သီချင်း ၂၁၁
ကောက်ရိတ်ရာ ပါဝင်ပျော်ရွှင်
၁။ ကောက်ရိတ်ချိန်ခါ တို့သက်ရှင်ကြရာ၊
ရရှိခွင့်ထူးမှာ မနှိုင်းသာ
“ရိတ်သိမ်းသူ” ဖြစ် တမန်များပါဝင်၊
သူတို့နှင့်တူ တို့လည်းပါဝင်
ခရစ်ယေရှု လှုပ်ရှားရန် စီမံနှင့်၊
“လယ်ကွင်း” ပြင်တွင် ပျိုးကြဲခြင်းဖြင့်
သီးနှံများရိတ်သင့်ရာ ချိန်ခါတိုင်လာ၊
သီးထွက် ပျော်ရွှင်စွာ ယူဆောင်လာ
၂။ “ဂျုံ” တန်းစားခု “ကျီအိမ်” ထဲရောက်ထား၊
“တောပင်များ” ကား ရှင်းလင်းပယ်ရှား
ခြားမျိုးတို့အား ကြိုးစားခက်ခဲစေ၊
“ငိုယို” လျက်နေ သွားကိုကြိတ်ပေ
ယေဟောဝါ သန့်ရှင်းသူ မနားတမ်း၊
နေထွက်မှ ဝင်ချိန်ထိမှုထမ်း
ကြီးမားလှ သိုးတူလူစုသိမ်းချိန်ခါ၊
ကူညီရာဘယ်ခါမတိမ်းပါ
၃။ တို့သိုင်းဝိုင်းဘုရားပေါ် မေတ္တာထား၊
လျင်မြန် လှမ်းသွားစေရာ တွန်းအား
စုဆောင်းရေးလုပ်ငန်းမှာ ရေးကြီးလာ၊
ခုဆုံးခန်းတို့ ရင်ဆိုင်နေရာ
ရိတ်သိမ်းချိန်လှုပ်ရှားမှု တစ်ရပ်ပေ၊
သင်အံသူအား ဖေးမကူနေ
နေ့စဉ်လယ်ကွင်းတွင် ဘယ်မျှတို့ပျော်ရွှင်
“ဂျုံ” တန်းစား လူသစ်စိတ်ပါဝင်
၄။ ခရစ်ယေရှု ရိတ်သိမ်းသူမြင်တွေ့လေ၊
ကောက်နှံ ရင့်မှည့် ဘယ်ပုံဆောင်နေ
လွန် “ဖွေး” လှကွင်းမှာ လုပ်ငန်းဆောင်တာ၊
မြောက်မြားလှစွာ သင်အံဖွယ်ရာ
တို့ပျော်သည်မှာ လွန်ထူးမြတ်ကဲလှ၊
ဘုရားမှုဆောင်ဖော်နှင့်ဝေမျှ
ပျော်ရွှင်မှုများ ထိန်းထား တို့တက်ကြွရာ၊
ကိုယ်တော်နှင့် ရိတ်သိမ်းသင့်လှစွာ