သီချင်း ၂၀၉
စစ်မင်းကြီးနောက်လိုက်ပါ!
၁။ တို့တေးတစ်ပုဒ်သီဆို၊ မြတ်ယေဟောဝါကို၊
တို့ရှိသီချင်းစိုးစံ မင်းဘုန်းတောက်ခြင်း
တို့ရှိသတင်း ရှင်းလှ လူတကာကြားရ၊
တာဝန်ခံထား ဤကြောင်းရာ တို့ဟောကြား
(ထပ်ဆိုရန်)
၂။ ဘုရားလူမျိုးထကြ၊ စစ်မှူးလက်အောက်မှ၊
ဗိုလ်ပါတိုက်ပွဲဝင်၊ ပူးပေါင်းကာနွှဲဆင်
ယုံကြည်ခြင်းဒိုင်း ဆောင်ကာ ဝိညာဉ်တော်မြတ်ဓား၊
ကိုယ်တော် ကယ်တင်ခြင်း သံခမောက် ဆောင်းထား
(ထပ်ဆိုရန်)
၃။ တို့ခွန်အားမျှနှင့်သာ တို့မနိုင်နင်းရာ၊
တို့ချည်း သက်သက် မအောင်မြင်နိုင်ဖွယ်ရာ
ဘုရားမြတ်ခွန်အားနှင့် တို့နိုင်နင်း အောင်မြင်၊
နာမမြတ် ယေဟောဝါဘုန်းတော် ပေါ်ထင်
(ထပ်ဆိုရန်)
ရှေ့သို့သွား ရဲရင့်စွာသွား၊
စစ်တပ်ပမာ တို့ချီသွား
ဆိုင်တိုက်ရာ ရန်သူယုတ်မာ
နောက်လိုက်သားမင်းစွမ်းအား
ဘယ်မရှုံးနိမ့်ရာ၊
ကိုယ်တော်နောက်ပါ၊ တို့နိုင်မည်သာ