-
စစ်မှန်တဲ့ ဘုရားသခင်ဟာ ဘယ်သူလဲပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၂။ ကျမ်းစာမှာ ယေဟောဝါအကြောင်း ဘာပြောထားသလဲ။
လူတွေ ဝတ်ပြုကိုးကွယ်တဲ့ ဘုရားတွေထဲမှာ ယေဟောဝါတစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရား ဖြစ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းများစွာ ရှိတယ်။ ယေဟောဝါသာ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်တယ်။ ကိုယ်တော် တစ်ပါးတည်းသာ “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင်” ဖြစ်တယ်။ (ဆာလံ ၈၃:၁၈ ကို ဖတ်ပါ။) ဘုရားသခင်က “အနန္တတန်ခိုးရှင်” ဖြစ်လို့ ဘာမဆို လုပ်ဆောင်နိုင်တဲ့တန်ခိုး ရှိတယ်။ စကြဝဠာနဲ့ ကမ္ဘာပေါ်က သက်ရှိတွေအပါအဝင် “အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။” (ဗျာဒိတ် ၄:၈၊ ၁၁) ယေဟောဝါတစ်ပါးတည်းသာ အစဉ်ထာဝရ တည်ရှိတယ်။—ဆာလံ ၉၀:၂။
-
-
ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှုပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
ဖန်ဆင်းရှင် ယေဟောဝါကိုသာ ကိုးကွယ်ဆည်းကပ်ထိုက်တယ်။ (ဗျာဒိတ် ၄:၁၁) ယေဟောဝါကိုပဲ ချစ်ပြီး ဝတ်ပြုရမယ်။ ရုပ်တုဆင်းတုတွေ၊ ရုပ်ပုံတွေ မသုံးသင့်ဘူး။—ဟေရှာယ ၄၂:၈ ကို ဖတ်ပါ။
ယေဟောဝါအတွက် ‘သန့်ရှင်းတဲ့၊ လက်ခံနိုင်ဖွယ်ဖြစ်တဲ့’ ဝတ်ပြုမှုမျိုး ဖြစ်ရမယ်။ (ရောမ ၁၂:၁) ဘုရားရဲ့စံနှုန်းတွေကို လိုက်နာရမယ်။ ဥပမာ၊ ယေဟောဝါကို ချစ်တဲ့သူတွေဟာ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားစံနှုန်းတွေကို တန်ဖိုးထားပြီး လိုက်နာကြတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ မူးယစ်ဆေးသုံးတာ၊ အရက် အလွန်အကျွံသောက်တာစတဲ့ အန္တရာယ်ရှိ အကျင့်တွေကို ရှောင်ကြတယ်။a
-