ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဧရာမ လူအုပ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၁၇။ (က) အကြီးအကဲ ၂၄ ပါးထဲကတစ်ဦးက ဘာမေးခွန်းမေးသနည်း။ ၎င်းအကြီးအကဲ အဖြေသိသည် ဟူသောအချက်က ဘာကိုပြသနည်း။ (ခ) ထိုအကြီးအကဲ၏မေးခွန်း မည်သည့်အခါ အဖြေရသနည်း။

      ၁၇ ဘိသိက်ခံခရစ်ယာန်တို့သည်  တမန်တော်ယောဟန် လက်ထက်မှစ၍ သခင့်နေ့တော်အထိ လူအုပ်ကြီး မည်သူမည်ဝါ ဖြစ်သည်နှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်ရောက်နှင့်သော ဘိသိက်ခံများကို ကိုယ်စားပြုသည့် အကြီးအကဲ ၂၄ ပါးထဲမှတစ်ဦးက အချက်ကျသော မေးခွန်းတစ်ခု မေးခြင်းဖြင့် ယောဟန်၏ တွေးတောဉာဏ်ကို နှိုးဆွလိုက်သည်မှာ ဆီလျော်လှပေသည်။ “အကြီးအကဲများထဲမှ တစ်ဦးက တုံ့ပြန်သည့်အနေနှင့် ငါ့အား ‘ဝတ်လုံဖြူဝတ်သော ဤသူတို့ကား မည်သူများနည်း။ အဘယ်အရပ်က လာကြသနည်း’ ဟုမေး၏။ ငါကလည်း ‘အကျွန်ုပ်သခင်၊ ကိုယ်တော်သိပါ၏’ ဟု ချက်ချင်းပင် ပြန်ဖြေလိုက်၏။” (ဗျာဒိတ် ၇:၁၃၊ ၁၄က) မှန်ပေသည်။ ထိုအကြီးအကဲသည် ယောဟန်အား အဖြေရှာပေးနိုင်ခဲ့၏။ ဤအချက်က အကြီးအကဲ ၂၄ ပါးအုပ်စုအနက် ထမြောက်ခဲ့သူတို့သည် ယနေ့ သမ္မာတရားများ ပေးပို့ခြင်းအမှု၌ ပါဝင်ဆောင်ရွက်ကြဖွယ် ရှိကြောင်းကိုပြ၏။ မြေကြီးပေါ်ရှိ ယောဟန်အတန်းအစားဝင်များ အနေနှင့်မူ မိမိတို့အလယ်၌ ယေဟောဝါ ပြုလျက်ရှိသော အရာများကို အသေအချာ သုံးသပ်ကြည့်ရှုခြင်းဖြင့် လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း လေ့လာသိရှိရကြ၏။ ယေဟောဝါချိန်းချက်ထားသောအချိန် ၁၉၃၅ ခုနှစ်၌ သီအိုကရက်တစ် မိုးမျက်နှာကြက်ကို ထိန်လင်းစွာ မွမ်းမံခြယ်သလိုက်သော ရောင်ခြည်တော် ထွန်းတောက်မှုကို သူတို့နားလည်ရန် မနှေးကွေးခဲ့ချေ။

  • ဧရာမ လူအုပ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၂၂။ လူအုပ်ကြီးနှင့်ပတ်သက်၍ ယောဟန် နောက်ထပ်ဘာသတင်းများ ရသနည်း။

      ၂၂ ယောဟန်သည် ဘုရားသခင့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဤလူအုပ်ကြီးနှင့် ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို ရရှိသည်– “ထိုသူ [ထိုအကြီးအကဲ] က ‘ဤသူတို့သည် ဆင်းရဲဒုက္ခကြီးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြလေပြီ။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာနေလျက် ကိုယ်တော်၏ ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်နေခြင်းဖြစ်၏။ ပလ္လင်တော်ပေါ် စံတော်မူသော အရှင်သည်လည်း သူတို့အပေါ်တွင် မိမိ၏တဲတော်ကို ဖြန့်မိုးတော်မူလိမ့်မည်’ ဟု ငါ့အား ဆို၏။”​—ဗျာဒိတ် ၇:၁၄ခ၊ ၁၅။

      ၂၃။ လူအုပ်ကြီး “ထွက်လာ” သော ဆင်းရဲဒုက္ခကြီးကား အဘယ်နည်း။

      ၂၃ စောစောပိုင်းတွင် ယေရှုက နိုင်ငံတော်ဘုန်းအသရေနှင့်တကွ မိမိ၏ရောက်ရှိခြင်းသည် “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ဖြင့် အဆုံးသတ်လိမ့်မည်ဟု မိန့်ဆိုခဲ့ပြီ။ (မဿဲ ၂၄:၂၁၊ ၂၂) ၎င်းပရောဖက်ပြုချက် ပြည့်စုံမှုနှင့်အညီ ကောင်းကင်တမန်များသည် မြေကြီး၏ လေးမျက်နှာလေများကိုလွှတ်၍ စာတန်၏ကမ္ဘာ့စနစ်ကို ချေမှုန်းကြလိမ့်မည်။ ကမ္ဘာ့မိစ္ဆာဘာသာအင်ပါယာဖြစ်သည့် မဟာဗာဗုလုန် အရင်ဖျက်ဆီးခံရမည်။ ထို့နောက် ဆင်းရဲဒုက္ခကြီး၏ အထွတ်အထိပ် ရောက်လာသောအခါ ဧရာမလူအုပ်ကြီးနှင့်တကွ ကမ္ဘာပေါ်ရှိ ၁၄၄,၀၀၀ မှ အကြွင်းအကျန်များကို ယေရှု ကယ်တင်တော်မူမည်။​—ဗျာဒိတ် ၇:၁; ၁၈:၂။

      ၂၄။ လူအုပ်ကြီးထဲမှ ပုဂ္ဂိုလ်တစ်ဦးချင်း ကပ်ကျော်နိုင်သည့် အရည်အချင်းကို မည်သို့ရကြသနည်း။

      ၂၄ လူအုပ်ကြီးဝင်များအနေနှင့် ကပ်ကျော်နိုင်သည့် အရည်အချင်းကို မည်သို့ရကြသနည်း။ သူတို့သည် “သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်” ခဲ့ကြပြီဟု အကြီးအကဲက ယောဟန်အား ဆို၏။ တစ်နည်းအားဖြင့် ယေရှုကို မိမိတို့၏ ရွေးနုတ်ရှင်အဖြစ် ယုံကြည်ကြပြီ။ ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်ခဲ့ကြပြီ။ မိမိတို့၏ ဆက်ကပ်ခြင်းကို ရေနှစ်ခြင်းဖြင့် အထိမ်းအမှတ် ပြုခဲ့ကြပြီ။ ဖြောင့်မတ်စွာ ကျင့်ကြံခြင်းဖြင့် “ကြည်လင်သော ဩတ္တပ္ပစိတ်ရှိ” လာကြ၏။ (၁ ပေတရု ၃:၁၆၊ ၂၁၊ သမ; မဿဲ ၂၀:၂၈) သို့ဖြင့် ယေဟောဝါရှေ့မှောက် စင်ကြယ်ဖြောင့်မတ်ကြ၏။ မိမိတို့ကိုယ်ကို “လောကီအညစ်အကြေးနှင့် ကင်းစင်” အောင်နေကြ၏။​—ယာကုပ် ၁:၂၇။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ