သီချင်း ၂၂၁
လူငယ်များ! သူတို့ယုံကြည်ခြင်းကိုနည်းခံယူ
၁။ ရှမွေလငယ်နို့ဖြတ်ကာ ရှိလောသို့လာ
ဗိမာန်မှာမှုဆောင်ကာ၊ ကြီးပြင်းလာနေရာ
ဣသရေလပြည်မှာပရောဖက်ဖြစ်လာ
နာမတော်ကို နာဇရိ စစ်သို့ သူလေးစား
ယဇ်ပုရောဟိတ်ဧလိကား သားဆိုးများရှိထား
ရှမွေလလူငယ်လေးအား ဖျက်ကြမှာလား
ထိုရှမွေလသင်ထား သစ္စာနာတရား
နည်းယူရာယေဟောဝါ လှည့်မသွားဘယ်ခါ
၂။ ကလေးတိမောသေပင်၊ ကြီးပြင်းဘဝစဉ်
ကြီးကဲမွန်ဖြစ်လာဖွယ်၊ ကျမ်းပညာ သူကြွယ်
လုံ့လနှင့်လေ့ကျင့်ရ၊ သင်ယူခဲ့သမျှ
စဉ်သစ္စာတည်မြဲရာ၊ မပြတ်သူဖွေရှာ
သူ၏ သင်းတော်တွင်းမှာ၊ သူ့အမည် ကောင်းသာ
ထောက်ခံအားပေးအတိ၊ ကန့်ကွက်သူမရှိ
ရခဲခွင့်ထူးသူရ၊ ပေါလုခရီးမှ
သာသနာမှုတော်မှ၊ အားလုံးကောင်းချီးရ
၃။ ညီမများသတိရ၊ ဣသရေလကညာ
ကိုးစားရာယေဟောဝါ မြတ်ပုလဲပမာ
သုံ့ပန်းဖြစ်နေရငြား၊ မြဲယုံကြည်စိတ်ထား
ဇောသန်သစ္စာမြဲလေ၊ ခြားသူလိုက်နာစေ
နေမန်၏မယားထံ၊ ရောက်လာစီရင်ခံ
‘ယေဟောဝါပရောဖက်မှ၊ ပျောက်နိုင်သူ ကုသ’
ထိုရှုရိဗိုလ်မင်းကား၊ နာခံစိတ်မှတ်သား
ကြွယ်ဝကောင်းချီးခံရ၊ ကညာကောင်းမှုမှ
၄။ ညီငယ်ညီမငယ်များ၊ အားလုံးတို့ပေးအား
ပုံတူနည်းယူခန့်ညား၊ မှန်လှစံပြများ
ကြီးစွာကိုးစားဖွယ်ရာ၊ ဤ “ဆုံးကာလ” မှာ
ယေဟောဝါရွေးချယ်ထား၊ စေလွှတ်မည့်သူများ
ချစ်လူငယ်အားလုံးလာ၊ စစ်ပါဝင်တိုက်ပါ
ကျေးကျွန်အားလုံးနှင့်တူ၊ သစ္စာမြတ်နိုးသူ
သတိပေးသံလွှင့်ပါး၊ ချီးမွမ်းရာပြောကြား
ပါဝင်ကျေးဇူးခံစား၊ ဆုံးရာနေ့ရက်များ