-
၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
-
-
ကောင်းကင်ဘုရင်အဖြစ် ယေရှု ‘ရောက်ရှိ’ တဲ့အခါ ထူးခြားတဲ့ကမ္ဘာ့ဖြစ်ရပ်တွေဖြစ်တဲ့ စစ်ပွဲ၊ အစာခေါင်းပါးခြင်း၊ မြေငလျင်၊ ကပ်ရောဂါတွေ ဖြစ်မယ်လို့ ယေရှုကြိုပြောခဲ့တယ်။ (မဿဲ ၂၄:၃-၈; လုကာ ၂၁:၁၁) အဲဒီဖြစ်ရပ်တွေက ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် တကယ် စတင်အုပ်ချုပ်ကြောင်း၊ ဒီလောကစနစ်ဆိုးရဲ့ ‘နောက်ဆုံးကာလ’ စတင်ကြောင်း အခိုင်အမာသက်သေထူပါတယ်။—၂ တိမောသေ ၃:၁-၅။
-
-
ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲသမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
-
-
နောက်ဆက်တွဲ
ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲ
မိက္ခေလအမည်ရှိတဲ့ ဝိညာဉ်သတ္တဝါအကြောင်းကို သမ္မာကျမ်းစာမှာ မကြာခဏ မဖော်ပြဘူး။ ဒါပေမဲ့ သူ့ကိုရည်ညွှန်းတဲ့အခါ သူ့ရဲ့လုပ်ဆောင်မှုနဲ့တွဲပြီး ဖော်ပြတယ်။ ဒံယေလကျမ်းမှာ မိက္ခေလက ကောင်းကင်တမန်ဆိုးတွေနဲ့ တိုက်ခိုက်နေတယ်၊ ယုဒကျမ်းမှာ စာတန်နဲ့ငြင်းခုံနေတယ်၊ ဗျာဒိတ်ကျမ်းမှာ မာရ်နတ်၊ နတ်ဆိုးတွေနဲ့ စစ်တိုက်နေတယ်လို့ ဖော်ပြထားတယ်။ ယေဟောဝါရဲ့အုပ်ချုပ်မှုကို ကာကွယ်ရာမှာ၊ ဘုရားသခင့်ရန်သူတွေကို တိုက်ခိုက်ရာမှာ မိက္ခေလက “ဘုရားသခင်နှင့် မည်သူတူသနည်း” ဆိုတဲ့ သူ့နာမည်ရဲ့အဓိပ္ပာယ်နဲ့အညီ လုပ်ဆောင်တယ်။ ဒါဆိုရင် မိက္ခေလက ဘယ်သူလဲ။
တစ်ခါတလေ လူတစ်ယောက်မှာ နာမည်တစ်မျိုးထက်မက ရှိတယ်။ ဥပမာ၊ ဘိုးဘေးယာကုပ်ကို ဣသရေလ (အစ္စရေး)၊ တမန်တော်ပေတရုကို ရှိမုန်ဆိုပြီး သိခဲ့ကြတယ်။ (ကမ္ဘာဦး ၄၉:၁၊ ၂; မဿဲ ၁၀:၂) အဲဒီလိုပဲ မိက္ခေလဆိုတာ ယေရှုခရစ်ရဲ့နာမည် နောက်တစ်မျိုးဖြစ်ပြီး မြေကြီးပေါ်မလာခင်နဲ့ မြေကြီးအသက်တာနောက်ပိုင်းမှာ အသုံးပြုတဲ့ အမည်ဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒီလိုကောက်ချက်ချရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ကြစို့။
ကောင်းကင်တမန်မင်း။ သမ္မာကျမ်းစာမှာ “ကောင်းကင်တမန်မင်း” မိက္ခေလဆိုပြီး ဖော်ပြတယ်။ (ယုဒ ၉) မိက္ခေလကို ကောင်းကင်တမန်မင်းလို့ ခေါ်ထားတာကို သတိပြုပါ။ ဒါက အဲဒီလိုမျိုး ကောင်းကင်တမန်တစ်ပါးတည်းပဲ ရှိတယ်ဆိုတာ ဖော်ပြတယ်။ “ကောင်းကင်တမန်မင်း” ဆိုတဲ့ အသုံးအနှုန်းကို သမ္မာကျမ်းစာမှာ အနည်းကိန်းနဲ့ သုံးနှုန်းထားပြီး “ကောင်းကင်တမန်မင်းများ” ဆိုတဲ့ အများကိန်းကို ဘယ်တော့မှအသုံးမပြုဘူး။ ဒါ့အပြင် ယေရှုကို ကောင်းကင်တမန်မင်းရာထူးနဲ့ ဆက်စပ်ဖော်ပြတယ်။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ သခင်ယေရှုခရစ်နဲ့ပတ်သက်ပြီး ၁ သက်သာလောနိတ် ၄:၁၆ မှာ ‘သခင်ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံတို့နှင့် ကောင်းကင်ဘုံမှဆင်းသက်’ တယ်လို့ဖော်ပြထားတယ်။ ယေရှုရဲ့အသံကို ကောင်းကင်တမန်မင်းရဲ့အသံအဖြစ် ဖော်ပြထားတယ်။ ဒါကြောင့် ယေရှုကိုယ်တော်တိုင်က ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တယ်ဆိုတာ ဒီကျမ်းချက်က ဖော်ပြတယ်။
စစ်တပ်ခေါင်းဆောင်။ ကျမ်းစာမှာ “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် တိုက်ခိုက်ကြ၏” လို့ဖော်ပြတယ်။ (ဗျာဒိတ် ၁၂:၇) ဒါကြောင့် မိက္ခေလဟာ သစ္စာရှိကောင်းကင်တမန်တပ်ကို ဦးဆောင်သူဖြစ်တယ်။ ဗျာဒိတ်ကျမ်းမှာ ယေရှုကို သစ္စာရှိကောင်းကင်တမန်တပ်ရဲ့ ခေါင်းဆောင်အဖြစ်လည်း ဖော်ပြတယ်။ (ဗျာဒိတ် ၁၉:၁၄-၁၆) ဒါ့အပြင် တမန်တော်ပေါလုက “သခင်ယေရှု” နဲ့ ‘သူ့ရဲ့တန်ခိုးကြီးသော ကောင်းကင်တမန်များ’ အကြောင်း သတ်သတ်မှတ်မှတ် ဖော်ပြတယ်။ (၂ သက်သာလောနိတ် ၁:၇) ဒါကြောင့် ကျမ်းစာမှာ မိက္ခေလနဲ့ ‘သူ့ရဲ့ကောင်းကင်တမန်များ’ အကြောင်းကိုရော ယေရှုနဲ့ ‘သူ့ရဲ့ကောင်းကင်တမန်များ’ အကြောင်းကိုပါ ဖော်ပြတယ်။ (မဿဲ ၁၃:၄၁; ၁၆:၂၇; ၂၄:၃၁; ၁ ပေတရု ၃:၂၂) သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာမှ သစ္စာရှိကောင်းကင်တမန်တပ်နှစ်တပ်ဖြစ်တဲ့ မိက္ခေလဦးစီးတဲ့တပ်နဲ့ ယေရှုဦးစီးတဲ့တပ်အကြောင်း မဖော်ပြတဲ့အတွက် မိက္ခေလဟာ ကောင်းကင်ဆိုင်ရာတာဝန်တွေကို ထမ်းဆောင်တဲ့ ယေရှုခရစ်ကလွဲလို့ တခြားသူမဖြစ်နိုင်ဘူးလို့ ကောက်ချက်ချတာက ဆင်ခြင်တုံတရားနဲ့ညီတယ်။a
a မိက္ခေလဆိုတဲ့အမည်ဟာ ဘုရားသခင့်သားတော်နဲ့သက်ဆိုင်တယ်ဆိုတာ ဖော်ပြတဲ့ ထပ်ဆင့်အချက်အလက်တွေအတွက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်စာအုပ် အတွဲ ၂၊ စာမျက်နှာ ၃၉၃-၃၉၄ [အင်္ဂလိပ်]နဲ့ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာမျက်နှာ ၂၄၃-၂၄၄ တို့ကိုကြည့်ပါ။
-
-
“မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်းသမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
-
-
နောက်ဆက်တွဲ
“မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း
ဗျာဒိတ်ကျမ်းမှာ စာသားအတိုင်းယူလို့မရတဲ့ အသုံးအနှုန်းတွေ အများကြီးပါတယ်။ (ဗျာဒိတ် ၁:၁) ဥပမာ၊ “မဟာဗာဗုလုန်” ဆိုတဲ့အမည်ကို နဖူးမှာရေးထားတဲ့ အမျိုးသမီးတစ်ဦးအကြောင်း ဖော်ပြထားတယ်။ အဲဒီအမျိုးသမီးဟာ “လူအုပ်များ၊ လူမျိုးများ” အပေါ်မှာထိုင်နေတယ်လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၇:၁၊ ၅၊ ၁၅) တကယ့်အမျိုးသမီးတစ်ဦးက အဲဒီလိုမထိုင်နိုင်တဲ့အတွက်ကြောင့် မဟာဗာဗုလုန်ဆိုတာ ပုံဆောင်ချက်ပဲဖြစ်ရမယ်။ အဲဒီလိုဆိုရင် သူက ဘာကိုပုံဆောင်သလဲ။
အဲဒီပုံဆောင်အမျိုးသမီးက “မြေကြီးပေါ်မှဘုရင်များကို အုပ်စိုးသောနိုင်ငံရှိသည့် မြို့ကြီးကိုဆိုလို” တယ်လို့ ဗျာဒိတ် ၁၇:၁၈ မှာဖော်ပြတယ်။ “မြို့ကြီး” ဆိုတဲ့စကားလုံးက လူ့အဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းတယ်။ ဒီ “မြို့ကြီး” က “မြေကြီးပေါ်မှဘုရင်များ” ကိုထိန်းချုပ်ထားတဲ့အတွက် မဟာဗာဗုလုန်အမည်ရှိတဲ့ အမျိုးသမီးဟာ နိုင်ငံ
-