-
ဧရာမ လူအုပ်ကြီးဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၂၂။ လူအုပ်ကြီးနှင့်ပတ်သက်၍ ယောဟန် နောက်ထပ်ဘာသတင်းများ ရသနည်း။
၂၂ ယောဟန်သည် ဘုရားသခင့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဤလူအုပ်ကြီးနှင့် ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို ရရှိသည်– “ထိုသူ [ထိုအကြီးအကဲ] က ‘ဤသူတို့သည် ဆင်းရဲဒုက္ခကြီးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြလေပြီ။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာနေလျက် ကိုယ်တော်၏ ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်နေခြင်းဖြစ်၏။ ပလ္လင်တော်ပေါ် စံတော်မူသော အရှင်သည်လည်း သူတို့အပေါ်တွင် မိမိ၏တဲတော်ကို ဖြန့်မိုးတော်မူလိမ့်မည်’ ဟု ငါ့အား ဆို၏။”—ဗျာဒိတ် ၇:၁၄ခ၊ ၁၅။
-
-
ဧရာမ လူအုပ်ကြီးဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၂၅။ (က) လူအုပ်ကြီးသည် ယေဟောဝါကိုရည်စူး၍ အဘယ်နည်းဖြင့် “ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်ရှိကြ” သနည်း။ (ခ) ယေဟောဝါသည် လူအုပ်ကြီးအပေါ် “မိမိတဲတော်ကို” မည်သို့ “ဖြန့်မိုးတော်မူ” သနည်း။
၂၅ ထို့ထက်မက သူတို့သည် ယေဟောဝါ၏ စိတ်ထက်သန်သော သက်သေခံများ ဖြစ်လာကြပြီး “ကိုယ်တော်၏ ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်နေခြင်း ဖြစ်၏။” သင်သည် ဆက်ကပ်အပ်နှံပြီးသော ဤလူအုပ်ကြီးထဲမှ တစ်ဦးလော။ ဟုတ်လျှင် ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်၏ မြေကြီးဆိုင်ရာ တံတိုင်းတော်အတွင်း ကိုယ်တော်ကို အစဉ်မပြတ် ဝတ်ပြုနိုင်သော အခွင့်ထူးကိုရ၏။ ယနေ့ လူအုပ်ကြီးသည် ဘိသိက်ခံများ၏ ညွှန်ကြားမှုအောက်၌ သက်သေခံလုပ်ငန်း၏ ကြီးမားသောအပိုင်းကို ဆောင်ရွက်လျက်နေပေသည်။ သူတို့အနက် လောကီဝတ္တရားများ မကင်းသည့်ကြားမှ ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုတော် ထမ်းရွက်ကြသူများ သိန်းချီ၍ရှိသည်။ ထိုအုပ်စု၌ သင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ လူအုပ်ကြီးအဝင် တစ်ဦးအနေနှင့် သင့်ယုံကြည်ခြင်းနှင့် အလုပ်ကြောင့် ဘုရားသခင့် မိတ်ဆွေအနေနှင့် ဖြောင့်မတ်သူအဖြစ် ကြေညာတော်မူခြင်း၊ ဧည့်သည်အဖြစ် တဲတော်သို့ဝင်ရောက်ရန် ကြိုဆိုတော်မူခြင်း ခံရသည့်အတွက် ဝမ်းမြောက်နိုင်၏။ (ဆာလံ ၁၅:၁-၅; ယာကုပ် ၂:၂၁-၂၆) သို့ဖြင့် ယေဟောဝါသည် မိမိကိုချစ်သောသူတို့အပေါ် “မိမိ၏တဲတော်ကို ဖြန့်မိုး” လျက် အိမ်ရှင်ကောင်းပီသစွာ သူတို့ကို ကာကွယ်တော်မူ၏။—သုတ္တံ ၁၈:၁၀။
-