ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁/၁ စာ. ၁၂
  • ကတိများကို ပြည့်စုံစေတော်မူသောအရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကတိများကို ပြည့်စုံစေတော်မူသောအရှင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀ကို အောင်မြင်စေလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် ပျက်ကွက်ခြင်းမရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁/၁ စာ. ၁၂

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

ကတိများကို ပြည့်စုံစေတော်မူသောအရှင်

ယောရှု ၂၃:၁၄

အခြားသူများကို ယုံကြည်ကိုးစားဖို့ သင့်အတွက် ခက်ပါသလော။ ကျွန်ုပ်တို့နေထိုင်ရာ ဤလောကတွင် ယုံကြည်ကိုးစားမှုသည် အမြဲလိုလို အဖျက်ခံနေရသောကြောင့် ဝမ်းနည်းစရာပင်။ ယုံကြည်စိတ်ချရသူတစ်ဦး၏ လိမ်လည်မှု သို့မဟုတ် ကတိပျက်မှုကြောင့် သင်စိတ်ထိခိုက်သွားသည့်အခါ သူ့အပေါ် သင့်ယုံကြည်ကိုးစားမှု ပျက်စီးသွားပေမည်။ သို့သော် သင်ဘယ်တော့မျှ စိတ်မပျက်ရဘဲ ယုံကြည်ကိုးစားနိုင်သူတစ်ဦးရှိပါသည်။ ‘ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့’ ဟုကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းသည်။ (သု. ၃:၅) ယေဟောဝါဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်ကိုးစားထိုက်သနည်း။ အဖြေရရန် ယောရှု ၂၃:၁၄ တွင် မှတ်တမ်းတင်ထားသော ယေဟောဝါဘုရားသခင်အား အကြွင်းမဲ့ယုံကြည်ကိုးစားခဲ့သူ ယောရှု၏စကားများကို ဆန်းစစ်ကြည့်ကြစို့။

အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ အစ္စရေးလူမျိုး၏ခေါင်းဆောင်အဖြစ် မောရှေ၏နေရာကိုဆက်ခံသော ယောရှုသည် အသက် ၁၁၀ နီးပါးရှိနေပြီဖြစ်သည်။ သူ့အသက်တာတစ်လျှောက်လုံးတွင် အစ္စရေးလူမျိုး၏အကျိုးအတွက် ယေဟောဝါဘုရားသခင်လုပ်ဆောင်ပေးခဲ့သော တန်ခိုးကြီးလုပ်ရပ်များစွာကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ယင်းတို့တွင် လွန်ခဲ့သော အနှစ် ၆၀ ခန့်က ပင်လယ်နီမှ အံ့ဖွယ်ကယ်နုတ်ခြင်းလည်း ပါဝင်သည်။ ယခု မိမိအသက်တာကို နောက်ကြောင်းပြန်စဉ်းစားကာ ယောရှုသည် အစ္စရေးအမျိုး “အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများ” ကို ခေါ်လိုက်သည်။ (ယောရှု ၂၃:၂) ယခု သူပြောဆိုမည့်စကားများသည် အသက်အရွယ်ကြောင့် ရရှိလာသော ဉာဏ်ပညာကိုသာမက ယုံကြည်ခြင်းအပြည့်ရှိသော တွေးတောဆင်ခြင်မှုများကိုပါ ဖော်ပြသည်။

“ငါသော်ကား မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့ သွားလုပြီ” ဟုယောရှု ရှင်းပြသည်။ “မြေသားအပေါင်းတို့သွားရာလမ်း” ဟူသည် သေခြင်းကို တင်စား၍သုံးနှုန်းခြင်းဖြစ်သည်။ “ငါ ကြာကြာ အသက်ရှင်တော့မှာမဟုတ်ဘူး” ဟူ၍ ယောရှုပြောဆိုနေခြင်းဖြစ်သည်။ ယောရှုသည် မိမိသေခါနီးပြီကိုသိသောအခါ မိမိဘ၀အကြောင်းကို အချိန်များစွာပေး၍ တွေးတောဆင်ခြင်ခဲ့မည်မှာ သေချာသည်။ သူသည် ဝတ်ပြုသူချင်းများကို အဘယ်နှုတ်ဆက်စကား ပြောဆိုခဲ့သနည်း။

ယောရှု ဤသို့ဆက်ဆိုသည်–  ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ  မယုတ်မလျော့၊  အကုန်အစင်ပြည့်စုံ၏။’  ယင်းသည်  ဘုရားသခင်အား အကြွင်းမဲ့ကိုးစားခဲ့သူတစ်ဦးပြောခဲ့သော စကားများဖြစ်သည်။ အဘယ်ကြောင့် သူ ထိုသို့ပြောဆိုခဲ့သနည်း။ ယောရှုသည် မိမိတွေ့ မြင်ခဲ့သမျှကို ပြန်ပြောင်းဆင်ခြင်ကြည့်သော် ယေဟောဝါဘုရားသခင်၏ ကတိတော်များ အမြဲပြည့်စုံတော်မူကြောင်း သိရှိလာခဲ့သည်။a ယောရှုထိုသို့ပြောဆိုရသည့် ရည်ရွယ်ချက်မှာ ရှင်းနေပါသည်– အနာဂတ်အတွက် ယေဟောဝါဘုရားသခင် ပေးထားသော ကတိတော်အားလုံး ပြည့်စုံလာမည်ဖြစ်ကြောင်း အစ္စရေးအမျိုးသားချင်းများကို သူ အကြွင်းမဲ့ယုံကြည်စိတ်ချစေလိုသည်။

ယောရှု ၂၃:၁၄ နှင့်ပတ်သက်၍ ကျမ်းစာဆိုင်ရာ ကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “ကတိတစ်ခုကို ဘုရားသခင် ပျက်ကွက်ခဲ့သည် သို့မဟုတ် မေ့လျော့ခဲ့သည်ဟူသော သာဓကတစ်ရပ်ကို တွေ့ နိုင်ရန် သမ္မာကျမ်းစာပါ ကတိတော်အားလုံးကို ထုတ်နုတ်ပါ။ ယင်းနောက် ကမ္ဘာ့သမိုင်းမှတ်တမ်းများကို ရှာဖွေဆန်းစစ်ပါ။ ပြီးလျှင် သမိုင်းဝင်ပုဂ္ဂိုလ်များကို မေးမြန်းစူးစမ်းပါ။” ထိုသို့လေ့လာဆန်းစစ်နိုင်ပါက ကျွန်ုပ်တို့လည်း ယောရှုကဲ့သို့ပင် ယေဟောဝါဘုရားသခင်၏ ကတိတော်များသည် အကုန်အစင်ပြည့်စုံ၏ဟု ပြောဆိုနိုင်ပါလိမ့်မည်။—၃ ဓမ္မရာဇဝင် ၈:၅၆; ဟေရှာယ ၅၅:၁၀၊ ၁၁။

ကျွန်ုပ်တို့မျက်မြင်ကိုယ်တွေ့  ကြုံနေရသော၊  ပြည့်စုံလျက်ရှိသော  ဘုရားသခင့်ကတိတော်တချို့အပါအဝင် ပြည့်စုံခဲ့ပြီးသည့်  ကတိတော်များအကြောင်းကို သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားပါသည်။ ထို့ပြင် အနာဂတ်တွင် ပြည့်စုံလာဦးမည့် ဘုရားသခင့်ကတိတော်များအကြောင်းကိုလည်း ဖော်ပြထား၏။b ထိုအကြောင်းများကို သင်ကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်ပါလေ။ သမ္မာကျမ်းစာကို လေ့လာကြည့်မည်ဆိုလျှင် ကတိတော်များကို ပြည့်စုံစေတော်မူသောအရှင်သည် ယုံကြည်ကိုးစားထိုက်ကြောင်း သင်လက်ခံလာပေမည်။

[အောက်ခြေမှတ်ချက်]

a ဤတွင် ယောရှု တွေ့ မြင်ခဲ့သော ကတိတော်များ၏ ပြည့်စုံချက်အချို့ကို ဖော်ပြထားပါသည်။ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူမျိုးကို နိုင်ငံတစ်နိုင်ငံပေးမည်။ (ကမ္ဘာဦး ၁၂:၇ နှင့် ယောရှု ၁၁:၂၃ တို့ကို နှိုင်းယှဉ်ပါ။) သူတို့ကို အီဂျစ်ပြည်မှ ကယ်နုတ်မည်။ (ထွက်မြောက်ရာ ၃:၈ နှင့် ထွက်မြောက်ရာ ၁၂:၂၉-၃၂ တို့ကို နှိုင်းယှဉ်ပါ။) သူတို့ကို ယေဟောဝါဘုရားသခင် ထောက်မတော်မူမည်။—ထွက်မြောက်ရာ ၁၆:၄၊ ၁၃-၁၅ နှင့် တရားဟောရာ ၈:၃၊ ၄ တို့ကို နှိုင်းယှဉ်ပါ။

b ကျွန်ုပ်တို့၏အနာဂတ်အတွက် ဘုရားသခင့်ကတိတော်များနှင့်ပတ်သက်၍ ပိုမိုသိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော “သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း” စာအုပ်၏ အခန်း ၃၊ ၇ နှင့် ၈ တို့ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ