သီချင်း ၁၃၅
ယေဟောဝါရှင်သည် ငါတို့ခိုလှုံရာအိမ်
၁။ အိုဂျား၊ ခိုလှုံရာအိမ်တော်မြတ်ပင်၊
အဆက်ဆက် ကာလလူမျိုးစဉ်
တောင်တန်း တောင်ပူစာ မဖန်ဆင်းခင်၊
ကြီးမြတ်တော်မူခြင်း အကြောင်းထင်
အပြောင်းအလဲမရှိ ဘုရားရှင်၊
အစအဆုံးမရှိ သခင်
လူကို “ကြေမွမြေမှုန့်” ဖြစ်စေငြား၊
မေတ္တာတော်ကြောင့်ပြန်ကယ်သူ့အား
၂။ အနှစ်တစ်ထောင် ကာလ ကြာရှည်လှ၊
ကိုယ်တော်အဖို့မူ တစ်ရက်မျှ
လူသားပင် ပွင့်လန်း မြက်ပင်လိုသာ၊
နံနက်ချိန်လွန်သော်ညှိုးနွမ်းလာ
လူ့သက်တမ်း ခုနစ်ဆယ်ရှစ်ဆယ်မျှ၊
ထူးချွန်ခွန်အား ရှိမှနေရ
ထိုကာလပတ်လုံး များမြောင်ဒုက္ခ၊
နာကျင် ဘေးအပေါင်းပြည့်နှက်လှ
၃။ အိုစဉ်မပြတ်ရွှင်လန်းနေဖို့ရာ၊
နေ့ရက်တွက်နည်း သင်တော်မူပါ
အသုံးပြုလုပ်ကိုင်အသိပညာ၊
ချီးမွမ်းဝတ်ပြုကျေးဇူးတင်ပါ
အိုမြင့်မြတ်လှအရှင် ယေဟောဝါ၊
ကျွန်တော်များပေါ်ပြကရုဏာ
လုပ်ဆောင်သမျှရာခပ်သိမ်းတည်စေ၊
လုပ်ဆောင်ရာလုပ်ငန်းခိုင်မြဲစေ