သီချင်း ၄၃
မြဲမြံ၊ နိုးကြား၊ ခွန်အားကြီးပွားလော့
၁။ မြဲမြံနိုးကြား ခွန်အားကြီးပွား၊
ကြံ့ကြံ့ခံရန် စိတ်ပိုင်းဖြတ်။
ယောက်ျားကဲ့သို့ သတ္တိရှိလော့၊
အောင်နိုင်မှုရမည်မုချ။
ခရစ်တော်ယေရှုအမိန့် တို့လိုက်နာ၊
ခရစ်တော်လက်အောက် ခိုင်မြဲရပ်တည်ကြ။
(ထပ်ကျော့ပိုဒ်)
ခွန်အားကြီးပွား၊ နိုးကြားလျက် မြဲမြံ၊
ဆက်ချီတက် အဆုံးထိတိုင်။
၂။ နိုးကြားလျက် သတိရှိနေလော့၊
နာခံရန် အမြဲအသင့်ရှိ။
သစ္စာရှိကျွန်ဖြင့် ယနေ့ ခရစ်
ညွှန်ကြားနေ၊ ပြုပါသတိ။
သိုးတော်နှင့်အမှန်တရား ထိန်းသိမ်းသူ၊
အသက်ကြီးသူ သွန်သင်မှုများ နာယူ။
(ထပ်ကျော့ပိုဒ်)
ခွန်အားကြီးပွား၊ နိုးကြားလျက် မြဲမြံ၊
ဆက်ချီတက် အဆုံးထိတိုင်။
၃။ သတင်းကောင်းကာကွယ်လျက် နိုးကြား
ညီညွတ်၍ စည်းလုံးကြပါ။
ရန်သူများ တိုက်ခိုက်မည်ဖြစ်ငြား၊
အဆုံးထိ တို့ဟောပြောမှာ။
ကမ္ဘာတစ်ခွင်လုံး ချီးမွမ်းကြွေးကြော်၊
ယေဟောဝါ၏နေ့ကြီး ရောက်လုပြီ။
(ထပ်ကျော့ပိုဒ်)
ခွန်အားကြီးပွား၊ နိုးကြားလျက် မြဲမြံ၊
ဆက်ချီတက် အဆုံးထိတိုင်။
(မ. ၂၄:၁၃; ဟေဗြဲ ၁၃:၇၊ ၁၇; ၁ ပေ. ၅:၈ တို့ကိုလည်းကြည့်ပါ။)