သီချင်း ၁၅၀
ကောင်းကင်မှရသောမုန့်
၁။ ခမည်းတော်ကောင်းကင်ဘုံမှ၊
မပြောင်းမလဲတည်မြဲဘဝ
ချီးမွမ်းဝတ်ရွှင်လန်းစွာပြု၊
သန့်ရှင်းနာမတော်ထင်ရှားမှု
မေတ္တာရှင်သိုးထိန်းပမာ၊
ဦးဆောင်သစ္စာရှိစွာ၊
ရှေးသိုးပမာ လူမျိုးက
မန္နမုန့် စားခဲ့ရ
သူတို့အားရေငတ်ပြေစေ၊
ကျောက်ဆောင်မှ စီးဆင်းလာသောရေ
သို့ခါနာန်ပြည်ခေါ်ဆောင်သွား၊
စိတ်ပျော်ရွှင်လျက် ဝလင်စွာစား
၂။ ကျွေးမွေးခဲ့မန္နမုန့်ပေ၊
ချစ်သားတော်ကို ပုံဆောင်ပြလေ
ကောင်းကင်ဘုံစည်းစိမ်စွန့်ကာ၊
ပျက်စီးလောက ကယ်တင်ဖို့လာ
ကောင်းကင်မှမန္နမုန့်ပါ၊
ခမဲ့ပေးခဲ့ ခန္ဓာ
များအတွက်ယဇ်ပူဇော်ရာ၊
ကယ်တင်ခြင်း ရစေပါ
ယုံကြည်ခြင်းဖြင့်သုံးဆောင်စို့၊
ဘုရားရှင်သာပေးနိုင်မုန့်မို့
မှန်ပါနေ့စဉ်စားကြစို့၊
သန့်ရှင်းသက်တာနေထိုင်ကြဖို့
၃။ ကောင်းကင်မုန့်ဖြစ်ဤသတင်း၊
ဆာမွတ်သူထံဝေးကွာမကင်း
ခွင့်ရေးရသော် ကျွေးမွေးစို့၊
ဆာမွတ်သူများခရစ်တော် “သိုး” မို့
ဖြောင့်မတ်ခြင်းတရားကြိုးစား၊
ကူညီပေးရှာသူအား
ကယ်တင်ခြင်းရဖို့ဝိုင်းမ၊
သို့ဖြင့်ကောင်းချီးခံရ
စစ်ပွဲကြီးတိုက်ပြီး ကပ်ကျော်၊
ထိုအာမဂေဒုန် စစ်ပြီးသော်
ထာဝစဉ်ချီးမွမ်းဝတ်ပြု၊
ဘုရားရှင် လုပ်ငန်းတော်ဆောင်မှု