သီချင်း ၁၆၇
အသက်သခင်အားကျေးဇူးတင်
၁။ ကျေးဇူးယေဟောဝါ တို့ကောင်းကင်ဖခင်
ပြုနိုင်ဖွယ်ရာမှာ၊ ချီးမွမ်းလှိုက်လှဲစွာ
ကပ်စွာနောက်လိုက်ပါ ခရစ်ယေရှုခြေရာ
ဆက်ကပ်အပ်နှံရာ စိတ်ဇောထက်သန်ပါ
၂။ တို့ပျော်ရွှင်မြတ်လှ၊ ချုပ်ခြာထာဝရ
ကိုယ်တော်မိန့်တိုင်းပင်၊ ဆောင်ရွက်မြေကောင်းကင်
တို့ခုရှိသမျှ၊ စွန့်လွှတ်အပ်နှံကြ
ဂုဏ်တော်ဝတ်ပြုရာ၊ ပညာရှိမိန့်မှာ
၃။ ကတိထားနိုင်ငံတော်၊ ချက်ချင်းတည်ထောင်
ကိုယ်တော်မိန့်ဖွဲ့မှု ခုရငြိမ်သက်ဆု
နေ့စဉ်တို့မျှော်ရာ ဖြောင့်မှန်ဉာဏ်ပညာ
ကိုယ်တော်နှင့်ထိုက်လှ၊ ဝတ်ကိုတို့ပြုကြ
၄။ ကျေးဇူးတင်စွာ၊ မှုဆောင်ရာယေဟောဝါ
နှုတ်ကပါဌ်သစ္စာ၊ နှင့်ဂုဏ်တော်ကြေညာ
ကိုယ်တော်အားမျှော်နေ၊ ခွန်စိုက်ကောင်းချီးပေ
ဝိညာဉ်ဖြင့်ပျိုအား၊ တို့အားရစေသား