သီချင်း ၁၅၇
လူငယ်ဘဝတွင်ယေဟောဝါကိုဝတ်ပြုကိုးကွယ်ကြ
၁။ ချီးမွမ်းဝတ် တစ်ချိန်တွင်ကလေးများပြု၊
သံကုန်လွှင့် ယေရှုအား ထောမနာပြု
မွေးစကလေးပင် ဂုဏ်တော် ချီးကျူးနိုင်၊
သန့်ရှင်းဝတ်ကို လူကြီးနှင့်တူပြုနိုင်
၂။ တရားမှန်မြတ်နိုး ခရစ်ယာန် မိဘများ၊
တွေ့လို ဘုရားကြောက်ရွံ့သော ကလေးများ
သင်ကြားနိုင် ဘုရားဘက်ရပ်တည်ဖို့ရာ၊
ပျော်ရွှင်လှကလေးများ နားထောင်သောခါ
၃။ အိုသန့်ရှင်းကြလေ ခရစ်ယာန် လူငယ်များ၊
ငယ်ရွယ်စဉ်ကြိုးစား ယေဟောဝါကိုးစား
လူအများကြိုက်ဘယ်ခါ လိုက်မလုပ်လေ၊
မကောင်းပေါင်းဖော် အကျင့်သီလပျက်စေ
၄။ ငယ်စဉ်ချိန် ဘုရားသတိရအစဉ်၊
ထိုခါယေဟောဝါ ကြွင်းမဲ့ဆည်းကပ်လျှင်
သက်ရွယ်ကြီးရင့်လာရာ ပို၍ပျော်ရွှင်၊
ဝမ်းမြောက်မှုဖြစ်စေ ဘုရားကိုယ်တော်ပင်