သီချင်း ၉၄
ထာဝရဘုရင်၊ ကိုယ်တော်နာမတော်ကို ချီးမြှောက်လော့!
၁။ ယေဟောဝါ၊ တစ်ဆူတည်းဘုရား၊
ချိန်ကန့်သတ်မဲ့ငြားထူးမခြား
မေတ္တာနှင့် သည်းခံမှုပြနိုင်၊
ကိုယ်တော်.နာမ ချီးမြှောက်ချိန်တိုင်
ကြံရွယ်တော်မူရာထာဝရ၊
မြတ်ပညာ ဝေငှရာ ဖော်ပြ
တောင့်တနိုင်ငံတည်ပြီတကား
ယုတ်မာမှုပေါင်း ပြုန်းကုန်ဆုံးသွား
၂။ စကြဝဠာရဲ့ဖန်ဆင်းရှင်၊
ကိုယ်တော်ကား ရှေးမစွကပင်
ရှုမြင်လူဆိုး ပိုယုတ်မာသွား၊
ခြေခုံတင်ရာ ဤမြေပေါ်မှာ
တို့တွက် သားကို ပေးတော်မူရာ၊
မင်းစိုးအာဏာ ဤမြေပေါ်မှာ
ရှေ့တော်ရန်သူကို နှင်ရှုမြင်၊
သူတို့ပျက်ပြုန်း တို့တောင်းဆုပင်
၃။ ရှေးသန့်ရှင်းပရောဖက်များကား၊
ကယ်တင်ခြင်းဇောသန်စွာဟောကြား
တို့မြင်ကြိုဟောရာပြည့်စုံလာ၊
တို့သက်သေခံ သစ္စာရှိစွာ
တည်ဆောက်ကမ္ဘာစဉ်မြဲနေမှာ၊
မရွေ့ဘယ်ခါစဉ်မြဲတည်မှာ
အို ရှင်ဘုရင် ခန့်ညားတင်ပြ၊
ဆောင်လာ ဘုန်းတောက်မင်းမေရှိယ