သီချင်း ၁၄၁
ယေဟောဝါ၏သန့်ရှင်းသောလူမျိုး
၁။ လူမျိုးတော်ဖွားမြင်စမြေပေါ်မှာ၊
ဖွားလာယေဟောဝါတွက်တို့ခေတ်ခါ
စင်ကြယ်လှ ဆင်တန်ဆာနှင့် တည်ကာ၊
လွှမ်းမိုးစင်ကြယ်ဝတ်ပြုစေပါ
(ထပ်ဆိုရန်)
၂။ သန့်စင်လူမျိုးသစ် လွန်ရွှင်မြူးကြ၊
ဟောကြားယေဟောဝါ ထိုက်လှနာမ
လူမျိုးအလယ်မှာ နိမိတ်ပမာ၊
ဘုန်းတောက်နိုင်ငံ သူတို့ကြေညာ
(ထပ်ဆိုရန်)
၃။ လွန်ဝမ်းမြောက်လှ ဘုရားလူမျိုးသာ
“ခြားသိုး” ခုခါထံတော်မှာစုလာ
သစ္စာရှိစွာ တူမှုတော်ဆောင်ကာ
ဘုရားမျက်နှာသာ ခုတည်ရာ
(ထပ်ဆိုရန်)
မြင့်မြတ်ချီးမြောက်ကြ၊
ဘယ်ခါမရပ်ရ၊ ဘုရားကိုးကွယ်ရာ ဇိအုန်မှ
ကိုယ်တော်လူမျိုးနှင့် “လူအုပ်ကြီး” ဖြင့်
ရှင်ယေဟောဝါ ဆောင်လာရွှင်ပျ