ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၂/၁ စာ. ၁၀
  • ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ဆက်တည်ရှိနေဦးမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ဆက်တည်ရှိနေဦးမလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မြေကြီး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကျွန်ုပ်တို့၏ ကမ္ဘာ ဖျက်ဆီးခံရမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၂/၁ စာ. ၁၀

စာရှုသူများအမေး

၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ဆက်တည်ရှိနေဦးမလား

▪ “ကမ္ဘာပျက်တော့မယ်ဆိုတဲ့အထင်နဲ့ လူများစွာဟာ ပြင်သစ်နိုင်ငံက ရွာတစ်ရွာကို ရောက်လာကြတယ်။ . . . ရှေးခေတ်မာရာလူမျိုးတွေရဲ့ ပြက္ခဒိန်သက်တမ်းက ၅,၁၂၅ နှစ်အထိပဲရှိပြီး ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အဲဒီပြက္ခဒိန် ကုန်ဆုံးသွားပြီဖြစ်လို့ ကမ္ဘာကြီးလည်း ပျက်စီးသွားမယ်ဆိုပြီး သူတို့ယုံကြည်ကြတယ်။”—BBC News.

ဘာသာရေးခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်လို့ ဆိုကြတဲ့သူတွေနဲ့ ၂၁ ရာစု ဟောကိန်းထုတ်သူတွေက ကမ္ဘာကြီးပျက်စီးတော့မယ်လို့ ပြောနေကြပေမဲ့ ကမ္ဘာကြီးကတော့ ကာလရှည်ကြာစွာ တည်ရှိသွားမှာပါ။ ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်စီးသွားမှာ မဟုတ်ပါဘူး။ တကယ်ဆိုရင် ၂၀၁၂ မှာပဲမဟုတ်ဘူး၊ အမြဲ တည်ရှိသွားမှာ ဖြစ်ပါတယ်။

သမ္မာကျမ်းစာက ဒီလိုပြောတယ်– “လူတစ်ဆက် လွန်သွား၏။ တစ်ဆက် ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။” (ဒေ. ၁:၄) ဟေရှာယ ၄၅:၁၈ မှာလည်း ဒီလိုဖော်ပြထားပါတယ်– ‘မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ယေဟောဝါဘုရားသခင်၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီး ဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား ငါသည် ယေဟောဝါဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ။’

ဖခင်တစ်ဦးက သူ့သားလေးပျော်ဖို့အတွက် အချိန်အများကြီး အကုန်ခံပြီး အရုပ်လှေတစ်စင်း လုပ်ပေးတယ်။ သားလေးကို အဲဒီအရုပ်ပေး၊ မကြာခင်မှာပဲ ပြန်ယူပြီး ဖျက်ဆီးပစ်လိုက်တယ်ဆိုရင် မေတ္တာမဲ့ရာကျပါတယ်။ အကြင်နာကင်းမဲ့ရာလည်း ကျပါတယ်။ အဲဒီသဘောအတိုင်းပါပဲ၊ ဘုရားသခင်ဟာ လူတွေပျော်ရွှင်ဖို့ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တယ်။ ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝကို ဘုရားသခင် ဒီလိုပြောတယ်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။” အဲဒီနောက် “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်” တယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈၊ ၃၁) ဘုရားသခင်က ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ သူ့ရည်ရွယ်ချက်ကို မစွန့်လွှတ်ပါဘူး။ ကမ္ဘာကြီး ပျက်စီးသွားဖို့လည်း ခွင့်ပြုမှာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ သူ့ကတိအားလုံးနဲ့ပတ်သက်ပြီး ဒီလို အလေးအနက် ပြောခဲ့ပါတယ်– ‘ငါ၏နှုတ်ထွက်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၁၁။

ဒါပေမဲ့ ယေဟောဝါဘုရားသခင်ဟာ “မြေကြီးကို ဖျက်ဆီးသောသူတို့ကိုဖျက်ဆီး” ပစ်မှာဖြစ်တယ်။ (ဗျာ. ၁၁:၁၈) ကျမ်းစာမှာ ကိုယ်တော် ဒီလိုကတိပြုထားတယ်– ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ မတရားသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။’—သု. ၂:၂၁၊ ၂၂။

အဲဒါက ဘယ်တော့ဖြစ်မှာလဲ။ ဘယ်လူသားမှ မသိပါဘူး။ “ထိုနေ့ရက်အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်သာ သိတော်မူ၏” ဆိုပြီး ယေရှုပြောခဲ့ပါတယ်။ (မာကု ၁၃:၃၂) ယေဟောဝါသက်သေတွေဟာ ဒီဆိုးညစ်တဲ့လောကကို ဘုရားသခင် ဘယ်တော့ဖျက်ဆီးမလဲဆိုပြီး ခန့်မှန်းတွက်ဆတာမျိုး မပြုလုပ်ကြပါဘူး။ ဆုံးခန်းနဲ့ပတ်သက်တဲ့ လက္ခဏာသွင်ပြင်ကို သတိရှိရှိ စောင့်ကြည့်နေပြီး ကျမ်းစာအရ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေတယ်ဆိုတာကို သူတို့ ယုံကြည်ကြတယ်၊ “အဆုံး” လာမယ့်အချိန်ကိုတော့ သူတို့ အတိအကျ မသိပါဘူး။ (မာကု ၁၃:၄-၈၊ ၃၃; ၂ တိမောသေ ၃:၁) အဆုံးလာမယ့်အချိန်ကို ယေဟောဝါဘုရားသခင်နဲ့ ယေရှုတို့ပဲ သိတယ်ဆိုတာ သူတို့နားလည်ထားကြတယ်။

ယေဟောဝါသက်သေတွေဟာ အဆုံးမရောက်ခင်အတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြမှာဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို အုပ်ချုပ်ပြီး သာယာလှပတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြုပြင်ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီနေရာမှာ ‘ဖြောင့်မတ်သောသူတို့သည် အစဉ်အမြဲနေရ’ ပါလိမ့်မယ်။—ဆာလံ ၃၇:၂၉။

[Picture Credit Line on page 10]

Image Science and Analysis Laboratory, NASA-Johnson Space Center

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ