သီချင်း ၁၆၂
“နှုတ်ကပါဌ်တော်ဟောကြား”!
၁။ “နှုတ်ကပါဌ်တရားတော် ဟောကြား”
ကောင်းကင်မှ မိန့်တော်ချထား
ခုအချိန်ပေးထားသေး၍သာ၊
မိန့်တော်မြတ်နာခံကြပါ
နှုတ်ကပါဌ်တရားဟောကြားမြဲ၊
သင်ပြနှိမ့်ချသူနားလည်
လူကိုမကြောက် ဆက်ဟောလျက်ပင်၊
မြေကြီးတစ်ခွင် လမ်းပေါ်တွင်
၂။ “နှုတ်ကပါဌ်တရားတော် ဟောကြား”
ရှင်းပြဖို့ဆင်သင့်ရှိထား
မျှော်လင့်ချက် မေးသူအား ပြောကြား၊
စိတ်တွင်းရှိသော အကြောင်းများ
ခွင့်ခါမသင့်တိုက်ခံတွေ့ငြား၊
နှုတ်ကပါဌ် မပြတ်ဟောကြား
ခန့်ထားမှု၌သစ္စာကြွယ်မည်၊
မြင့်ဆုံးဘုရား၌ယုံကြည်
၃။ “နှုတ်ကပါဌ်တော် အမြဲဟောကြား”
လူတိုင်းကြားဖို့ရေးကြီးမား
မိုက်မဲဆိုးယုတ်မှု တိုးများလာ၊
ဤစီစဉ် ကုန်လုချိန်ခါ
ကိုယ်နှင့် အခြားသူ ကယ်တင်သင့်၊
နှုတ်ကပါဌ် ဟောကြားခြင်းဖြင့်
ယုံမှားကင်းရန်ဟောနှုတ်ကပါဌ်၊
ရှင်ယေဟောဝါနာမမြတ်