သီချင်း ၇၉
ယေဟောဝါ ဘုန်းတန်ခိုး လက်ရာတော်ဖော်ကျူး
(ဆာလံ ၁၉)
၁။ ယေဟောဝါမြတ် သတိပြုမိ စိတ်မှ
ကောင်းကင်တောက်ပ သင့်ဘုန်းတော်ကြွေးကြော်ကြ
နေ့စဉ်နေ့ဆက် ညစဉ်ညဆက် ပြောကြား
နှုတ်သံမထွက် နှိမ့်ချ ပညာပေးလျက်
နေ့စဉ်နေ့ဆက် ညစဉ်ညဆက် ပြောကြား
နှုတ်သံမထွက် နှိမ့်ချ ပညာပေးလျက်
၂။ ရှင်ဖန်ဆင်းထား နေနှင့်လနှင့် ကြယ်များ
သမုဒ္ဒရာအား ကိုယ်တော်ကန့်သတ်ထား
ကိုယ်တော်မြတ် လက်ရာ တွေ့မြင်လူတကာ
ချီးမွမ်းကျူးဧ ထိုက်လှ ကိုယ်တော် အားပေး
ကိုယ်တော်မြတ် လက်ရာ တွေ့မြင်လူတကာ
ချီးမွမ်းကျူးဧ ထိုက်လှ ကိုယ်တော် အားပေး
၃။ ပညတ်တော်တိကျ မိန့်တော်မှန်ကန်လှ
နှိုးဆော်ရာမိန့်မှာ၊ ကိုယ်တော်ထံမှလာ
ပညာရှိစေ ရွှေစင်ထက်ကဲလွန်ပေ
ထိန်းထားကာ တို့စဉ်မြဲနှလုံးပိုက်စို့
ပညာရှိစေ ရွှေစင်ထက်ကဲလွန်ပေ
ထိန်းထားကာ တို့စဉ်မြဲနှလုံးပိုက်စို့