ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၈
  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သင်မည်သို့ မိတ်ဆွေများ ဖွဲ့နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၈
သင်ခန်းစာ ၈။ ခုံတန်းရှည်မှာ ထိုင်ပြီး ကောင်းကင်ကို ငေးကြည့်နေသူ။

သင်ခန်းစာ ၀၈

ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါက မိမိအကြောင်း ပိုသိကျွမ်းစေချင်တယ်။ ဘာကြောင့်လဲ။ ဘုရားရဲ့ အရည်အသွေးတွေ၊ နည်းလမ်းတွေ၊ ရည်ရွယ်ချက်အကြောင်း သိလာတာနဲ့အမျှ ဘုရားနဲ့ မိတ်ဆွေ ဖြစ်ချင်စိတ် တိုးများလာမှာမို့လို့ပဲ။ သင်ဟာ ဘုရားနဲ့ မိတ်ဆွေ ဖြစ်နိုင်ပါ့မလား။ (ဆာလံ ၂၅:၁၄ ကို ဖတ်ပါ။) ဘုရားနဲ့ မိတ်ဆွေ ဖြစ်ဖို့ ဘာလုပ်ရမလဲ။ ကျမ်းစာမှာ ဒီမေးခွန်းတွေရဲ့ အဖြေ ပါတယ်။ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတာက ဘာကြောင့် အကောင်းဆုံး အခွင့်ထူး ဖြစ်ကြောင်းကိုလည်း ဖော်ပြထားတယ်။

၁။ ဘာလုပ်ဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်သလဲ။

“ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) ဘာကို ဆိုလိုသလဲ။ ယေဟောဝါက မိမိနဲ့ မိတ်ဆွေဖွဲ့ဖို့ ဖိတ်ခေါ်နေတယ်။ တချို့ကတော့ ဘုရားနဲ့ မိတ်ဆွေဖွဲ့ဖို့ နေနေသာသာ ကိုယ်မမြင်ရတဲ့သူနဲ့ မိတ်ဖွဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါက မိမိနဲ့ပတ်သက်ပြီး သိသင့်တာမှန်သမျှ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေဟောဝါကို မမြင်ဖူးပေမဲ့လည်း ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါအကြောင်း ပိုသိလာမယ်။

၂။ ယေဟောဝါက ဘာကြောင့် အကောင်းဆုံး မိတ်ဆွေ ဖြစ်သလဲ။

တခြားသူတွေ သင့်ကို ချစ်တာထက် ယေဟောဝါက ပိုချစ်တယ်။ သင့်ကို ပျော်ရွှင်စေချင်တယ်။ အကူအညီလိုအပ်တိုင်း တောင်းစေချင်တယ်။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။” (၁ ပေတရု ၅:၇) ယေဟောဝါက မိမိရဲ့မိတ်ဆွေတွေကို ကူညီဖို့၊ နှစ်သိမ့်ဖို့၊ နားထောင်ဖို့ အမြဲ အသင့်ရှိတယ်။​—ဆာလံ ၉၄:​၁၈၊ ၁၉ ကို ဖတ်ပါ။

၃။ ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်နိုင်ဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါက လူအားလုံးကို ချစ်တယ်။ “ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။” (ပညာအလိမ္မာ ၃:၃၂) ကောင်းတယ်လို့ ဘုရား ယူဆတာတွေကို လုပ်စေချင်တယ်၊ မကောင်းဘူးလို့ ဘုရားယူဆတာတွေကို ရှောင်စေချင်တယ်။ အကောင်းအဆိုးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ မဖြစ်နိုင်ဘူးလို့ တချို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ သဘောထားကြီးတဲ့ ဘုရားဖြစ်တယ်။ ဘုရားကို ချစ်တဲ့သူ၊ ဘုရားနှစ်သက်မှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားသူတိုင်းကို လက်ခံတယ်။​—ဆာလံ ၁၄၇:၁၁။ တမန်တော် ၁၀:​၃၄၊ ၃၅။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါနဲ့ မိတ်ဆွေဖြစ်လာနိုင်ပုံကို လေ့လာကြည့်ပါ။ ယေဟောဝါဟာ ဘာကြောင့် အကောင်းဆုံး မိတ်ဆွေ ဖြစ်တယ်ဆိုတာကိုလည်း ရှာဖွေလေ့လာပါ။

၄။ ယေဟောဝါရဲ့မိတ်ဆွေ အာဗြဟံ

အာဗြံလို့လည်းခေါ်တဲ့ အာဗြဟံအကြောင်း ကျမ်းစာမှတ်တမ်းက ဘုရားမိတ်ဆွေဆိုတာ ဘာကို ဆိုလိုကြောင်း နားလည်စေတယ်။ ကမ္ဘာဦး ၁၂:၁-၄ မှာ အာဗြဟံအကြောင်း ဖတ်ကြည့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက အာဗြဟံကို ဘာလုပ်ခိုင်းသလဲ။

  • ယေဟောဝါ ဘာကတိပေးသလဲ။

  • ယေဟောဝါပြောတာကို အာဗြဟံ ဘယ်လို တုံ့ပြန်သလဲ။

၅။ မိတ်ဆွေတွေဆီကနေ ယေဟောဝါ မျှော်လင့်တဲ့အရာ

မိတ်ဆွေတွေဆီကနေ ကျွန်တော်တို့ မျှော်လင့်တဲ့အရာတွေ ရှိတယ်။

  • သင်ကော သင့်မိတ်ဆွေတွေဆီကနေ ဘာမျှော်လင့်သလဲ။

၁ ယောဟန် ၅:၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိတ်ဆွေတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။

ယေဟောဝါကို နာခံဖို့ ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ၊ စရိုက်တွေကို ပြောင်းလဲရမယ်။ ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ပြုပြင်ပြောင်းလဲဖို့ မိတ်ဆွေတွေကို ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ။

အလုပ်ဖော်ကို လုပ်ငန်းခွင်သုံး ဦးထုပ် ကမ်းပေးနေတဲ့ ဆောက်လုပ်ရေးလုပ်သား။

မိတ်ဆွေကောင်း မှန်ရင် ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့၊ အကျိုးရှိစေတဲ့အရာတွေ လုပ်ဖို့ သတိပေးတယ်။ ယေဟောဝါလည်း အဲဒီအတိုင်း လုပ်ဆောင်တယ်

၆။ မိတ်ဆွေတွေအတွက် ယေဟောဝါ လုပ်ဆောင်ပေးတဲ့အရာ

မိမိမိတ်ဆွေတွေ ပြဿနာတွေ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ကျွန်မအတွက် ယေဟောဝါ လုပ်ဆောင်ပေးတာတွေ သိပ်များတယ် (၃:၂၀)

  • ဗီဒီယိုထဲက အမျိုးသမီး အပျက်သဘောထားတွေ တွန်းလှန်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

ဟေရှာယ ၄၁:၁၀၊ ၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက မိမိမိတ်ဆွေတွေအတွက် ဘာလုပ်ပေးမယ်လို့ ကတိပေးသလဲ။

  • ယေဟောဝါဟာ မိတ်ဆွေကောင်း ဖြစ်နိုင်မယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ပုံ။ မိတ်ဆွေရင်းချာတွေ အပြန်အလှန်ကူညီကြ။ ၁။ စားပွဲကြီးကို ကူရွှေ့နေတဲ့ အမျိုးသား။ ၂။ နောက်တစ်ယောက်ကို ရင်ဖွင့်နေတဲ့ အမျိုးသမီး။ ၃။ ချိုင်းထောက်နဲ့လျှောက်နေသူကို ကူညီနေတဲ့ အမျိုးသား။

မိတ်ဆွေရင်းချာတွေက လိုအပ်နေချိန်မှာ ကူညီပေးတယ်။ ယေဟောဝါလည်း သင့်ကို အဲဒီလိုပဲ ကူညီပေးပါလိမ့်မယ်

၇။ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ဖို့ ဆက်သွယ်မှု လိုအပ်

ပြောဆိုဆက်သွယ်တာက မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲစေတယ်။ ဆာလံ ၈၆:၆၊ ၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါနဲ့ ဘယ်လို ပြောဆိုဆက်သွယ်နိုင်သလဲ။

  • ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ပြောဆိုဆက်သွယ်သလဲ။

ပုံ- ၁။ ဆုတောင်းနေတဲ့အမျိုးသမီး။ အပေါ်ကို ညွှန်ပြနေတဲ့ မြား။ ၂။ ကျမ်းစာဖတ်နေတဲ့ အမျိုးသမီး။ အောက်ကို ညွှန်ပြနေတဲ့ မြား။

ကျွန်တော်တို့က ယေဟောဝါဆီ ဆုတောင်းပြီး စကားပြောကြတယ်။ ယေဟောဝါက ကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို စကားပြောတယ်

လူတချို့ အဆို။ “ဘုရားနဲ့ မိတ်ဆွေဖွဲ့ဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။”

  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်ကြောင်း ဘယ်ကျမ်းချက်က ဖော်ပြသလဲ။

အနှစ်ချုပ်

ယေဟောဝါက သင်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်။ မိတ်ဆွေဖွဲ့နိုင်အောင်လည်း ကူညီပေးပါလိမ့်မယ်။

ပြန်လည်သုံးသပ်ခြင်း

  • မိတ်ဆွေတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

  • ပြုပြင်ပြောင်းလဲဖို့ မိတ်ဆွေတွေကို ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ။

  • မိတ်ဆွေတွေဆီကနေ ယေဟောဝါ မတန်တဆ မျှော်လင့်တယ်လို့ သင်ထင်သလား။ ဘာကြောင့်လဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဘုရားနဲ့ မိတ်ဆွေဖြစ်ခြင်းက သင့်ဘဝအပေါ် ဘာအကျိုးသက်ရောက်သလဲ။

“ယေဟောဝါ​—သိကျွမ်းထိုက်သည့်ဘုရားသခင်” (ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၀၃)

ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့နိုင်ပုံကို လေ့လာကြည့်ပါ။

“ဘုရားရဲ့မိတ်ဆွေ ဘယ်လို ဖြစ်နိုင်မလဲ” (လူငယ်များအမေး၊ အတွဲ ၂၊ အခန်း ၃၅)

ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခြင်းက အမျိုးသမီးတစ်ဦးရဲ့ ဘဝကို ကယ်တင်ပေးခဲ့ပုံအကြောင်း လေ့လာကြည့်ပါ။

“ကျွန်မ မသေချင်ဘူး” (ကင်းမျှော်စင် အမှတ် ၁၊ ၂၀၁၇)

ယေဟောဝါနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်တွေရဲ့ ရင်တွင်းခံစားချက်ကို နားထောင်ကြည့်ပါ။

ဘုရားမိတ်ဆွေဖြစ်ခြင်းက ဘာကို ဆိုလိုသလဲ (၁:၄၆)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ