သီချင်း ၄
“ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
(ဆာလံ ၂၃)
၁။ ယေဟောဝါဟာ ငါ့သိုးထိန်းပါ၊
ခေါ်ဆောင်ရာနောက် လိုက်သွားမှာ၊
ငါ့မျှော်လင့်ချက်၊ ဆန္ဒ ကိုယ်တော် သိ၊
လိုအပ်ရာ အားလုံးကို သိ။
စိမ်းလန်းစားကျက်နားသို့ ပို့ဆောင်၊
ငါ့အား လုံခြုံဘေးကင်းစေ။
ငြိမ်သက်သော၊ အေးချမ်းသော အရပ်ဆီသို့
မေတ္တာနဲ့ လမ်းပြညွှန်ပေး။
ငြိမ်သက်အေးချမ်းသော အရပ်ဆီသို့
မေတ္တာနဲ့ လမ်းပြညွှန်ပေး။
၂။ ဘုရား ဖြောင့်မတ်ခြင်းလမ်းထဲမှာ၊
အေးချမ်းလန်းဆန်းမှု ရတာ။
နာမတော်တွက် သစ္စာလမ်းစဉ်မှာ
ဘယ်တော့မခွာ လျှောက်စေပါ။
ပိန်းပိတ်မှောင်သော လမ်းခရီးမှာ
နှင်တံတော်ကြောင့် စိတ်အေးရ၊
ကိုယ်တော်ဟာ ကျွန်တော့် မိတ်ဆွေ၊ ဘုရားမို့၊
ရန်ဘေး ဟူသမျှ မကြောက်။
ကိုယ်တော် ကျွန်တော့် မိတ်ဆွေ၊ ဘုရားမို့၊
ဘေးရန် ဟူသမျှ မကြောက်။
၃။ ယေဟောဝါဟာ ငါ့သိုးထိန်းပါ၊
ခေါ်ဆောင်ရာနောက် လိုက်သွားမှာ၊
ကိုယ်တော် ကာကွယ်ကာ ဂရုစိုက်ပေး၊
လိုအပ်ရာ အမြဲဖြည့်ပေး။
ယုံကြည်မျှော်လင့်ချက် ခိုင်မြဲကြောင်း
ကိုယ်တော့်ကို တိုင်တည်လျှောက်ဆို
ဘုရား ကျေးဇူး မေတ္တာကရုဏာကို
အသက်ထက်ဆုံး ရပါစေ။
ဘုရား ကျေးဇူး မေတ္တာကရုဏာ၊
အသက်ထက်ဆုံး ရပါစေ။