ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၂ စာ. ၈-၉
  • အိမ်ထောင်မပြုဘဲနေဖို့ ခရစ်ယာန်အမှုဆောင်တွေကို တောင်းဆိုထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်မပြုဘဲနေဖို့ ခရစ်ယာန်အမှုဆောင်တွေကို တောင်းဆိုထားသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲဒီဓလေ့ရဲ့ ဘာသာရေးသမိုင်းကြောင်း
  • အိမ်ထောင်မပြုဘဲနေခြင်းအပေါ် ဘုရားရှုမြင်ပုံ
  • သတင်းကောင်းအတွက်
  • တစ်ကိုယ်ရေနေခြင်း—စိတ်ရှုပ်ထွေးမှုမရှိဘဲလုပ်ဆောင်ဖို့အတွက် တံခါးတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၂ စာ. ၈-၉
ပေတရုရဲ့ ယောက္ခမကို ယေရှု ကုသပေး

ပေတရုရဲ့ ယောက္ခမကို ယေရှု ကုသပေးတယ်။—မဿဲ ၈:၁၄၊ ၁၅။ မာကု ၁:၂၉-၃၁

အိမ်ထောင်မပြုဘဲနေဖို့ ခရစ်ယာန်အမှုဆောင်တွေကို တောင်းဆိုထားသလား

ရိုမန်ကက်သလစ်ချာ့ချ်၊ သြသဒေါက်ချာ့ချ်၊ ဗုဒ္ဓဘာသာစတဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာတွေမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ခရစ်ယာန်ဘုန်းကြီးတွေကို အိမ်ထောင်မပြုဘဲနေဖို့ တောင်းဆိုထားတယ်။ ဒါပေမဲ့ မကြာသေးခင်က ဘာသာရေးခေါင်းဆောင်တွေရဲ့ လိင်အရှုပ်တော်ပုံတွေ ဖြစ်ရတာဟာ အဲဒီဓလေ့ကြောင့်လို့ လူအများ ယူဆကြတယ်။

ဒါကြောင့် အိမ်ထောင်မပြုဘဲနေဖို့ ခရစ်ယာန်အမှုဆောင်တွေကို ကျမ်းစာတောင်းဆိုထားသလား ဆိုပြီး မေးစရာပေါ်လာတယ်။ အဖြေရဖို့ အဲဒီဓလေ့ရဲ့ မူလဇာစ်မြစ်နဲ့ ဖြစ်ပေါ်လာပုံ၊ ဘုရားသခင့်ရှုမြင်ပုံကို သုံးသပ်ကြည့်ကြစို့။

အဲဒီဓလေ့ရဲ့ ဘာသာရေးသမိုင်းကြောင်း

အိမ်ထောင်မပြုဘဲနေခြင်းကို ဗြိတဲန်နီကာစွယ်စုံကျမ်းမှာ “အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေ ဒါမှမဟုတ် ဘာသာရေးကိုင်းရှိုင်းသူတွေ အိမ်ထောင်မပြုဘဲနေခြင်း၊ လိင်မှုကိစ္စရှောင်ခြင်း” လို့ အဓိပ္ပာယ်ဖွင့်တယ်။ ၂၀၀၆ ခုနှစ်မှာ ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်း ဘင်နီဒစ်က အိမ်ထောင်မပြုရဆိုတဲ့ တောင်းဆိုချက်ဟာ “တမန်တော်တွေခေတ်နဲ့ သိပ်မဝေးတဲ့အချိန်က စတင်ခဲ့တဲ့ဓလေ့” နဲ့ဆက်စပ်နေတယ်လို့ ရောမသာသနာ ရဟန်းအဖွဲ့ကို ပြောခဲ့တယ်။

ဒါပေမဲ့ အိမ်ထောင်မပြုဘဲနေခြင်းဟာ ပထမရာစုခရစ်ယာန်တွေရဲ့ ဘာသာရေးဓလေ့ မဟုတ်ဘူး။ တကယ်တော့ ပထမရာစုမှာ အသက်ရှင်ခဲ့တဲ့ တမန်တော်ပေါလုက “လှည့်ဖြားတတ်သော သတင်းစကား” ကိုပြောတဲ့၊ “အိမ်ထောင်ပြုခြင်းကို တားမြစ်” တဲ့လူတွေ ပေါ်လာမယ်ဆိုပြီး ခရစ်ယာန်တွေကို သတိပေးခဲ့တယ်။—၁ တိမောသေ ၄:၁-၃။

အိမ်ထောင်မပြုဘဲနေတဲ့ ဓလေ့ဟာ ဒုတိယရာစုအတွင်းမှာ အနောက်တိုင်း “ခရစ်ယာန်” ချာ့ချ်တွေထဲ စတင်ဝင်ရောက်လာတယ်။ အိမ်ထောင်မပြုဘဲနေခြင်းနဲ့ ဘာသာရေးဓလေ့များ ဆိုတဲ့စာအုပ်အရ အဲဒီဓလေ့ဟာ “ရောမအင်ပါယာမှာ စတင်ခေတ်စားလာတဲ့ လိင်မှုကိစ္စရှောင်ခြင်း ဓလေ့အသစ်နဲ့ ကိုက်ညီနေတယ်။”

နောက်ပိုင်းရာစုနှစ်တွေမှာ ချာ့ချ်ကောင်စီတွေနဲ့ ချာ့ချ်ဖခင်တွေဟာ ဘာသာရေးခေါင်းဆောင်တွေ အိမ်ထောင်မပြုဘဲနေတာကိုထောက်ခံခဲ့တယ်။ လိင်မှုကိစ္စပြုတာဟာ ညစ်ညမ်းတယ်၊ ဘာသာရေးတာဝန်တွေနဲ့ မအပ်စပ်ဘူးလို့ သူတို့ ယူဆကြတယ်။ ဒါပေမဲ့ “၁၀ ရာစုနှောင်းပိုင်း ခရစ်ယာန်ဘုန်းကြီးများစွာနဲ့ ဂိုဏ်းအုပ်တချို့မှာ မိန်းမတွေရှိကြတယ်” လို့ ဗြိတဲန်နီကာစွယ်စုံကျမ်းက ထောက်ပြတယ်။

၁၁၂၃ နဲ့ ၁၁၃၉ ခုနှစ်၊ ရောမမြို့မှာကျင်းပတဲ့ လက်တရင်ကောင်စီ အစည်းအဝေးတွေမှာ ဘာသာရေးခေါင်းဆောင်တွေ အိမ်ထောင်မပြုရလို့ ပြဋ္ဌာန်းခဲ့တယ်။ အဲဒီပြဋ္ဌာန်းချက်ဟာ ရိုမန်ကက်သလစ်ချာ့ချ်မှာ အခုထိ တရားဝင်နေတုန်းပဲ။ အဲဒီပြဋ္ဌာန်းချက်အရ အိမ်ထောင်သည်ဘုန်းကြီးတွေ သူတို့ရဲ့သားသမီးတွေကို ချာ့ချ်ရဲ့ ပိုင်ဆိုင်ရာတွေ လွှဲပြောင်းပေးလိုက်လို့ ချာ့ချ်ရဲ့ သြဇာအာဏာနဲ့ ဝင်ငွေတွေ လျော့သွားတာမျိုး မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်။

အိမ်ထောင်မပြုဘဲနေခြင်းအပေါ် ဘုရားရှုမြင်ပုံ

အိမ်ထောင်မပြုဘဲနေခြင်းအပေါ် ဘုရားရဲ့ရှုမြင်ပုံကို သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ယေရှုဟာ သူ့လိုပဲ “ကောင်းကင်နိုင်ငံတော်အတွက်” တစ်ကိုယ်ရေနေသူတွေအကြောင်း ပြောခဲ့တာကို ကျမ်းစာမှာဖတ်ရတယ်။ (မဿဲ ၁၉:၁၂) တမန်တော်ပေါလုကလည်း သူ့လိုပဲ ‘သတင်းကောင်းအတွက်’ တစ်ကိုယ်ရေနေဖို့ ရွေးချယ်တဲ့ ခရစ်ယာန်တွေအကြောင်း ပြောခဲ့တယ်။—၁ ကောရိန္သု ၇:၃၇၊ ၃၈။ ၉:၂၃။

ဒါပေမဲ့ ယေရှုနဲ့ ပေါလုဟာ ခရစ်ယာန်အမှုဆောင်တွေ အိမ်ထောင်မပြုဖို့ အမိန့်မထုတ်ခဲ့ဘူး။ ယေရှုက တစ်ကိုယ်ရေဘဝဟာ သူ့နောက်လိုက်တိုင်း မရနိုင်တဲ့ “ဆုကျေးဇူး” ဖြစ်တယ်လို့ ပြောခဲ့တယ်။ ပေါလုက အပျိုလူပျိုတွေအကြောင်း ရေးတဲ့အခါ “သခင်၏ပညတ်ချက် ငါ၌ မရှိသော်လည်း . . . ငါ၏ထင်မြင်ချက်ကို ဖော်ပြမည်” လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။—မဿဲ ၁၉:၁၁။ ၁ ကောရိန္သု ၇:၂၅။

ဒါ့အပြင် တမန်တော်ပေတရုအပါအဝင် ပထမရာစုမှာရှိတဲ့ ခရစ် ယာန်အမှုဆောင်များစွာဟာ အိမ်ထောင်သည်တွေ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (မဿဲ ၈:၁၄။ မာကု ၁:၂၉-၃၁။ ၁ ကောရိန္သု ၉:၅) အဲဒီတုန်းက ရောမအင်ပါယာမှာ လိင်အကျင့်ယိုယွင်းမှု ပျံ့နှံ့နေတဲ့အတွက် ခရစ်ယာန်ကြီးကြပ်မှူးဟာ အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် “ဇနီးတစ်ဦးတည်းရှိသူ၊” “လက်အောက်ခံတတ်သော သားသမီးများရှိသူ” ဖြစ်ရမယ်လို့ ပေါလု ရေးခဲ့တယ်။—၁ တိမောသေ ၃:၂၊ ၄။

သူတို့ဟာ လိင်မှုကိစ္စရှောင်တဲ့ အိမ်ထောင်သည်တွေ မဟုတ်ကြဘူး။ “ခင်ပွန်းသည် ဆက်ဆံခြင်းဝတ်ကို မိမိဇနီးအား ပြုစေလော့၊” “အချင်းချင်း ဆက်ဆံခြင်းဝတ်ကို ပြုကြလော့” ဆိုပြီး အိမ်ထောင်သည်တွေကို ကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ပြောထားလို့ပဲ။ (၁ ကောရိန္သု ၇:၃-၅) အိမ်ထောင်မပြုဘဲနေခြင်းဟာ ဘုရားသခင့်တောင်းဆိုချက် မဟုတ်သလို ခရစ်ယာန်အမှုဆောင်တွေ မဖြစ်မနေ လိုက်နာရမယ့်အရာ မဟုတ်ဘူး။

သတင်းကောင်းအတွက်

အိမ်ထောင်မပြုဘဲနေခြင်းဟာ မဖြစ်မနေ လိုက်နာရမယ့်အရာ မဟုတ်ဘူးဆိုရင် တစ်ကိုယ်ရေဘဝကို ယေရှုနဲ့ ပေါလု ဘာလို့ ထောက်ခံပြောဆိုခဲ့တာလဲ။ တစ်ကိုယ်ရေသမားတွေဟာ သတင်းကောင်းဟောပြောဖို့ အခွင့်အရေး ပိုရနိုင်လို့ပဲ။ သူတို့ဟာ အိမ်ထောင်သည်တွေလို စိုးရိမ်ပူပန်စရာတွေ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးပေးဆက်နိုင်ကြတယ်။—၁ ကောရိန္သု ၇:၃၂-၃၅။

မက္ကဆီကိုစီးတီးက ဒေးဗစ်ရဲ့ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူဟာ လခကောင်းတဲ့အလုပ်ကနေ ထွက်ပြီး တခြားသူတွေကို ကျမ်းစာသင်ပေးဖို့ ကော်စတာရီကာမှာရှိတဲ့ ကျေးလက်ဒေသကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီလိုလုပ်ဖို့ တစ်ကိုယ်ရေဘဝက သူ့ကို အကူအညီဖြစ်စေခဲ့သလား။ “ဖြစ်စေတာပေါ့။ ယဉ်ကျေးမှုအသစ်၊ လူနေမှုပုံစံအသစ်နဲ့ အလိုက်သင့်နေတတ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်က တစ်ကိုယ်တည်းသမားဆိုတော့ အလိုက်သင့်နေဖို့ ပိုလွယ်တာပေါ့ဗျာ” လို့ ဒေးဗစ် ပြောတယ်။

သတင်းကောင်းဟောပြောသူ လိုအပ်တဲ့ဒေသတွေကို ပြောင်းရွှေ့ခဲ့တဲ့ ကလော်ဒီယာဆိုတဲ့ တစ်ကိုယ်ရေ ခရစ်ယာန်တစ်ဦး ဒီလိုပြောတယ်– “ဘုရားအမှုဆောင်ရတာ သိပ်ပျော်တယ်။ ကျွန်မကို ဘုရားစောင့်ရှောက်ပေးမှန်း သိလာတဲ့အခါ ယုံကြည်ခြင်း ခိုင်ခံ့လာတယ်၊ ဘုရားနဲ့ဆက်ဆံရေး ပိုခိုင်မြဲလာတယ်။”

“အိမ်ထောင်သည်ဖြစ်ဖြစ်၊ တစ်ကိုယ်ရေသမားဖြစ်ဖြစ် ယေဟောဝါဘုရားကို အကောင်းဆုံး ပေးဆက်မယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။”—ကလော်ဒီယာ

တစ်ကိုယ်ရေဘဝဟာ အဟန့်အတားဖြစ်စရာအကြောင်း မရှိဘူး။ “အိမ်ထောင်သည်ဖြစ်ဖြစ်၊ တစ်ကိုယ်ရေသမားဖြစ်ဖြစ် ယေဟောဝါဘုရားကို အကောင်းဆုံး ပေးဆက်မယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်” လို့ ကလော်ဒီယာ ပြောတယ်။—ဆာလံ ၁၁၉:၁၊ ၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ