သီချင်း ၄၃
အသင်နိုင်ငံတော်ဓမ္မအမှုဆောင်များရှေ့သို့ချီ!
၁။ နိုင်ငံတော်သတင်းဟောရင်းချီတက်၊
နိုင်ငံတိုင်းမှ လူများထံ
မေတ္တာစိတ်နှင့်နီးစပ်သူများတွက်၊
သိမ်မွေ့သူ ကူနေရာမှန်
မြင့်မြတ်မှုတော်တွက် ဂုဏ်ပြုကျူးဧ၊
မည်သို့ ဝတ်စားမှုဆင်ခြင်ပေး
တို့မှုတော်ဆောင်များ လွန်ဖိုးထိုက်လှ၊
ယေဟောဝါ စဉ်ရှာချီးမွမ်းကြ
(ထပ်ဆိုရန်)
၂။ မှုတော်ဆောင်သစ်များ ရှေ့သို့ရွေ့သွား၊
ဘုရားအသက်ဆုကြည့်ထား
စွန့်ပြီးသော အရာများမေ့ပျောက်ထား၊
ဘုရားနှုတ်မှ သစ်စွမ်းအား
ဘုရား၏ စင်ကြယ်သတင်း ပို့သူ၊
ဤကမ္ဘာနှင့် ခြားနားသောသူ
ဘုရားစေခံများတွက် သင့်မြတ်လှ၊
တိမ်းရှောင် ကမ္ဘာဟောင်းလမ်းစဉ်က
(ထပ်ဆိုရန်)
၃။ ရှေ့သို့စဉ်မြဲဖိတက်ကြအတူ၊
“အခြားသိုး” နှင့်ကျန်ကြွင်းသူ
လူအိုနှင့် လူငယ် မိန်းမ ယောက်ျား၊
သစ္စာနှင့် ခြေလှမ်းထိန်းထား
လွန်မြတ်လှ မှုဆောင် တာဝန်ရထား၊
တို့များလွန်စွာ ဂုဏ်ပြုလိုလား
သစ္စာမြတ်နိုးသူများနှစ်သိမ့်ရ၊
မြတ်ဆုံးဘုရားအားချီးမြှင့်ကြ
(ထပ်ဆိုရန်)
ရှေ့သို့တိုးသွား
နိုင်ငံတော်သတင်းဟော စဉ်မြဲ ကျယ်ပြန့်လျက်
ရှေ့သို့လှုပ်ရှား
သစ္စာအမြဲ ထိန်းသိမ်းပါ ယေဟောဝါဘက်