သီချင်း ၁၂၅
“ယေဟောဝါငါ့ဘက်မှာရှိ”
၁။ ငါ့စိတ်ကိုယ်တော် ယေဟောဝါအား၊
မြဲမြံခိုင်မာစွာအားထား
ငါ့ဆန္ဒမှာ လမ်းတော်တိုင်းသာ၊
စဉ်မြဲလိုက်နာကျင့်သုံးမှာ
အသက်တာခရီးတစ်လျှောက်တွင်၊
စိတ်ဒုက္ခရောက်နိုင်သည်ပင်
သို့သော်ဘုရား မြဲငါ့ဘက်မှာ၊
ကိုယ်တော်မေတ္တာစိတ်စွဲရာ
(ထပ်ဆိုရန်)
၂။ ငါသိထား ခက်ခဲလှချိန်ခါ၊
စမ်းသပ်ခံရဦးမည်သာ
နတ်ဆိုးအုပ်ကြီးဝိုင်းရံပတ်လည်၊
နှောင့်ယှက်ခံရပျားပိတုန်းနှယ်
သူတို့ပေါ်စဉ် အောင်မြင်သည်သာ၊
မွန်မြတ်သူအောက်ကွယ်ကာရာ
ချစ်နာမတော် ခံသူအပေါ်၊
နက်ရှိုင်းလှကရုဏာတော်
(ထပ်ဆိုရန်)
၃။ ယေဟောဝါဘုရားခုချဲ့ထား
သန့်ရှင်း လူမျိုးတော်နယ်များ
မှုဆောင်လိုသော အုပ်စုမြောက်မြား၊
သူ့ ပညတ်တရားပိုက်ထား
ထိုသို့သောသူ ကိုယ်တော်ထောက်ကူ၊
ကြီးစွာသူ နှစ်သက်တော်မူ
သူတို့နှင့်တူ စိတ်ဇောထက်သန်၊
ချိန်တိုင်းထွာပိုသာပြည့်လျှံ
(ထပ်ဆိုရန်)
ယေဟောဝါဘုရား ငါ့ဘက်မှာ၊
ငါချီးမြှောက်ကျူးဧမှာ အမြဲသာ