံခိုင်း၏။ ကိုယ်တော်၏ မီးလျှံကဲ့သို့သော တရားစီရင်ခြင်းသတင်းများကို သာ၍ထူးကဲစွာ ပုံခိုင်းသည်။​—ဆာလံ ၁၈:၁၄; ၁၄၄:၅၊ ၆; မဿဲ ၄:၁၄-၁၇; ၂၄:၂၇ နှိုင်းယှဉ်။

      ၁၄။ ယနေ့တွင် စကားသံများကို မည်သို့မည်ပုံ ထုတ်လွှင့်သနည်း။

      ၁၄ စကားသံများကကော။ သိနာတောင်ပေါ် ယေဟောဝါ ဆင်းသက်တော်မူစဉ် အသံတော်တစ်ခုက မောရှေနှင့် စကားပြောဆိုသည်။ (ထွက်မြောက်ရာ ၁၉:၁၉) ကောင်းကင်မှ ထိုစကားသံများသည် ဗျာဒိတ်ကျမ်းပါ များစွာသောအမိန့်များနှင့် ကြေညာချက်များကို ထုတ်ဆင့်ခဲ့သည်။ (ဗျာဒိတ် ၄:၁; ၁၀:၄၊ ၈; ၁၁:၁၂; ၁၂:၁၀; ၁၄:၁၃; ၁၆:၁၊ ၁၇; ၁၈:၄; ၁၉:၅; ၂၁:၃) ယနေ့လည်း ယေဟောဝါသည် မိမိလူမျိုးတော်အား အမိန့်များ၊ ကြေညာချက်များ ထုတ်ပြန်၍ ကျမ်းစာပရောဖက်ပြုချက်နှင့် မူများကို နားလည်စေရန် ပညာအလင်းကို ပေးတော်မူ၏။ ဉာဏ်အလင်းပေးသည့် သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ၌ ဖွင့်ဟတင်ပြလေ့ရှိသည်။ ထို့နောက် ၎င်းကျမ်းစာသမ္မာတရားများကို ကမ္ဘာအနှံ့ ကြွေးကြော်ကြသည်။ သတင်းကောင်းကို သစ္စာရှိရှိ ဟောပြောသူများနှင့်ပတ်သက်၍ ပေါလုက ဤသို့ဆို၏– “သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီ။”​—ရောမ ၁၀:၁၈။

      ၁၅။ သခင့်နေ့တော်၏ ဤကာလပိုင်းတွင် ပလ္လင်တော်မှ အဘယ်မိုးချုန်းသံများ ထွက်ပေါ်လာသနည်း။

      ၁၅ လျှပ်စီးလက်သည့်နောက်၌ မိုးချုန်းသံကြားရလေ့ရှိသည်။ ဒါဝိဒ်က ပကတိမိုးချုန်းသံကို “ထာဝရဘုရား၏ အသံတော်” ဟူ၍ခေါ်ဆိုသည်။ (ဆာလံ ၂၉:၃၊ ၄) ဒါဝိဒ်အဖို့ ရန်သူများကို ယေဟောဝါ တိုက်ခိုက်တော်မူစဉ် ကိုယ်တော့်ထံမှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်ဟုဆို၏။ (၂ ဓမ္မရာဇဝင် ၂၂:၁၄; ဆာလံ ၁၈:၁၃) “ကြီးသောအမှု၊ ငါတို့ နားမလည်နိုင်သောအမှု” တို့ကိုပြုတော်မူစဉ် ယေဟောဝါ၏ အသံတော်သည် မိုးခြိမ်းသံကဲ့သို့ဖြစ်သည်ဟု ဧလိဟု ဆိုသည်။ (ယောဘ ၃၇:၄၊ ၅) သခင့်နေ့တော်၏ ယခုအချိန်ပိုင်း၌ ယေဟောဝါ ‘မိုးခြိမ်း’ ၍ ရန်သူများကို တိုက်ခိုက်ရန် မဟာအမှုများပြုမည်ဟု သတိပေးတော်မူသည်။ ထိုပုံဆောင် မိုးချုန်းသံများသည် တအုန်းအုန်းနှင့် ကမ္ဘာတစ်ဝန်း အပြန်ပြန်အလှန်လှန် ပဲ့တင်ထပ်မျှ မြည်ဟည်းနေသည်။ သင်သည် မိုးချုန်းသံကဲ့သို့သော ထိုကြွေးကြော်ချက်များကို အာရုံပြုလျက် လျှာကို ပညာရှိရှိသုံး၍ ပါဝင်ကြွေးကြော်လျှင် ပျော်ရွှင်လိမ့်မည်။​—ဟေရှာယ ၅၀:၄၊ ၅; ၆၁:၁၊ ၂။

      မီးခွက်များနှင့် ဖန်ရေကန်

      ၁၆။ “မီးခွက်ခုနစ်လုံး” သည် ဘာကိုအဓိပ္ပာယ် ဆောင်သနည်း။

      ၁၆ ယောဟန် နောက်ထပ် ဘာကိုမြင်ရသနည်း။ ဤအရာများဖြစ်သည်– “ပလ္လင်တော်ရှေ့တွင် မီးခွက်ခုနစ်လုံး တောက်လောင်လျက်ရှိ၏။ ထိုမီးခွက်တို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ခုနစ်ပါးကို ဆိုလို၏။ ပလ္လင်တော်ရှေ့တွင် သလင်းကျောက်ကဲ့သို့သော ဖန်ရေကန်နှင့် တူသည့်အရာ ရှိ၏။” (ဗျာဒိတ် ၄:၅ခ၊ ၆က) ယောဟန်ကိုယ်တိုင် မီးခွက်ခုနစ်လုံး၏ အဓိပ္ပာယ်ကို ကျွန်ုပ်တို့အား ဤသို့ပြောပြသည်– “ထိုမီးခွက်တို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ခုနစ်ပါးကို ဆိုလိုသည်။” ခုနစ်ဟူသောကိန်းသည် ဘုရားသခင့်အမြင်တွင် ပြည့်စုံခြင်းကို အထိမ်းအမှတ်ပြုသည်။ သို့ဖြစ်၍ မီးခွက်ခုနစ်လုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးစွမ်းအား၏ ပြည့်ဝခြင်းကို ကိုယ်စားပြုခြင်း ဖြစ်ရပေမည်။ ယနေ့ ယောဟန်အတန်းအစားသည် ၎င်းဉာဏ်အလင်း အပ်နှင်းခံရပြီး ဝိညာဉ်ရေးဘက် ဆာမွတ်သော ကမ္ဘာသားတို့အား ပြန်လည်ဝေမျှရသော တာဝန်ကို ရရှိထားသည့်အတွက် ကျေးဇူးတင်လိုက်လေခြင်း။ ဘာသာပေါင်း ၁၅၀ ခန့်ဖြင့် အလင်းဖြာပေးနေသည့် ကင်းမျှော်စင် မဂ္ဂဇင်းကို နှစ်စဉ် သန်းပေါင်းများစွာ ထုတ်ဝေလျက်ရှိသောကြောင့် ဝမ်းသာစရာပါတကား။​—ဆာလံ ၄၃:၃။

  • ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • [စာမျက်နှာ ၇၈ ပါ ရုပ်ပုံ]

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ