သီချင်း ၆၁
မည်သို့သောလူစား ကျွန်ုပ်ဖြစ်သင့်
၁။ အသက်ရှင်ခြင်းအတွက်၊ ကျေးဇူးတင်ရှိကြောင်း
ကျွန်ုပ် အဘယ်လက်ဆောင် တုံ့ပြန်ပေး ရအံ့နည်း။
နှုတ်မြွက်တော်မှန်ဖြင့် ကိုယ့်နှလုံး ကြည့်သောအခါ၊
အတွင်းလူကို ရှင်းစွာမြင်ရန် မစမူပါ။
အမှုတော်ဆောင်ရန် ဘဝ ပေးဆက်ထားပါပြီ၊
တာဝန်အရ လုပ်ခြင်းမျှသာလျှင် မဟုတ်ပါ။
စိတ်နှလုံးအကြွင်းမဲ့ ရွေးချယ်ဝတ်ပြုပါ၏။
ကိုယ်တော်အား ဝမ်းမြောက်စေသူ ဖြစ်စေသား။
၂။ မည်သို့သောလူစားမျိုး ဖြစ်စေလိုသည်ကို
သိအောင် စစ်ဆေးနိုင်ရန် ကျွန်ုပ်အား မစပါ။
သစ္စာစောင့်တို့အား သစ္စာဖြင့် တန်ဖိုးထားအံ့၊
ကိုယ်တော့်နှလုံးလန်းရွှင်စေသူ ဖြစ်ပါစေသား။
(ဆာ. ၁၈:၂၅; ၁၁၆:၁၂; ၁၁၉:၃၇; သု. ၁၁:၂၀ တို့ကိုလည်းကြည့်ပါ။)