ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၂
  • ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ
    လူငယ်များအမေး
  • အဆင့်တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ
    လူငယ်များအမေး
  • အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၂
ယောက်ျားလေးတစ်ဦး အိမ်စာ လုပ်နေစဉ်

မိသားစုအတွက် အကူအညီ

ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ

သင့်ကလေးဟာ ကျောင်းစာ စိတ်ဝင်စားပုံ မရဘူး။ အိမ်စာလည်း မလုပ်ဘူး။ စာလည်း မကျက်ဘူး။ ဒါနဲ့ အဆင့်တွေ ကျလာတယ်။ ဆိုးချင်လာတယ်။ ကလေးကို အဆင့်တက်လာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

သိထားသင့်ရာ

ဖိအားပေးလွန်းရင် ပိုဆိုးသွားနိုင်တယ်။ ဖိအားပေးလွန်းရင် ကလေးဟာ ကျောင်းမှာရော အိမ်မှာပါ စိတ်သောက ရောက်လာနိုင်တယ်။ စိတ်ဖိစီးမှု သက်သာအောင် လိမ်လာမယ်။ အဆင့်ကျတာကို ဖုံးကွယ်ထားမယ်။ ပညာရည်မှတ်တမ်းမှာ လက်မှတ်တု ထိုးလာမယ်။ ကျောင်းပြေးမယ်။ ဒီလိုနဲ့ အခြေအနေ ပိုဆိုးသွားမယ်။

ဆုချတာက ပြောင်းပြန် အကျိုးသက်ရောက်နိုင်တယ်။ အန်ဒရူးဆိုတဲ့ ဖခင်တစ်ယောက်က ပြောတယ်– “သမီးလေးကို ကြိုးစားစေချင်လို့ အဆင့်တက်လာတဲ့အခါ ဆုချတယ်။ ဒါနဲ့ သမီးဟာ ဆုရဖို့ပဲ အာရုံစိုက်တော့တယ်။ အဆင့်ကျသွားတဲ့အခါ အဆင့်ကျလို့ ဝမ်းနည်းတာထက် ဆုမရလို့ ပိုဝမ်းနည်းနေတယ်။”

ဆရာ/မတွေကို အပြစ်ဖို့တာကလည်း အကျိုးမရှိဘူး။ အဆင့်တက်ဖို့ ကြိုးစားစရာ မလိုဘူးလို့ ကလေး ထင်သွားနိုင်တယ်။ တခြားသူကို အပြစ်ပုံချတတ်လာသလို ပြဿနာဖြေရှင်းဖို့ တခြားသူကို အားကိုးလာနိုင်တယ်။ အချုပ်ပြောရရင် လူကြီးဘဝအတွက် အရေးကြီးတဲ့ တာဝန်ယူတတ်မှု မရှိဘဲ ဖြစ်သွားနိုင်တယ်။

လုပ်ဆောင်နိုင်ရာ

ခံစားချက်ကို ထိန်းချုပ်ပါ။ စိတ်တိုနေချိန်မှာ ကလေးနဲ့ အဆင့်အကြောင်း မဆွေးနွေးပါနဲ့။ “ကျွန်တော်တို့ လင်မယားအတွက် စိတ်တည်ငြိမ်တဲ့အချိန်မှာ ဆွေးနွေးတာ အကောင်းဆုံးပဲ” လို့ ဖခင်တစ်ဦးဖြစ်သူ ဘရက် ပြောပြတယ်။

ကျမ်းစာ အခြေခံမူ– “လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့် ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။”—ယာကုပ် ၁:၁၉။

တကယ့်ပြဿနာကို ခွဲခြားသိမြင်ပါ။ အနိုင်ကျင့်ခံနေရခြင်း၊ ကျောင်းပြောင်းထားခြင်း၊ စာမေးပွဲကို ကြောက်ခြင်း၊ မိသားစုပြဿနာ၊ အိပ်မပျော်ခြင်း၊ ဇယားကောင်း မရှိခြင်း၊ အာရုံမစိုက်နိုင်ခြင်းတို့ကြောင့် အဆင့်ကျတတ်တယ်။ အပျင်းကြီးလို့ဆိုပြီး မယူမှတ်ပါနဲ့။

ကျမ်းစာ အခြေခံမူ– “ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၁၆:၂၀။

စာကျက်နိုင်တဲ့ဝန်းကျင် ဖန်တီးပေးပါ။ အိမ်စာ လုပ်ဖို့၊ စာကျက်ဖို့ ဇယားဆွဲပေးပါ။ ကလေး အိမ်စာ လုပ်ဖို့ ရုပ်မြင်သံကြား၊ ဖုန်းတို့ အပါအဝင် အာရုံပျံ့လွင့်စရာတွေ မရှိတဲ့နေရာ စီစဉ်ပေးပါ။ အာရုံစိုက်နိုင်အောင် အိမ်စာလုပ်ဖို့ အချိန်တိုလေးတွေ ပိုင်းပေးပါ။ ဂျာမနီနိုင်ငံက ဖခင်တစ်ဦးဖြစ်သူ ဟက်တာ ဒီလိုပြောတယ်– “စာမေးပွဲ နီးလာရင်၊ စာမေးပွဲနား ကပ်တဲ့အထိ မစောင့်ဘဲ တစ်ရက်ကို နည်းနည်းစီ ပြန်နွှေးပေးတယ်။”

ကျမ်းစာ အခြေခံမူ– “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။”—ဒေသနာ ၃:၁။

သင်ယူဖို့ အားပေးပါ။ ကျောင်းတက်ရတဲ့ အကျိုးကျေးဇူးတွေကို ကလေး သဘောပေါက်ထားမှ သင်ယူချင်တဲ့စိတ် ပိုရှိလာမယ်။ ဥပမာ၊ သင်္ချာတတ်ရင် မုန့်ဖိုး တွက်ချက်တတ်မယ်။

ကျမ်းစာ အခြေခံမူ– “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ။ ... ဉာဏ်ပညာကို အလွန်တန်ဖိုးထားပါ။”—ပညာအလိမ္မာ ၄:၅၊ ၈။

သားငယ်ကို မိခင် အိမ်စာ ကူလုပ်ပေးနေစဉ်

အကြံပြုချက်– အိမ်စာ ကူလုပ်ပေးပါ။ ဒါပေမဲ့ ကိုယ်စား မလုပ်ပေးပါနဲ့။ အန်ဒရူး ဒီလို ဝန်ခံတယ်– “သမီးက သူ့ဦးနှောက်ကို မသုံးဘဲ ကျွန်တော်တို့ကိုပဲ မေးတော့တယ်။” ဒါကြောင့် အိမ်စာလုပ်ပုံလုပ်နည်းကို သင်ပေးပါ။

မီလီစန်

“ကျွန်မသားတစ်ယောက် အဆင့်ကျပြီး အိမ်ပြန်လာတော့ ကျွန်မ စိတ်ထိန်းထားရတယ်။ အကျိုးအကြောင်း မေးကြည့်တယ်။ နောက်တစ်ကြိမ် ပိုကောင်းအောင် ကြိုးစားခိုင်းတယ်။ ကျွန်မလည်း ငယ်ငယ်တုန်းက အဆင့်ကျခဲ့ဖူးမှန်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရတယ်။”—မီလီစန်။

အက်ဒဝင်

“ကလေးတွေ ကျောင်းစတက်ကတည်းက စိတ်ဝင်စားမှု ပြရတယ်။ တချို့မိဘတွေက ကလေးရဲ့ ပညာရည်မှတ်တမ်းမှာ အဆင့်ကျနေတာ တွေ့တော့မှပဲ အသိဝင်တတ်ကြတယ်။ အဲဒီအချိန်ရောက်မှ ဂရုစိုက်ရင် ခက်တတ်တယ်။”—အက်ဒဝင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ