သီချင်း ၁၁၃
တရားစကားတော်အတွက် ကျေးဇူးတင်
၁။ ယေဟောဝါ၊ အို အဖ၊ လွန်စွာကျေးဇူးတင်၊
ကိုယ်တော့်နှုတ်မြွက်တော်ကို ရထားသည့်တွက်ပင်။
လူကိုစွမ်းအားတော်လမ်းညွှန်၊ အကြံတော်များ ရေးသားစေ။
ကိုယ်တော်၏ကျမ်းစာတော်ဖြင့် လမ်းပြ၊ သွန်သင်။
၂။ လူသားများဆုတောင်းချက်၊ ထိုတွင်မှတ်တမ်းတင်၊
ပရောဖက်များ ကျွန်တော်တို့ကဲ့သို့ခံစား။
သူတို့ဘဝပုံသက်သေ၊ ယုံကြည်၍ ရဲရင့်စေ။
ကိုယ်စိတ်နှလုံးရွှင်လန်းဖို့ အားသစ်ဖြည့်ပေး။
၃။ နက်ရှိုင်းထိုးဖောက်စွမ်းရှိ ကိုယ်တော့်စကားတော်၊
ကိုယ်၊ စိတ်နှလုံးကို မှန်စွာပိုင်းခြားသိနိုင်။
ရည်ရွယ်ချက်နှင့်သဘောထား စိစစ်ထုတ်ပြနိုင်ပေ။
ဉာဏ်ပညာပေးဝေကာ တည့်မတ်ပဲ့ပြင်ပေး။
(ဆာ. ၁၁၉:၁၆၊ ၁၆၂; ၂ တိ. ၃:၁၆; ယာ. ၅:၁၇; ၂ ပေ ၁:၂၁ တို့ကိုလည်းကြည့်ပါ။)