ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း
    နိုးလော့!—၂၀၀၂ | ဇန်နဝါရီ ၈
    • မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း

      “ကွာရှင်းမှုနှုန်းများသော လူ့ဘောင်အဖွဲ့အစည်း၌ လင်မယားကွာရှင်းခြင်းဖြင့် အဆုံးသတ်မည့် အလားအလာရှိသော ပျော်ရွှင်မှုမဲ့အိမ်ထောင်များပိုများလာသည်သာမက ပျော်ရွှင်မှုမဲ့လာစရာရှိသော အိမ်ထောင်များမှာလည်း သာ၍တိုးလာလျက်ရှိ၏။”—အမေရိကန်ရှိ မိသားစုရေးရာ အတိုင်ပင်ခံအဖွဲ့အစည်း။

      ဘဝ၏ ပျော်ရွှင်မှုများစွာနှင့် စိတ်ဆင်းရဲမှုများစွာတို့မှာ တစ်ခုတည်းသောရင်းမြစ်—အိမ်ထောင်ရေး—မှ ရရှိသည်ဟုဆိုလေ့ရှိ၏။ အမှန်မှာ ဘဝတွင် ဤမျှကြည်နူးမှုပေးသော သို့မဟုတ် စိတ်မချမ်းမြေ့စေသော အရာမရှိချေ။ ပူးတွဲပါလေးထောင့်ကွက်မှ ဖော်ပြသည့်အတိုင်း မောင်နှံစုံများစွာသည် ဒုတိယတစ်ခုကိုသာ ရင်ဆိုင်နေကြရသည်။

      သို့သော် ကွာရှင်းမှုစာရင်းဇယားများက ပြဿနာ၏တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြပေး၏။ အိမ်ထောင်ရေးသင်္ဘောနစ်မြုပ်၍ အခြားမရေမတွက်နိုင်သူများမှာ ပေါလောမျောနေကြသော်လည်း ရေသေတွင်ဖြစ်သည်။ “သာယာတဲ့မိသားစုလေးတစ်ခု ဖြစ်ခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်မှာတော့ အတော့်ကိုဆိုးလာခဲ့ပါတယ်” ဟုအိမ်ထောင်သက် အနှစ် ၃၀ ကျော်ပြီဖြစ်သော အမျိုးသမီးတစ်ဦးရင်ဖွင့်ခဲ့၏။ “ကျွန်မခင်ပွန်းဟာ ကျွန်မရဲ့ခံစားချက်တွေကို စိတ်မဝင်စားတော့ဘူး။ သူဟာ ကျွန်မရဲ့စိတ်ကို တကယ်ထိခိုက်စေတဲ့ အဆိုးဆုံးရန်သူပါပဲ။” အလားတူ အိမ်ထောင်သက် ၂၅ နှစ်နီးပါးရှိပြီဖြစ်သော ခင်ပွန်းတစ်ဦးက ဤသို့ညည်းတွားခဲ့သည်– “ကျွန်တော့်ကို လုံးဝမချစ်တော့ဘူးလို့ ဇနီးသည်ကပြောလာပါတယ်။ ကျွန်တော်တို့ဟာ အခန်းဖော်တွေလိုပဲနေပြီး အားလပ်အပန်းဖြေချိန်ရောက်တဲ့အခါတွေမှာ ကိုယ့်လမ်းကိုယ်သွားရမယ်ဆိုရင် အဲဒီအခြေအနေကို သူသည်းခံနိုင်ပါတယ်လို့ ပြောတယ်။”

      ထိုသို့ဘေးကျပ်နံကျပ်ဖြစ်နေသူအချို့သည် သူတို့၏အိမ်ထောင်ရေးကို အမှန်ပင်ပြည်ဖုံးကားချလိုက်ကြသည်။ သို့ရာတွင် များစွာသောသူတို့အတွက် ကွာရှင်းချင်တိုင်း ကွာရှင်း၍မရချေ။ အဘယ်ကြောင့်နည်း။ သားရေးသမီးရေး၊ အသိုင်းအဝိုင်းကြားအသရေပျက်ဖွယ်၊ ငွေရေးကြေးရေး၊ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ဘာသာရေးယုံကြည်ချက်များကဲ့သို့သော အကြောင်းရင်းများကြောင့် မောင်နှံစုံတို့သည် မေတ္တာမဲ့သည့်အခြေအနေ၌ပင် ဆက်ပေါင်းသင်းနေထိုင်သွားရပေမည်ဟု ဒေါက်တာ ကာရင်း ကစ်ဇာကဆိုသည်။ “တရားဝင်ကွာရှင်းဟန်မတူသော်လည်း ဤအိမ်ထောင်ဖက်များသည် လူပေါင်းစိတ်ခွာဖြင့် ဆက်နေကြဖို့ ရွေးချယ်လိုက်ကြ၏” ဟုသူကပြောသည်။

      ဆက်ဆံရေးအေးတိအေးစက်ဖြစ်နေသော မောင်နှံတစ်စုံသည် ကျေနပ်ရောင့်ရဲမှုမရှိသောဘဝ၌ မချစ်သော်လည်းအောင့်ကာနမ်းရပေတော့မည်။ မေတ္တာမဲ့အိမ်ထောင်ရေးအတွက် ကွာရှင်းခြင်းသည် တစ်ခုတည်းသောရွေးစရာနည်းလမ်းလော။ ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိသော အိမ်ထောင်များစွာသည် အိမ်ထောင်ပြိုကွဲခြင်း၏ ဝမ်းနည်းဖွယ်အဖြစ်မှသာမက မချစ်မနှစ်သက်ဘဲပေါင်းရခြင်း၏ စိတ်ဆင်းရဲမှုမှလည်း လွတ်မြောက်စေနိုင်ခဲ့ကြောင်း အတွေ့အကြုံများက သက်သေထူသည်။

  • မျှော်လင့်စရာအကြောင်း ရှိသေးသလော
    နိုးလော့!—၂၀၀၂ | ဇန်နဝါရီ ၈
    • မျှော်လင့်စရာအကြောင်း ရှိသေးသလော

      “မသာယာသောအိမ်ထောင်များ၌ ပြဿနာတစ်ရပ်မှာ အရာရာသည် ပိုကောင်းမလာနိုင်တော့ဟူသည့် အရိုးစွဲနေသော ခံယူချက်ဖြစ်၏။ ထိုခံယူချက်သည် ပြောင်းလဲမှုကို ကမောက်ကမဖြစ်စေ၏၊ အကြောင်းမှာ ယင်းက တည်ဆောက်ပေးသော မည်သည့်အရာအတွက်မဆို ကြိုးစားဖို့ စိတ်လှုံ့ဆော်မှုကို ပျောက်လွင့်စေ၏။”—ဒေါက်တာ အဲရုန် တီ.ဘီခ်။

      သင်သည် ဝေဒနာခံစားနေရပြီး ဆေးစစ်ရန် ဆရာဝန်ထံသွားသည်ဆိုကြပါစို့။ သင်စိတ်တထင့်ထင့်ဖြစ်မည်မှာ မလွဲချေ။ ထိုထက်ကား သင့်ကျန်းမာရေး—သင့်အသက်ပင်—အန္တရာယ်ရှိနေပေမည်။ သို့သော် ဆေးစစ်ပြီးနောက် ဆရာဝန်က သင့်ရောဂါမှာ အသေးအဖွဲမဟုတ်သော်လည်း ယင်းကို ကုသနိုင်သည်ဟု သတင်းကောင်းပါးလိုက်သည်ဆိုပါစို့။ အမှန်မှာ ဆရာဝန်က သင့်အား ဓာတ်စာစားခြင်းနှင့် လေ့ကျင့်ခန်းအစီအစဉ်တစ်ရပ်ကို ဂရုတစိုက်လိုက်နာမည်ဆိုလျှင် လုံးဝပြန်ကောင်းလာဖို့ မျှော်လင့်နိုင်သည်ဟုပြောလိုက်သည်။ သင်သည် အမှန်ပင် အလွန်စိတ်သက်သာရာရကာ သူ၏အကြံပြုချက်ကို ဝမ်းပန်းတသာ လိုက်လျှောက်ပေမည်!

      ဤအဖြစ်သနစ်ကို လက်ရှိအကြောင်းအရာနှင့် နှိုင်းယှဉ်ကြည့်ပါ။ သင့်အိမ်ထောင်ရေး၌ စိတ်ဆင်းရဲနေပါသလော။ အိမ်ထောင်တိုင်း၌ ပြဿနာများနှင့် သဘောထားကွဲလွဲမှုများရှိမည်ကား အမှန်။ သို့ဖြစ်၍ တဒင်္ဂဆက်ဆံရေးကျဲခြင်းက သင်တို့သည် မေတ္တာမဲ့သောအိမ်ထောင်ရေး၌ ရှိနေသည်ဟုဆိုခြင်းမဟုတ်ချေ။ သို့သော် စိတ်ဆင်းရဲသည့်အခြေအနေမှာ ရက်သတ္တပတ်များ၊ လများ သို့မဟုတ် နှစ်များပင်ချီ၍ရှိနေလျှင်ကော အသို့နည်း။ ထိုသို့ဖြစ်လျှင် ယင်းသည် အသေးအဖွဲကိစ္စမဟုတ်သောကြောင့် စိုးရိမ်ကြောင့်ကြသင့်ပေသည်။ အမှန်မှာ သင့်အိမ်ထောင်၏ဂုဏ်ရည်သည် သင့်ဘဝ၏ကဏ္ဍတိုင်းနှင့် သင့်ကလေးများ၏ဘဝကဏ္ဍတိုင်းကို ထိခိုက်နိုင်သည်။ ပမာပြရလျှင် အိမ်ထောင်ရေးမသာယာမှုသည် စိတ်ဓာတ်ကျဆင်းခြင်း၊ အလုပ်ခွင်၌ လုပ်ရည်ကိုင်ရည်ကျဆင်းခြင်းနှင့် ကျောင်း၌ ကလေးများ၏အောင်မြင်မှုမရှိခြင်း စသည့်ပြဿနာများအတွက် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ကြောင်း ယူဆကြ၏။ သို့သော် ထိုမျှမကချေ။ မိမိတို့၏အိမ်ထောင်ဖက်နှင့်ရှိသောဆက်ဆံရေးက ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း ခရစ်ယာန်များအသိအမှတ်ပြုကြသည်။—၁ ပေတရု ၃:၇။

      သင်နှင့် သင့်အိမ်ထောင်ဖက်စပ်ကြားရှိပြဿနာများက အဆိုပါအခြေအနေသည် မျှော်လင့်စရာမရှိတော့ဟု ဆိုလိုခြင်းမဟုတ်ချေ။ စိန်ခေါ်ချက်များရှိလိမ့်မည်ဖြစ်၍ အိမ်ထောင်ရေးကိုအရှိအတိုင်း ရင်ဆိုင်ခြင်းက မောင်နှံစုံတစ်စုံအား သူတို့၏ပြဿနာများကို အရှိအတိုင်းရှုမြင်စေနိုင်ကာ ဖြေရှင်းပေးစေနိုင်သည်။ အိုင်းဇက်အမည်ရှိ ခင်ပွန်းတစ်ဦးက ဤသို့ပြောသည်– “အိမ်ထောင်သက်တစ်လျှောက် မောင်နှံစုံတွေ ပျော်တလှည့်မပျော်တလှည့်ဖြစ်တာ ဓမ္မတာပဲလို့ ကျွန်တော်တော့မယူမှတ်ဘူး။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့ပဲဖြစ်ရမယ်။”

      သင့်အိမ်ထောင်သည် မေတ္တာမဲ့အခြေအနေအထိ ဆိုးရွားလာသည့်တိုင် ယင်းကို ကယ်ဆယ်နိုင်ပါသည်။ ပြဿနာဖြစ်ခဲ့သော ဆက်ဆံရေးတစ်ခု၏ဒဏ်ချက်များမှာ နက်ရှိုင်းမည်ကား အမှန်၊ အထူးသဖြင့် ပြဿနာများသည် နှစ်ချီ၍ရှိခဲ့လျှင်ဖြစ်သည်။ သို့တိုင် မျှော်လင့်ချက်အတွက် ခိုင်လုံသောအကြောင်းရှိ၏။ စိတ်လှုံ့ဆော်မှုမှာ အရေးကြီးသောအချက်ဖြစ်သည်။ ယင်းကို နှစ်ဦးစလုံးအရေးတယူပြုမည်ဆိုလျှင် ကြီးလေးသော

  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂ | ဇန်နဝါရီ ၈
    • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!

      သမ္မာကျမ်းစာတွင် လင်မယားတို့ကို အကျိုးကျေးဇူးရရှိစေနိုင်သည့် လက်တွေ့ကျဆုံးမစကား အမြောက်အမြားပါရှိ၏။ သမ္မာကျမ်းစာကို မှုတ်သွင်းသောပုဂ္ဂိုလ်မှာ အိမ်ထောင်ရေးအစီအစဉ်ကို အစပြုသူဖြစ်ရာ ယင်းသည် အံ့အားသင့်စရာမဟုတ်ချေ။

      သမ္မာကျမ်းစာက အိမ်ထောင်ရေးကို ကွင်းကွင်းကွက်ကွက်သရုပ်ဖော်ထား၏။ လင်မယားတို့တွင် “လောကညှဉ်းဆဲခြင်း၊” သို့မဟုတ် အင်္ဂလိပ်ကျမ်းစာသစ်အရ “နာကျင်မှုနှင့် ပူဆွေးမှု” ကိုခံရမည်ဟု ယင်းက အသိအမှတ်ပြုသည်။ (၁ ကောရိန္သု ၇:၂၈) သို့တိုင် သမ္မာကျမ်းစာက အိမ်ထောင်ရေးသည် ရွှင်လန်းမှု၊ ဝမ်းသာပီတိပင်ဖြစ်စေနိုင်ကြောင်းနှင့် ဖြစ်စေသင့်ကြောင်းလည်းဆိုထား၏။ (သု. ၅:၁၈၊ ၁၉) ဤယူဆချက်နှစ်ရပ်မှာ ဆန့်ကျင်မနေပါ။ ယင်းတို့က ကြီးလေးသောပြဿနာများရှိစေကာမူ မောင်နှံစုံတို့သည် ရင်းနှီး၍ မေတ္တာပါသောဆက်ဆံရေး ရနိုင်ကြောင်း ဖော်ပြခြင်းမျှသာဖြစ်၏။

  • အဘယ်ကြောင့် မေတ္တာညှိုးနွမ်းရသနည်း
    နိုးလော့!—၂၀၀၂ | ဇန်နဝါရီ ၈
    • အဘယ်ကြောင့် မေတ္တာညှိုးနွမ်းရသနည်း

      “မေတ္တာသက်ဝင်ဖို့က မေတ္တာဖြင့်စွဲမြဲနေထိုင်ဖို့ထက် သာ၍လွယ်ကူပုံရှိ၏။”—ဒေါက်တာ ကားရင် ကစ်ဇာ။

      မေတ္တာမဲ့အိမ်ထောင်ရေး တိုးများလာခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ အိမ်ထောင်ရေးဟူသည် လူသားတို့၏ ရှုပ်ထွေးသောပေါင်းသင်းဆက်ဆံရေးတစ်ရပ်ဖြစ်ပြီး များစွာသောသူတို့က ပြင်ဆင်မှုမရှိဘဲ အိမ်ထောင်ပြုကြ၏။ “ကားလိုင်စင်ရလိုတဲ့အခါ ကျွန်တော်တို့ဟာ ကားမောင်းကျွမ်းကျင်ကြောင်း လက်တွေ့ပြဖို့လိုတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်လိုင်စင်တွေကိုတော့ လက်မှတ်တစ်ခုထိုးလိုက်ရုံနဲ့ ရနိုင်ပါတယ်” ဟု ဒေါက်တာ ဒင်း အက်စ်. အီဒဲလ်ကဆိုသည်။

      သို့ဖြစ်၍ အိမ်ထောင်များစွာသည် အောင်မြင်ပြီး အမှန်ပျော်ရွှင်ကြစဉ် အချို့မှာ အားခဲကြရ၏။ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးသည် မျှော်လင့်ချက်ကြီးကြီးဖြင့် လက်ထပ်လိုက်ကြသော်လည်း ရေရှည်ဆက်ဆံရေးအတွက် လိုအပ်သောကျွမ်းကျင်မှုများ မရှိ၍ဖြစ်ကောင်းဖြစ်ပေမည်။ ဒေါက်တာ ဟယ်ရီ ရိုက်စ်က “လူတွေဟာ ဦးဆုံးကျွမ်းဝင်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အလွန်ယုံကြည်စိတ်ချရပါတယ်လို့ ခံစားတတ်ကြတယ်” ဟုရှင်းပြသည်။ သူတို့သည် လက်တွဲဖော်ကို “မိမိလို ရှုမြင်တတ်တာ တစ်မိုးအောက်မှာ ဒီတစ်ယောက်တည်း” ဟုယူမှတ်တတ်ကြသည်။ “တစ်ခါတလေ အဲဒီခံစားချက်ပျောက်သွားတတ်တယ်၊ အဲဒီလိုပျောက်သွားတဲ့အခါ အိမ်ထောင်ရေးကို တကယ်ပဲထိခိုက်နစ်နာစေနိုင်ပါတယ်။”

      အိမ်ထောင်များစွာသည် ထိုအခြေအနေသို့ မဆိုက်ရောက်ကြခြင်းမှာ ဝမ်းသာစရာပင်။ သို့သော် မေတ္တာညှိုးနွမ်းစေသည့် အကြောင်းရင်းတချို့ကို ကျွန်ုပ်တို့ အကျဉ်းချုံးသုံးသပ်ကြည့်ကြစို့။

      အထင်နှင့်အမြင်လွဲခြင်း—“ငါမျှော်လင့်ထားတာ ဒီလိုမဟုတ်ဘူး”

      “ဂျင်းကို ကျွန်မလက်ထပ်တုန်းက ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြ၊ ကြင်နာကြ၊ စာနာကြနဲ့ အိပ်မောကျနေတဲ့မင်းသမီးလေးနဲ့ စွဲမက်စရာကောင်းတဲ့မင်းသားလေးပုံပြင်လို ဖြစ်မယ်လို့ထင်ခဲ့မိတာ” ဟုရို့စ်ကပြောသည်။ သို့တိုင် အတော်လေးကြာပြီးနောက် ရို့စ်၏ “မင်းသားလေး” မှာ စွဲမက်စရာသိပ်ကောင်းပုံ မရှိတော့ချေ။ “သူနဲ့ပတ်သက်လို့ အတော့်ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တယ်” ဟုသူကဆိုသည်။

      ရုပ်ရှင်များ၊ စာအုပ်များနှင့် လူကြိုက်များသောတေးသီချင်းများစွာက ချစ်ခြင်းကို စိတ်ကူးယဉ်ဆန်ဆန်သရုပ်ဖော်တတ်ကြ၏။ သမီးရည်းစားဘဝ၌ရှိစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မိမိတို့၏အိပ်မက်လေး တကယ်ဖြစ်လာမည်ဟု ယူမှတ်ကြပေမည်; သို့သော် အိမ်ထောင်သက်အနည်းငယ်ရပြီးနောက်မှ မိမိတို့သည် အမှန်ပင် အိပ်မက်မက်ခဲ့ကြောင်း ကောက်ချက်ချကြသည်! လူတစ်ဦး၏အိမ်ထောင်ရေးသည် အချစ်ဝတ္ထုထဲကအတိုင်း ဖြစ်မလာသည့်အခါ တက်တက်စင်အောင်လွဲသွားသည့်အလားဖြစ်ပေမည်။

      အိမ်ထောင်ရေး၌ မျှော်လင့်ထားရာအချို့မှာ လုံးဝလျောက်ပတ်သည်မှာ မှန်ပါသည်။ ဥပမာ၊ မေတ္တာ၊ ဂရုစိုက်မှုနှင့် အိမ်ထောင်ဖက်တစ်ဦး၏ထောက်မမှုတို့ကို မျှော်လင့်ခြင်းမှာ လျောက်ပတ်ပါသည်။ သို့တိုင် ဤဆန္ဒများပင် မပြည့်ဘဲဖြစ်ပေလိမ့်မည်။ “ကျွန်မဟာ အိမ်ထောင်သည်မဟုတ်သလိုဘဲ ခံစားရတယ်” ဟု အိန္ဒိယမှ အိမ်ထောင်ပြုပြီးခါစမိန်းမငယ် မီနာကဆိုသည်။ “အထီးကျန်ပြီး လျစ်လျူရှုခံရတယ်လို့ ကျွန်မခံစားရတယ်။”

      အသွင်မတူခြင်း—“ဘယ်နေရာမှာမှ အသွင်မတူကြဘူး”

      “ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ အရာရာမှာ ပြဒါးတစ်လမ်းသံတစ်လမ်းပါပဲ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။ “သူ့ကိုလက်ထပ်ဖို့ ကျွန်မဆုံး

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ