နိုင်ငံတော်နှုတ်ကပါဌ်တရား—ယင်းကိုနားလည်ခြင်း
၁ ယေရှု၏မျိုးစေ့ကြဲသူပုံဥပမာတွင် “ကောင်းသောမြေ” သည် ‘တရားတော်ကိုကြားနာ၍ နားလည်သော’ သူကိုပုံဆောင်သည်ဟုကိုယ်တော်ပြောသည်။ (မ. ၁၃:၂၃) နိုင်ငံတော်သတင်းကြားပြီးနောက် “နားလည်” ပြီလော။ ယင်းက ကျွန်ုပ်တို့အသက်တာအပေါ် မည်မျှသြဇာညောင်းသနည်း။ နိုင်ငံတော်အမှုရေးရာများကို ဦးထိပ်ထားခြင်းအားဖြင့် သတင်းတရားကိုနားလည်ကြောင်းတင်ပြကြပြီလော။
၂ နိုင်ငံတော်သတင်းကို တိကျမှန်ကန်စွာနားလည်ရန် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့လိုသည်။ အချိန်ယူပြီး ဝိညာဏအစာကိုဆင်ခြင်သုံးသပ်ဖို့လိုသည်။ ကင်းမျှော်စင်ကိုအဆောတလျင်ဖတ်ရှုခြင်းသည် အရသာရှိအာဟာရပြည့်အစာကို မျိုချခြင်းနှင့်တူသည်။ ဝိညာဉ်အစာကို စေ့ငစွာစားသုံးရန်အချိန်ပေးပါသလော။ အကျိုးအများဆုံးရရန် လှုံ့ဆော်မှုနှင့်တကွ ဝိညာဉ်ရေးကိုခံတွင်းတွေ့ခြင်းလိုအပ်သည်။ ယင်းတို့မရှိလျှင် အခြားလုပ်ငန်းများက ကိုယ်ပိုင်လေ့လာမှုမှရရှိနိုင်သောအကျိုးကျေးဇူးများကို လျော့နည်းစေမည် သို့မဟုတ် ယင်းအတွက်ပေးဖို့လိုအပ်သောအချိန်ကို ကုန်ခန်းစေမည်။ လေ့လာမှုပြုလုပ်ရန်စီစဉ်ထားသည့်အတိုင်း လိုက်လျှောက်လုပ်ကိုင်ဖို့မလွယ်ကူပါ။ ဦးစားထားသင့်ရာများကို အသေအချာချင့်ချိန်ပြုလုပ်ဖို့လိုသည်မှန်သော်လည်း ဝိညာဏအကျိုးကျေးဇူးများကိုကားတန်ဖိုးဖြတ်မရပါ။—သု. ၃:၁၃-၁၈; ကော. ၁:၂၇။
၃ ကျမ်းစာကိုစေ့စေ့ကြည့်ရှုခြင်းက နိုင်ငံတော်အကြောင်းကို အပြုသဘောဖြင့် နေ့စဉ်တွေးတောရန်အကူအညီပေးသည်။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည်” နေ့စဉ်မိနစ်အနည်းငယ်အချိန်ကုန်ခံပြီး ကျမ်းချက်နှင့်မှတ်ချက်ကိုဖတ်ကြသည်။ (မ. ၅:၃၊ ကဘ) နိုင်ငံတော်အကြောင်းကို နည်းအမျိုးမျိုးဖြင့်ရှင်းပြသောကျမ်းချက်များစွာရှိသည်။ ဥပမာ၊ ၁၉၉၄ နိုဝင်ဘာ ၂၂ ရက်၏ကျမ်းချက်ကား မဿဲ ၁၃:၄ ဖြစ်သည်။ မှတ်ချက်တွင် နိုင်ငံတော်မျှော်လင့်ချက်ကိုဖော်ပြကာ အိမ်နီးနားချင်း၊ ဆွေမျိုးတို့နှင့် ကောင်းကျိုးမပြုသောပေါင်းသင်းခြင်း၏အန္တရာယ်ကိုဖော်ပြသည်။ ကမ္ဘာတစ်ဝန်းရှိဗေသလအိမ်များတွင် အလုပ်ဆင်းသည့်နံနက်တိုင်း နေ့စဉ်ကျမ်းချက်ကိုဖတ်ခြင်းက ထိုနေ့၏ကျမ်းချက်ကိုအတူတကွသုံးသပ်ခြင်း၏အကျိုးနှင့် ယင်း၏အရေးကြီးမှုကို အလေးအနက်ဖော်ပြသည်။ သင့်မိသားစု၏နေ့စဉ်လုပ်ရိုးလုပ်စဉ်တွင် အလားတူသုံးသပ်ခြင်းကို အပါအဝင်ဖြစ်စေသလော။
၄ နိုင်ငံတော်ကိုပိုမိုတန်ဖိုးထားလာလေ နိုင်ငံတော်သတင်းကို အခြားသူများအား ဟောပြောရန်တွန်းအားသည် ပိုကြီးမားလာလေဖြစ်သည်။ နောက်ဆုံးပေါ်အချက်အလက်အသစ်အဆန်းများကိုသိရှိစေသော ကင်းမျှော်စင် နှင့် နိုးလော့တို့ကိုစိတ်ပိုင်းလောင်စာနှင့်နှိုင်းယှဉ်နိုင်သည်။ ဤလောကသည် ဘုရားသခင့်နိုင်ငံတော်ကိုလိုအပ်နေကြောင်း အမြဲအသိအမှတ်ပြုဖို့အကူအညီပေးသည်။ “ခရစ်တော်၏စိတ်တော်ကိုခံရ” သောဝိညာဏလူများဖြစ်ကြဖို့လည်းကူညီပေးသည်။ (၁ ကော. ၂:၁၅၊ ၁၆) ယင်းတို့အားလုံးက ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုမြဲမြံခိုင်ခံ့စေပြီး နိုင်ငံတော်မျှော်လင့်ချက်ကို သူတစ်ပါးအားဇွဲနှင့်တင်ပြခြင်းကိုတိုးပွားစေသည်။—၁ ပေ. ၃:၁၅။
၅ နိုင်ငံတော်သတင်းကို ကိုယ်တိုင်နားလည်ရန်အရေးကြီးသည်။ နိုင်ငံတော်အားဖြင့် ဘုရားသခင်သည် ကိုယ်တော်၏အချုပ်အခြာအာဏာတော်ကိုထင်ရှားစေ၍ ဆိုးသွမ်းမှုကိုအဆုံးတိုင်စေမည်။ ပရဒိသုကမ္ဘာကိုလည်း ယင်းအားဖြင့် ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာတွင် နိုင်ငံတော်ကိုရှေးဦးထားဖို့ ယေရှုကမိန့်မှာထားသည်။ ယင်း၏အုပ်ချုပ်မှုအောက်နေထိုင်ရန် သိုးကဲ့သို့သူများဖြစ်ကြရမည်။ (မ. ၆:၁၀၊ ၃၃) ၎င်း၏ကောင်းချီးများကိုခံစားရရန် အခွင့်အရေးအားလုံးကိုအသုံးချပါလေ။