ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “မဟာဗာဗုလုန် ကျဆုံးပြီ”
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၂၇။ (က) တံစဉ်ကိုကိုင်သော ကောင်းကင်တမန်က မြေကြီးစပျစ်နွယ်ပင်ကို ရိတ်သိမ်းသောအခါ ဘာဖြစ်သနည်း။ (ခ) ဟေဗြဲကျမ်းစာမှ အဘယ်ပရောဖက်ပြုချက်များက ရိတ်သိမ်းခြင်း၏ကြီးကျယ်ပုံကို တင်ပြသနည်း။

      ၂၇ တရားစီရင်ချက်ကို အကောင်အထည်ဖော်ရမည်။ “ထိုကောင်းကင်တမန်ကလည်း မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ ဝှေ့ယမ်းကာ မြေကြီးပေါ်မှ စပျစ်နွယ်ပင်၏ အသီးများကို ရိတ်သိမ်း၍ ဘုရားသခင့် အမျက်တော်တည်းဟူသော ဧရာမ စပျစ်သီးနယ်ရာကျင်းထဲသို့ သွန်ချလေ၏။ မြို့ပြင်၌ စပျစ်သီးနယ်ရာကျင်းကို နင်းနယ်သဖြင့် စပျစ်ကျင်းထဲမှ ဖာလုံ တစ်ထောင့်ခြောက်ရာ ရှည်လျား၍ မြင်းဇက်ကြိုးအထိမြင့်သော သွေးချောင်းသည် စီးထွက်၍လာ၏။” (ဗျာဒိတ် ၁၄:၁၉၊ ၂၀) ဤစပျစ်နွယ်ပင်အပေါ် ယေဟောဝါ၏ အမျက်တော်စူးရှကြောင်း ရှေးကတည်းက ကြေညာခဲ့ပြီ။ (ဇေဖနိ ၃:၈) စပျစ်ကျင်းကို နင်းနယ်သောအခါ တိုင်းနိုင်ငံများအလိုက် သိမ်းကျုံး၍ ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဟေရှာယကျမ်းမှ ပရောဖက်ပြုချက်တစ်ခုက သံသယမရှိအောင် တင်ပြ၏။ (ဟေရှာယ ၆၃:၃-၆) ယောလလည်း “တရားဆုံးဖြတ်ရာချိုင့်၊” “စပျစ်ကျင်း” ထဲ၌ ကြီးမားလှသော “လူအစုအရုံး” တို့သည် တိုင်းနိုင်ငံများနှင့်ချီပြီး နင်းနယ်ခံရမည်ဟု ပရောဖက်ပြုခဲ့သည်။ (ယောလ ၃:၁၂-၁၄၊ သမ္မာ) အံ့ဖွယ်လိလိ ရိတ်သိမ်းခြင်းပါတကား။ အလားတူရိတ်သိမ်းခြင်းမျိုး နောက်တစ်ဖန်ရှိမည်မဟုတ်။ ယောဟန်၏ရူပါရုံအရ၊ စပျစ်သီးများကိုသာ ရိတ်သိမ်းသည်မဟုတ်၊ ပုံဆောင်စပျစ်နွယ်ပင်တစ်ပင်လုံး အခုတ်ခံရပြီး စပျစ်ကျင်းထဲသို့ ပစ်ချ၍ နင်းနယ်ခံရ၏။ ထို့ကြောင့်၊ မြေကြီးပေါ်မှ စပျစ်နွယ်ပင်သည် ချေနင်းခံရ၍ ဘယ်တော့မျှ တစ်ဖန်ရှင်သန်တော့မည်မဟုတ်။

  • “မဟာဗာဗုလုန် ကျဆုံးပြီ”
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၃၀။ စာတန့်စပျစ်နွယ်ပင်သည် အဘယ်အသီးများကိုသီးသနည်း၊ ကျွန်ုပ်တို့ အဘယ်သန္နိဋ္ဌာန်ချသင့်သနည်း။

      ၃၀ ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏ အဆုံးပိုင်းတွင် အသက်ရှင်နေကြသည်ဖြစ်၍ ၎င်းရိတ်သိမ်းခြင်းနှစ်ရပ်ဆိုင်ရာ ရူပါရုံသည် အလွန်အဓိပ္ပာယ်ရှိ၏။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရုံနှင့် စာတန့်စပျစ်နွယ်ပင်၏အသီးများကို တွေ့နိုင်၏။ ကိုယ်ဝန်ဖျက်ချမှုနှင့် အခြားသောလူသတ်မှုများ၊ လိင်တူဆက်ဆံမှု၊ ဖောက်ပြားမှုနှင့် အခြားသောသီလပျက်ပြားမှု၊ မရိုးသားမှုနှင့် ပင်ကိုကြင်နာခြင်းကင်းမဲ့မှု​—ဤသို့သောအရာများအားလုံးကြောင့် ဤကမ္ဘာသည် ယေဟောဝါရှေ့တော်၌ ဆိုးညစ်လှ၏။ စာတန့်စပျစ်နွယ်ပင်သည် “အဆိပ်ပင်နှင့် ဒေါနပင်၏အသီး” ကိုသီး၏။ လူကိုပျက်စီးစေသော၊ ၎င်း၏ရုပ်တုကိုးကွယ်ခြင်းလမ်းစဉ်က လူသားတို့၏ကြီးမြတ်သောဖန်ဆင်းရှင်၏ အသရေတော်ကိုရှုတ်ချ၏။ (တရားဟောရာ ၂၉:၁၈၊ ကဘ; ၃၂:၅; ဟေရှာယ ၄၂:၅၊ ၈) ယေဟောဝါ၏ဂုဏ်တော်ကို ထင်ရှားစေသော ယေရှုဖြစ်ထွန်းစေတော်မူသည့် အသီးအနှံများကို ယောဟန်အတန်းအစားနှင့်အတူ တက်ကြွစွာ ပါဝင်ရိတ်သိမ်းရသည်မှာ အခွင့်ထူးပါတကား။ (လုကာ ၁၀:၂) ကျွန်ုပ်တို့အားလုံး ဤလောက၏ စပျစ်နွယ်ပင်ကြောင့် မညစ်ညူးရန်လည်းကောင်း၊ ဤသို့ပြုခြင်းဖြင့် ယေဟောဝါအပြစ်စီရင်သောအခါ မြေကြီးပေါ်မှ စပျစ်နွယ်ပင်နှင့်အတူ နင်းချေခြင်းမခံရရန်လည်းကောင်း သန္နိဋ္ဌာန်ချကြပါစို့။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ