ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ypq မေးခွန်း ၆ စာ. ၁၈-၂၀
  • ရွယ်တူချင်းတွေရဲ့ ဖိအားကို ဘယ်လို တွန်းလှန်နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွယ်တူချင်းတွေရဲ့ ဖိအားကို ဘယ်လို တွန်းလှန်နိုင်မလဲ
  • လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကျမ်းစာကို ဘာကြောင့် ဆန်းစစ်သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
ypq မေးခွန်း ၆ စာ. ၁၈-၂၀
အတန်းဖော်တွေက ဆယ်ကျော်သက်​လူငယ်ကို စီးကရက်ပေးနေ

မေးခွန်း ၆

ရွယ်တူချင်းတွေရဲ့ ဖိအားကို ဘယ်လို တွန်းလှန်နိုင်မလဲ

ဘာကြောင့်အရေးကြီးတာလဲ

ကိုယ့်ဘာသာကိုယ် ရပ်တည်ရမယ့်အချိန် ရောက်လာတဲ့အခါ တခြားသူတွေပြောလို့ လိုက်လုပ်တာမျိုး မဟုတ်ဘဲ ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်လို့ပဲ။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– သက်ပိုင်တစ်ယောက် ကျောင်းနေဖက်နှစ်ယောက် လာနေတာတွေ့တာနဲ့ ရင်ထဲမှာမွန်းကျပ်လာတယ်။ ဆေးလိပ်သောက်ဖို့ ဖိအားပေးကြတာ ဒီတစ်ပတ်အတွင်းမှာ နှစ်ခါရှိနေပြီ။ သုံးခါမြောက် တိုက်တွန်းကြအုံးမလား။

ပထမကောင်လေးက–

“မင်းတစ်ယောက်တည်းလား။ သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်” လို့စပြောတယ်။

“သူငယ်ချင်း” လို့ မျက်စပစ် ပြောလိုက်ပေမဲ့လည်း တစ်ခုခုကို အိတ်ကပ်ထဲကနေ ဆွဲထုတ်လိုက်ပြီး သက်ပိုင်ကို လှမ်းပေးတယ်။

သူ့လက်ကြားက စီးကရက်ကို သက်ပိုင် မြင်လိုက်တဲ့အခါ ရင်ထဲမှာ ပိုမွန်းကျပ်လာတယ်။

“ဆောရီးပဲ။ ငါမသောက်ဘူးလို့ မင်းတို့ကို ပြောပြီးပြီပဲ” လို့ သက်ပိုင်ပြောတော့

ဒုတိယတစ်ယောက်က “မင်းက ငကြောက်ကြီးပဲ” လို့ ဝင်ပြောတယ်။

“မဟုတ်ဘူး” ဆိုပြီး သက်ပိုင် ပြန်ပြောလိုက်တယ်။

ဒုတိယတစ်ယောက်က သက်ပိုင်ပခုံးကို ဖက်လိုက်ပြီး “သောက်လိုက်စမ်းပါကွာ” လို့ အသံတိုးတိုးနဲ့ပြောတယ်။

ပထမတစ်ယောက်က စီးကရက်ကို သက်ပိုင်နား ထိုးပေးပြီး “ငါတို့ ဘယ်သူ့ကိုမှ မပြောပြဘူး။ ဘယ်သူမှ မသိစေရဘူး” လို့ ကပ်ပြီးပြောတယ်။

သင်က သက်ပိုင်နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။

ပြန်စဉ်းစားကြည့်ပါ

သက်ပိုင်ရဲ့ ရွယ်တူချင်းတွေဟာ သူတို့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သေချာစဉ်းစားပြီးမှ လုပ်ကြတာလား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေကြတာလား။ မဖြစ်နိုင်ဘူး။ သူတို့ကိုလည်း တခြားသူတွေ ဖိအားပေးလို့ ဖြစ်မယ်။ ရွယ်တူတွေရဲ့သဘောကျမှုကို ရချင်တဲ့အတွက် လိုက်လုပ်နေကြတာ။

အဲဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရတယ်ဆိုရင် ဘယ်လိုတွန်းလှန်နိုင်မလဲ။

  1. ၁။ ကြိုမြင်ပြီး ပြင်ဆင်ထားပါ

    “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏”ဆိုပြီး ကျမ်းစာပြောတယ်။—သုတ္တံ ၂၂:၃။

    အများအားဖြင့် ပြဿနာကို ကြိုမြင်ရတတ်ပါတယ်။ ဥပမာ၊ အရှေ့အတော်လှမ်းလှမ်းမှာ သင့်ကျောင်းနေဖက်သူငယ်ချင်းတစ်စု ဆေးလိပ်သောက်နေကြတယ်ဆိုပါစို့။ သင့်ကိုလည်း ဆေးလိပ်သောက်ဖို့ တိုက်တွန်းကြမယ်ဆိုတာ ကြိုမြင်ပြီး ပြင်ဆင်ထားနိုင်ပါတယ်။

  2. ၂။ ကြိုစဉ်းစားထားပါ

    ‘ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ’ ဆိုပြီး ကျမ်းစာပြောတယ်။ —၁ ပေတရု ၃:၁၆။

    ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘သူတို့နဲ့ ရှေ့ဆက်သွားနေရင် ရေရှည် ဘာဖြစ်လာနိုင်သလဲ။’ အစပိုင်းမှာတော့ သူတို့ရဲ့ လက်ခံမှုရနိုင်တယ်။ နောက်ပိုင်းတော့ ဘယ်လိုခံစားရမလဲ။ ကျောင်းနေဖက်တွေရဲ့ အကြိုက်လိုက်ချင်တာနဲ့ပဲ ကိုယ့်ရပ်တည်ချက်ကို အလျှော့ပေးလိုက်မှာလား။—ထွက်မြောက်ရာ ၂၃:၂။

  3. ၃။ ဆုံးဖြတ်ထားပါ

    ‘ဉာဏ်ပညာရှိသူက သတိကြီးတယ်’ ဆိုပြီး ကျမ်းစာပြောတယ်။—သုတ္တံ ၁၄:၁၆၊ ကဘ။

    နောက်ဆိုရင် ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပြီး အဲဒီအကျိုးဆက်အတိုင်း နေထိုင်သွားရမှာဖြစ်တယ်။ မှန်ရာလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတဲ့ ယောသပ်၊ ယောဘနဲ့ ယေရှုအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဆုံးဖြတ်ချက်မှားခဲ့တဲ့ ကာဣန၊ ဧသော၊ ယုဒရှကာရုတ်အကြောင်းလည်း ဖော်ပြထားတယ်။ သင်ကော ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ။

‘သစ္စာရှိရှိပြုမူပါ’ ဆိုပြီး ကျမ်းစာပြောတယ်။ (ဆာလံ ၃၇:၃၊ ကဘ) အကျိုးဆက်ကို ကြိုစဉ်းစားပြင်ဆင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ခံယူချက်ကို အလွယ်တကူ ထုတ်ပြောနိုင်တဲ့အပြင် အကျိုးရှိမှန်းလည်း တွေ့ရပါလိမ့်မယ်။

မစိုးရိမ်ပါနဲ့၊ ရွယ်တူချင်းတွေကို တရားဟောဖို့ မလိုအပ်ပါဘူး။ မလုပ်ဘူး ဆိုပြီး ပြတ်ပြတ်သားသားပြောရုံနဲ့ လုံလောက်ပါတယ်။ ကိုယ့်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းသိအောင် ဒီလို ပြောနိုင်တယ်–

  • “ငါ့ကို စာရင်းထဲ မထည့်ပါနဲ့။”

  • “ငါမလုပ်ဘူး။”

  • “ငါမလုပ်ဘူးဆိုတာ မင်းတို့သိရဲ့သားနဲ့။”

အဓိကအချက်က ပြတ်ပြတ်သားသား ချက်ချင်းငြင်းဖို့ဖြစ်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သင့်ရွယ်တူတွေ ဖိအားမပေးတော့ဘဲ နောက်ဆုတ်သွားပါလိမ့်မယ်။

လှောင်ပြောင်ခံရတဲ့အခါ ဖြေရှင်းနည်း

​လူငယ်တစ်ယောက်က နောက်တစ်ယောက်ကို စက်ရုပ်တစ်ရုပ်လို ထိန်းချုပ်နေ

ရွယ်တူတွေ ဖိအားပေးတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင် သူတို့ထိန်းချုပ်တဲ့အတိုင်း လုပ်နေတဲ့စက်ရုပ်နဲ့ တူသွားနိုင်

ရွယ်တူချင်းတွေ လှောင်ပြောင်တဲ့အခါ ဘာလုပ်မလဲ။ သူတို့က “ဘာဖြစ်နေတာလဲ၊ မင်းက ငကြောက်လား” လို့ ပြောလာရင်ကော။ ဒါက လူငယ်တွေကြုံရတဲ့ ဖိအားပေးနည်းတစ်မျိုး ဖြစ်မှန်းသိထားပါ။ သင် ဘယ်လိုတုံ့ပြန်မလဲ။ ဖြေရှင်းနည်းနှစ်မျိုးရှိပါတယ်။

  • လှောင်ပြောင်တာကို သည်းခံလိုက်ပါ။ (“မင်းပြောတာမှန်တယ်။ ငါက ဒါမျိုးတော့ကြောက်တယ်” လို့ပြောပြီး အကြောင်းရင်းကို လိုရင်းတိုရှင်းပြောပါ။)

  • သူ့ကို ပြန်ဖိအားပေးလိုက်ပါ။ ငြင်းရတဲ့အကြောင်းရင်းကို ပြောပြီး သူ့ရဲ့သတ္တိကို ချီးမွမ်းပေးပါ။ (“မင်းကတော့ ဆေးလိပ်သောက်ဖို့ မကြောက်ဘူးနော်” လို့ ပြန်ပြောပါ။)

ရွယ်တူချင်းတွေ ဆက်လှောင်ပြောင်နေမယ်ဆိုရင် ထွက်သွားလိုက်ပါ။ သင် အဲဒီမှာဆက်ရှိနေလေ၊ သူတို့ ပိုဖိအားပေးလေပဲ။ အဲဒီလို ထွက်သွားလိုက်တာက သူတို့ဖိအားပေးတဲ့အတိုင်း လိုက်မလုပ်ဘူးဆိုတာ ဖော်ပြရာရောက်တယ်။

ရွယ်တူချင်းဖိအားကို ရှောင်လွှဲနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ဘာလုပ်မယ်၊ ကြုံရတဲ့အခြေအနေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ သင် ဆုံးဖြတ်နိုင်ပါတယ်။ အဓိက,ကတော့ ကိုယ်တိုင်ပဲ ရွေးချယ်ရမှာဖြစ်တယ်။—ယောရှု ၂၄:၁၅။

လက်တွေ့လုပ်ကြည့်ပါ

  • ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ဖို့ ငါ ဘယ်လိုကြိုတင်ပြင်ဆင်ထားနိုင်သလဲ။

  • ရွယ်တူချင်းတွေက မကောင်းတာတွေလုပ်ဖို့ ဖိအားပေးလာရင် ငါ ဘာလုပ်မလဲ။

ထပ်လေ့လာကြည့်ပါ

ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ

www.pr2711.com/mya မှာပါတဲ့ ရွယ်တူချင်းတွေရဲ့ ဖိအားကို တွန်းလှန်ပါ ကာတွန်းသရုပ်ဖော် ဗီဒီယိုကို ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာ ကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ