-
ဧရာမ လူအုပ်ကြီးဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၂၆။ လူအုပ်ကြီး အခြားအဘယ်ကောင်းချီးများ ခံစားရမည်နည်း။
၂၆ ထိုအကြီးအကဲက “သူတို့သည် နောက်တစ်ဖန် ဆာမွတ်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည် မဟုတ်။ နေပူရှိန်သည်လည်းကောင်း၊ မည်သည့်ချစ်ချစ်တောက် အပူရှိန်သည်လည်းကောင်း သူတို့အပေါ်သို့ ကျရောက်တော့မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ပလ္လင်တော် အလယ်၌ရှိသော သိုးသငယ်သည် သူတို့ကို ထိန်းကျောင်း၍ အသက်ရေ စမ်းပေါက်များဆီသို့ ပို့ဆောင်တော်မူမည် ဖြစ်၍တည်း။ ဘုရားသခင်သည်လည်း သူတို့၏မျက်ရည် ရှိသမျှကို အကုန်အစင် သုတ်တော်မူမည်” ဟု ဆက်၍ ဆိုသည်။ (ဗျာဒိတ် ၇:၁၆၊ ၁၇) မှန်ပေ၏။ ယေဟောဝါသည် တကယ်ပင် ပျူငှာလှသည်တကား။ သို့သော် ထိုစကားများ၌ အဘယ်လေးနက်သော အဓိပ္ပာယ် ပါရှိသနည်း။
-
-
ဧရာမ လူအုပ်ကြီးဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၂၉ သင်သည် လူအုပ်ကြီးဝင်တစ်ဦးမှန်လျှင် စာတန့်စနစ် နေဝင်ချိန်အတွင်း မည်သို့သော ချို့ငဲ့မှုနှင့်ဖိစီးမှု ခံရစေကာမူ သင့်နှလုံး အခြေအနေကောင်းကြောင့် “ရွှင်လန်းစွာကြွေးကြော်” ပါလိမ့်မည်။ (ဟေရှာယ ၆၅:၁၄၊ ကဘ) ဤအဓိပ္ပာယ်အရ ယခုပင် ယေဟောဝါသည် ‘သင့်မျက်ရည် ရှိသမျှကို အကုန်အစင်’ သုတ်နိုင်တော်မူ၏။ အပြစ်ပေးစီရင်ခြင်းတည်းဟူသော ဘုရားသခင့် စူးရှပူလောင်သော “နေ” ကို သင်မကြောက်ရတော့။ လေးမျက်နှာမှ ဖျက်ဆီးခြင်းလေများ လွတ်ထွက်လာသောအခါ ယေဟောဝါ၏ မျက်မာန်တော် “ချစ်ချစ်တောက် အပူရှိန်” နှင့်လည်း လွတ်နိုင်မည်။ ထိုဖျက်ဆီးခြင်း လွန်မြောက်သည့်နောက် သိုးသငယ်သည် လူကို အားသစ်ပြည့်စေသော “အသက်ရေ စမ်းပေါက်များဆီသို့” သင့်အား ပို့ဆောင်လိမ့်မည်။ ၎င်းသည် သင်ထာဝရအသက်ရဖို့ ယေဟောဝါ ပြုတော်မူသော စီမံချက်အားလုံးကို ကိုယ်စားပြုသည်။ သင်သည် လူ့စုံလင်ခြင်းအဖြစ်သို့ တစ်စစ တက်လှမ်းမည်ဖြစ်၍ သိုးသငယ်၏ အသွေးတော်ကို ယုံကြည်သော သင်၏ယုံကြည်ခြင်းသည် ယုံမှားခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားလာမည်။ လူအုပ်ကြီးဝင် သင်တို့သည် လူသားများအနက် သေဖို့ပင်မလိုသော “သန်းချီလူများ” ဖြစ်ရသောအခွင့်ထူးကို ရကြလိမ့်မည်။ အပြည့်ဝဆုံးသော အဓိပ္ပာယ်အရ၊ သင့်မျက်စိမှ မျက်ရည်တစ်စက်မကျန် အကုန်အစင် သုတ်တော်မူပြီးဖြစ်မည်။
-