သီချင်း ၁၂၁
လွတ်မြောက်စေသောသမ္မာတရား
၁။ မောရှေပညတ်နှင့် ပရောဖက်များ ရှေးရာစုနှစ်မှ
မွန်မြတ်လှသစ္စာတရားကို ညွှန်ပြ တို့သိလာရ
သမ္မာတရားလူ့လွတ်မြောက်ရာ၊ မျိုးနွယ်တော်၏ကြောင်းရာ
ဘယ်ပုံခရစ်ယေရှုအားဖြင့် လူများစစ်မှန်သက်ရလာ
၂။ ‘ငါသည်လမ်းမအသက်သစ္စာ’ ခရစ်ယေရှု မှန်ဆိုခဲ့
တို့ပြစ်ဆောင်ရာမြေပေါ်သို့လာ၊ လူတွက်သူသွေးသွန်းခဲ့
သူ့ခမည်းတော် နာမထင်ပေါ်ရန်၊ ဘုရားမှန်ထောက်ပြ
ဘုရားရန်သူ နှိမ်နင်းခုချိန်ခါ ဤ “ဆုံးချိန်ကာလ”
၃။ ဤသည်အားဖြင့်ယေဟောဝါသားတော် သစ္စာထင်ပေါ်လာ
ပြစ်အားလုံးကုန်ဆုံးရာ၊ ထာဝရကာလလွန်သေချာ
ဘုရားနာမထင်ပေါ်စေသူ၊ ကတိတော် မျိုးနွယ်သာ
ယဇ်ပုရောဟိတ်ဘုရင်ခုစိုးစံ ဤကြောင်းရာကြေညာ
၄။ ယုံကြည်စိတ်သန်စေရာသစ္စာနှင့်သားတော်ကြောင်းရာဟော
တန်ဆာဆင်ကာ သတင်းကောင်းဟော ငြိမ်သက်ခြေနှင့်လှမ်းပြော
ဘုရားမေရှိယနိုင်ငံတော်၊ သမ္မာတရားထောက်ခံ
များမြင်သာမြှင့်စွာမြှောက်ကာ ပြည့်ဝစိတ်နှင့် မှုဆောင်ကြ