ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၄/၁ စာ. ၄-၅
  • အဓိပ္ပာယ်ရှိတဲ့ဘဝကို ယေရှု ပိုင်ဆိုင်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဓိပ္ပာယ်ရှိတဲ့ဘဝကို ယေရှု ပိုင်ဆိုင်ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘လမ်းခရီး၊ အမှန်တရား၊ အသက်’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • “ကျွန်တော် အဖဘုရားကို ချစ်တယ်”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခမည်းတော် အကြောင်း သားတော်ဖော်ပြလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၄/၁ စာ. ၄-၅
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

အဓိပ္ပာယ်ရှိတဲ့ဘဝကို ယေရှု ပိုင်ဆိုင်ခဲ့

ယေရှုဟာ တကယ်ပဲ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ခဲ့သလား။ တကယ်ဆိုရင် ယေရှုဟာ ဆင်းရဲတဲ့ ဘဝနောက်ခံကနေ ကြီးပြင်းလာတာပါ။ ကိုယ်တော့်ဘဝ တစ်လျှောက်လုံးမှာ ချမ်းချမ်းသာသာနဲ့ နေခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ်တော့်မှာ “ခေါင်းချစရာ နေရာ” တောင် မရှိခဲ့ဘူး။ (လုကာ ၉:၅၇၊ ၅၈) ဒါ့အပြင် ကိုယ်တော်ဟာ ရန်သူတွေရဲ့ မုန်းတီးမှု၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေ ခံခဲ့ရပြီး နောက်ဆုံးမှာ ကွပ်မျက်ခံခဲ့ရပါတယ်။

‘အဲဒီလိုဘဝမျိုးနဲ့ အသက်ရှင်ရတာကို အဓိပ္ပာယ်ရှိမယ်လို့ မထင်ပါဘူး’ ဆိုပြီး သင် ဆင်ခြင်မိမှာပဲ။ ဒါပေမဲ့ ယေရှုရဲ့ဘဝနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ သုံးသပ်သင့်တဲ့အရာတွေ ရှိပါသေးတယ်။ အခု ကိုယ်တော့်ဘဝရဲ့ ကဏ္ဍလေးခုကို ဆန်းစစ်ကြည့်ရအောင်။

၁။ ယေရှုရဲ့ဘဝမှာ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်။

‘ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်းသည် ငါ့စားစရာဖြစ်၏။’—ယောဟန် ၄:၃၄။

ယေရှုဟာ အပြောနဲ့ရော လုပ်ရပ်တွေနဲ့ပါ ကောင်းကင်ခမည်းတော် ယေဟောဝါa ဘုရားသခင်ရဲ့ အလိုတော်ကို ပြည့်စုံစေဖို့ ကြိုးစားခဲ့တယ်။ ဒါ့အပြင် ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်တဲ့အခါမှာလည်း ပျော်ရွှင်ခဲ့တယ်။ အထက်ပါကျမ်းချက်မှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင့်အလိုတော် ထမ်းဆောင်ခြင်းကို အစာစားခြင်းနဲ့ ယေရှု နှိုင်းယှဉ်ခဲ့တယ်။ ဘယ်လိုအခြေအနေမျိုးအောက်မှာ ယေရှု အဲဒီလိုနှိုင်းယှဉ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ရအောင်။

ယေရှုဟာ မွန်းတည့်ချိန်လောက်မှာ အဲဒီစကားကို ပြောခဲ့တာဖြစ်တယ်။ (ယောဟန် ၄:၆) ရှမာရိတောင်တန်းဒေသကို တစ်မနက်လုံး ခြေကျင်လျှောက်ခဲ့ပြီးတဲ့နောက် ယေရှု ဗိုက်ဆာနေမှာ သေချာတယ်။ ဒါကြောင့် တပည့်တော်တွေက “ရဗ္ဗိ၊ အစာကို သုံးဆောင်တော်မူပါ” လို့ တိုက်တွန်းခဲ့ကြတယ်။ (ယောဟန် ၄:၃၁) ယေရှုဟာ ဘုရားသခင့်အလိုတော် ထမ်းဆောင်ခြင်းကနေ အားပြည့်နေတယ်ဆိုတာကို ကိုယ်တော့်ဖြေဆိုချက်မှာ တွေ့ရပါတယ်။ ဒီအချက်က ယေရှုရဲ့ဘဝဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။

၂။ ခမည်းတော်ကို ယေရှု နှစ်နှစ်ကာကာ ချစ်တယ်။

‘ငါသည် ခမည်းတော်ကို ချစ်၏။’—ယောဟန် ၁၄:၃၁။

ယေရှုဟာ ကောင်းကင်ခမည်းတော်နဲ့ အလွန်ရင်းနှီးတယ်။ ဘုရားသခင်ကို ယေရှု နှစ်နှစ်ကာကာ ချစ်တဲ့အတွက် ဘုရားသခင့်နာမတော်နဲ့ ရည်ရွယ်ချက်တွေအပြင် ကိုယ်တော့်အရည်အသွေးတွေကို လူတွေသိရှိအောင် ပြောပြခဲ့တယ်။ ယေရှုဟာ မိမိရဲ့စကားတွေ၊ လုပ်ရပ်တွေနဲ့ စိတ်သဘောထားတွေအားဖြင့် ဘုရားသခင်ကို အပြည့်အဝ ရောင်ပြန်ဟပ်ခဲ့တယ်။ နောက်တစ်နည်းပြောရရင် ကျွန်ုပ်တို့ဟာ ယေရှုအကြောင်းကို ဖတ်ရှုတဲ့အခါ ဘုရားသခင်အကြောင်း ဖတ်ရှုနေရသလိုမျိုး ခံစားရတယ်။ ဒါကြောင့် ဖိလိပ္ပုက “သခင်၊ ခမည်းတော်ကို ကျွန်ုပ်တို့အား ပြတော်မူပါ” လို့မေးတဲ့အခါ ယေရှုက “ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” လို့ ပြန်ဖြေခဲ့တယ်။—ယောဟန် ၁၄:၈၊ ၉။

ယေရှုဟာ ခမည်းတော်ကို နှစ်နှစ်ကာကာ ချစ်တဲ့အတွက် သေတဲ့အထိတောင် နာခံမှုပြဖို့ တလိုတလားရှိခဲ့တယ်။ (ဖိလိပ္ပိ ၂:၇၊ ၈; ၁ ယောဟန် ၅:၃) ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်တဲ့မေတ္တာက ယေရှုရဲ့ဘဝကို အဓိပ္ပာယ်နဲ့ပြည့်ဝစေခဲ့တယ်။

၃။ လူတွေကို ယေရှု ချစ်မြတ်နိုးတယ်။

“ကိုယ့်မိတ်ဆွေတို့အတွက် အသက်ကိုစွန့်သော မေတ္တာထက် သာ၍ကြီးမြတ်သော မေတ္တာမရှိ။”—ယောဟန် ၁၅:၁၃။

မစုံလင်တဲ့လူတွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်က စိတ်ပျက်စရာကောင်းတယ်ဆိုတာ ဝန်ခံရမှာပါ။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) အပြစ်တရားရဲ့ အကျိုးဆက်ဖြစ်တဲ့ သေခြင်းကနေ လွတ်မြောက်အောင် ကိုယ့်ဘာသာကိုယ် မလုပ်နိုင်ပါဘူး။—ရောမ ၆:၂၃။

လူသားတွေရဲ့ အခြေအနေကို ဖြေရှင်းပေးဖို့ မေတ္တာပါတဲ့ အစီအစဉ်တစ်ခုကို ယေဟောဝါဘုရားသခင် ပြုလုပ်ပေးခဲ့တယ်။ အဲဒါကတော့ လူသားတွေကို အပြစ်နဲ့သေခြင်းကနေ ကယ်နုတ်ဖို့ အပြစ်မရှိတဲ့၊ စုံလင်သူ သားတော်ယေရှုကို ဆင်းရဲဒုက္ခတွေ ခံစားစေပြီး သေဆုံးခွင့်ပြုခဲ့တာဖြစ်တယ်။ ယေရှုဟာ ခမည်းတော်နဲ့လူသားတွေကို ချစ်တဲ့အတွက် တလိုတလား နာခံပြီး ကျွန်ုပ်တို့အကျိုးအတွက် စုံလင်တဲ့ လူ့အသက်ကို ပေးဆက်ခဲ့တယ်။ (ရောမ ၅:၆-၈) အဲဒီလိုကိုယ်ကျိုးစွန့်တဲ့ မေတ္တာကြောင့် ကိုယ်တော်ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိရခြင်းဖြစ်တယ်။b

၄။ ယေရှုဟာ မိမိကို ခမည်းတော် ချစ်မြတ်နိုးတယ်ဆိုတာကို သိရှိခဲ့တယ်။

“ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏။”—မဿဲ ၃:၁၇။

ယေရှု နှစ်ခြင်းခံချိန်မှာ အဲဒီစကားတွေကို ကောင်းကင်ကနေ ယေဟောဝါဘုရားသခင် ပြောဆိုခဲ့တာဖြစ်တယ်။ အဲဒီလိုနည်းနဲ့ မိမိရဲ့သားတော် ယေရှုကို ချစ်မြတ်နိုးတယ်ဆိုတာကို ဖွင့်ဟပြောဆိုခဲ့တယ်။ ဒါကြောင့် “ခမည်းတော်သည် ငါ့ကို ချစ်” တယ်လို့ ယေရှုပြောနိုင်တာကို အံ့ဩစရာမဟုတ်ပါဘူး။ (ယောဟန် ၁၀:၁၇) မိမိကို ခမည်းတော် ချစ်မြတ်နိုးတယ်ဆိုတာ ယေရှုသိထားတဲ့အတွက် ဆန့်ကျင်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကြောင့် အသေခံဖို့လည်း မတွန့်ဆုတ်တော့ဘူး။ (ယောဟန် ၁၀:၁၈) ခမည်းတော်ရဲ့ ချစ်မြတ်နိုးမှုနဲ့ နှစ်သက်လက်ခံမှုကို ခံစားရတဲ့အတွက်လည်း ကိုယ်တော့်ဘဝဟာ ပိုပြီးတော့တောင် အဓိပ္ပာယ်ရှိသွားတယ်။

အဓိပ္ပာယ်ရှိတဲ့ဘဝကို ယေရှု ပိုင်ဆိုင်ခဲ့တာ သေချာပါတယ်။ ဒါကြောင့် အဓိပ္ပာယ်ရှိတဲ့ဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်တယ်ဆိုတာ ယေရှုဆီကနေ သင်ယူနိုင်ပါတယ်။ ဘယ်လိုအသက်ရှင်နေထိုင်နိုင်မယ့်အကြောင်း တပည့်တွေကို ယေရှုပေးခဲ့တဲ့ ရှင်းလင်းတိကျတဲ့ အကြံပြုချက်တချို့ကို နောက်ဆောင်းပါးမှာ သုံးသပ်ပါမယ်။

a သမ္မာကျမ်းစာအရ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည်ဖြစ်ပါတယ်။—ယေရမိ ၃၃:၂။

b ယေရှုရဲ့သေခြင်းကြောင့် လူသားတွေ အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်နိုင်ပုံကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၅ ကိုဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ