ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh စာ. ၂၁၉-စာ. ၂၂၀
  • “မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဗာဗုလုန်၏ ဇာတ်သိမ်းအတွက် ငိုကြွေးခြင်းနှင့် ဝမ်းမြောက်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh စာ. ၂၁၉-စာ. ၂၂၀

နောက်ဆက်တွဲ

“မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း

ဗျာဒိတ်ကျမ်းမှာ စာသားအတိုင်းယူလို့မရတဲ့ အသုံးအနှုန်းတွေ အများကြီးပါတယ်။ (ဗျာဒိတ် ၁:၁) ဥပမာ၊ “မဟာဗာဗုလုန်” ဆိုတဲ့အမည်ကို နဖူးမှာရေးထားတဲ့ အမျိုးသမီးတစ်ဦးအကြောင်း ဖော်ပြထားတယ်။ အဲဒီအမျိုးသမီးဟာ “လူအုပ်များ၊ လူမျိုးများ” အပေါ်မှာထိုင်နေတယ်လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၇:၁၊ ၅၊ ၁၅) တကယ့်အမျိုးသမီးတစ်ဦးက အဲဒီလိုမထိုင်နိုင်တဲ့အတွက်ကြောင့် မဟာဗာဗုလုန်ဆိုတာ ပုံဆောင်ချက်ပဲဖြစ်ရမယ်။ အဲဒီလိုဆိုရင် သူက ဘာကိုပုံဆောင်သလဲ။

အဲဒီပုံဆောင်အမျိုးသမီးက “မြေကြီးပေါ်မှဘုရင်များကို အုပ်စိုးသောနိုင်ငံရှိသည့် မြို့ကြီးကိုဆိုလို” တယ်လို့ ဗျာဒိတ် ၁၇:၁၈ မှာဖော်ပြတယ်။ “မြို့ကြီး” ဆိုတဲ့စကားလုံးက လူ့အဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းတယ်။ ဒီ “မြို့ကြီး” က “မြေကြီးပေါ်မှဘုရင်များ” ကိုထိန်းချုပ်ထားတဲ့အတွက် မဟာဗာဗုလုန်အမည်ရှိတဲ့ အမျိုးသမီးဟာ နိုင်ငံတကာအတိုင်းအတာနဲ့ ဩဇာလွှမ်းမိုးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ရမယ်။ ဒါကို ကမ္ဘာ့အင်ပါယာတစ်ခုလို့ သင့်တော်စွာ ခေါ်နိုင်ပါတယ်။ ဘယ်လိုအင်ပါယာမျိုးလဲ။ ဘာသာရေးအင်ပါယာဖြစ်တယ်။ အဲဒီလိုကောက်ချက်ချလို့ရတဲ့ ဗျာဒိတ်ကျမ်းထဲက သက်ဆိုင်တဲ့ကျမ်းချက်တချို့ကို သတိပြုကြည့်ပါ။

အင်ပါယာဆိုတာ နိုင်ငံရေးအရဖြစ်နိုင်သလို စီးပွားရေးအရလည်း ဖြစ်နိုင်တယ်၊ ဘာသာရေးအရလည်း ဖြစ်နိုင်တယ်။ မဟာဗာဗုလုန်အမည်ရှိတဲ့အမျိုးသမီးက နိုင်ငံရေးအင်ပါယာမဟုတ်ဘူး။ အကြောင်းက “မြေကြီးပေါ်မှဘုရင်များ” ဒါမှမဟုတ် ဒီလောကရဲ့ နိုင်ငံရေးအင်အားစုတွေက သူနဲ့ “မတရားမေထုန်ကျူးလွန်” တယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့အတွက်ကြောင့်ဖြစ်တယ်။ အဲဒီမတရားမေထုန်က ဒီမြေကြီးပေါ်မှာရှိတဲ့ အုပ်ချုပ်သူတွေနဲ့ မဟာမိတ်ဖွဲ့တာကို ရည်ညွှန်းပြီး သူ့ကို “ပြည့်တန်ဆာကြီး” လို့ ဘာကြောင့်ခေါ်ရတယ်ဆိုတာ ရှင်းပြတယ်။—ဗျာဒိတ် ၁၇:၁၊ ၂; ယာကုပ် ၄:၄။

မဟာဗာဗုလုန်ဟာ စီးပွားရေးအင်ပါယာလည်း မဖြစ်နိုင်ဘူး။ အကြောင်းကတော့ စီးပွားရေးအင်အားစုတွေကို ကိုယ်စားပြုတဲ့ ‘မြေကြီးပေါ်မှကုန်သည်များ’ က သူပျက်စီးချိန်မှာ ငိုကြွေးမြည်တမ်းကြလို့ပဲ။ ဘုရင်များနဲ့ ကုန်သည်များက မဟာဗာဗုလုန်ကို “အဝေးမှ” ကြည့်နေကြတယ်လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၈:၃၊ ၉၊ ၁၀၊ ၁၅-၁၇) ဒါကြောင့် မဟာဗာဗုလုန်ဟာ နိုင်ငံရေးအင်ပါယာမဟုတ်သလို စီးပွားရေးအင်ပါယာလည်းမဟုတ်ဘဲ ဘာသာရေးအင်ပါယာဖြစ်တယ်လို့ ကောက်ချက်ချခြင်းက ကျိုးကြောင်းဆီလျော်ပါတယ်။

သူ့ရဲ့ “နတ်ဆိုးပညာ” အားဖြင့် လူအမျိုးမျိုးတို့ကို လှည့်ဖြားတယ်ဆိုတဲ့ ဖော်ပြချက်ကလည်း မဟာဗာဗုလုန်ဟာ ဘာသာရေးဖြစ်တယ်ဆိုတဲ့အချက်ကို ထပ်ဆင့် အတည်ပြုထောက်ခံတယ်။ (ဗျာဒိတ် ၁၈:၂၃) နတ်ဆိုးအတတ်ပညာမှန်သမျှဟာ ဘာသာရေးနဲ့ဆက်နွှယ်နေပြီး နတ်ဆိုးတွေဆီကနေ အရင်းခံတဲ့အတွက်ကြောင့် သမ္မာကျမ်းစာက မဟာဗာဗုလုန်ကို “နတ်ဆိုးများနေထိုင်ရာ” လို့ခေါ်တာဟာ အံ့ဩစရာမဟုတ်ဘူး။ (ဗျာဒိတ် ၁၈:၂; တရားဟောရာ ၁၈:၁၀-၁၂) ဒီအင်ပါယာက စစ်မှန်တဲ့ဘာသာကို ဒေါသတကြီးဆန့်ကျင်ပြီး “ပရောဖက်တို့” နဲ့ “သန့်ရှင်းသူတို့” ကို နှိပ်စက်ညှဉ်းပန်းတယ်လို့လည်း ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၈:၂၄) အမှန်တော့ မဟာဗာဗုလုန်က “ယေရှု၏သက်သေခံတို့” ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းရုံသာမက သတ်ပစ်တဲ့အထိတောင် စစ်မှန်တဲ့ဘာသာကို အလွန်မုန်းတီးခဲ့ကြတယ်။ (ဗျာဒိတ် ၁၇:၆) ဒါကြောင့် မဟာဗာဗုလုန်အမည်ရှိတဲ့ ဒီအမျိုးသမီးဟာ ယေဟောဝါဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘာသာရေးအားလုံးပါဝင်တဲ့ ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာကို ကိုယ်စားပြုတယ်ဆိုတာ ထင်ရှားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ