ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၅ စာ. ၁
  • “စောင့်၍နေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စောင့်၍နေကြလော့”
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် “စောင့်နေ” ရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “သတိရှိပြီး နိုးနိုးကြားကြား နေကြပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • “စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၇/၉၅ စာ. ၁

“စောင့်၍နေကြလော့”

၁ မဿဲ ၂၆:၃၈-၄၁ တွင်မှတ်တမ်းတင်ထားသောစကားများကို ယေရှုမိန့်တော်မူစဉ်က ကိုယ်တော်၏လူသားဘဝဆိုင်ရာ အခဲယဉ်းဆုံးအချိန်သို့ ရောက်လုနီးနေတော်မူသည်။ ထိုအချိန်သည် လူ့သမိုင်းတွင် အရေးတကာ့အရေးအကြီးဆုံးအချိန် အဖြစ်ထင်ရှားလာလိမ့်မည်။ လူသားအပေါင်း၏ကယ်တင်ခြင်းအတွက် စိုးရိမ်စရာဖြစ်နေသည်။ ယေရှု၏တပည့်တော်များသည် “စောင့်၍နေကြ” ရန် လိုအပ်သည်။

၂ ယနေ့ယေရှုသည် ကယ်တင်ရှင်အဖြစ်သော်လည်းကောင်း၊ လက်မရွံ့သားအဖြစ်သော်လည်းကောင်း ကြွရောက်လာလုသောအချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေသည်။ ဤခေတ်အခါ၏ အရေးကြီးမှုကို အသိအမှတ်ပြုသော စောင့်နေသူခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရန် လက်ပိုက်ပြီးစောင့်လင့်နေကြမည်သာမဟုတ်ပါ။ အချိန်အခါမရွေး ကျွန်ုပ်တို့အသင့်ဖြစ်နေရမည်ဖြစ်ကြောင်းကို သိရှိထားကြသည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ဆက်၍ “ပင်ပန်းစွာအမှုဆောင်ရွက်ကြ” ရန်လိုသည်။ (၁ တိ. ၄:၁၀) ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကော။ စောင့်၍နေကြပါသလော။

၃ မိမိကိုယ်ကိုစစ်ဆေးခြင်း– ယေရှုက ဤသို့လည်းသတိပေးသည်– “ကိုယ်ကိုကိုယ် သတိပြုကြလော့။” (လု. ၂၁:၃၄၊ ၃၅) ကျွန်ုပ်တို့သည် ‘မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အပြစ်တင်ခွင့်မရှိ အဘယ်သူကိုမျှမပြစ်မှား’ သူများဖြစ်မဖြစ် ကိုယ်ကိုကိုယ်သတိပြုနေကြရမည်။ (ဖိ. ၂:၁၅) ကျွန်ုပ်တို့သည် ခရစ်ယာန်များအဖြစ် နေ့စဉ်အသက်ရှင်ကာ ယေရှုကို အတုယူပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်တွင်ရှိ မူများနှင့်အညီ လိုက်လျှောက်နေသလော။ “မာရ်နတ်၏လက်၌ရှိ” သောလောကီသားတို့၏ ခရစ်ယာန်မဆန်သောအပြုအမူစရိုက်လက္ခဏာကို ကျွန်ုပ်တို့ရှောင်ကြဉ်ကြရမည်။ (၁ ယော. ၅:၁၉; ရော. ၁၃:၁၁-၁၄) ကျွန်ုပ်တို့သည် ကျမ်းစာအရ မိမိကိုယ်ကိုစစ်ဆေးသည့်အခါ ယေရှုညွှန်ကြားတော်မူသည့်အတိုင်း အမှန်စောင့်၍နေသလော။

၄ အကြီးအကဲများသည် မိမိတို့၏သိုးအုပ်ကို မည်သို့ဂရုပြုကြောင်း ရှင်းလင်းချက်ပေးရမည်ကို အသိအမှတ်ပြုကြကာ သူတို့၏အသင်းတော်တာဝန်များကို ဝီရိယရှိရှိထမ်းဆောင်ကြရန် နိုးနိုးကြားကြားရှိနေရမည်။ (ဟေဗြဲ ၁၃:၁၇) အိမ်ထောင်ဦးစီးများသည် မိမိတို့၏အိမ်ထောင်ကို ယေဟောဝါ၏နည်းလမ်းတော်အတိုင်း ညွှန်ကြားပေးရန် အထူးတာဝန်ရှိသည်။ (က. ၁၈:၁၉; ယောရှု ၂၄:၁၅; ၁ တိမောသေ ၃:၄၊ ၅ နှိုင်းယှဉ်။) ထို့ ပြင် အချင်းချင်းချစ်ဖို့ ကျမ်းစာမိန့်မှာချက်ကို ကျွန်ုပ်တို့အားလုံးလိုက်နာကြရန် အလွန်အရေးကြီးသည်တကား! ယင်းသည် ခရစ်ယာန်ဘာသာတရားစစ်၏ အမှတ်အသားဖြစ်သည်။—ယော. ၁၃:၃၅။

၅ သူတစ်ပါးကိုသတိပေးရန် နိုးနိုးကြားကြားရှိပါ– စောင့်၍နေခြင်းတွင် မိမိကိုယ်ကိုသတိပြုခြင်းထက်မက ပါဝင်သည်။ သူတစ်ပါးအား တပည့်ဖြစ်စေရန်တာဝန်ကို ကျွန်ုပ်တို့ရရှိထားကြ၏။ (မ. ၂၈:၁၉၊ ၂၀) ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းက ဤလောကကြုံကြိုက်ရတော့မည့် ဖျက်ဆီးခြင်းဘေးကို သူတစ်ပါးပါ ကပ်ကျော်နိုင်စေရန် သတိပေးဖို့ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ ယင်းတာဝန်ကို ခရစ်ယာန်အားလုံး ရရှိထား၍ ကျွန်ုပ်တို့ဝတ်ပြုရေး၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ (ရော. ၁၀:၉၊ ၁၀; ၁ ကော. ၉:၁၆) ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းကို အလေးဂရုမပြုခြင်း၊ သို့မဟုတ် အတိုက်အခံပြုခြင်းနှင့် မကြာခဏ ကျွန်ုပ်တို့ရင်ဆိုင်ရတတ်ကြ၏။ လူအများစုသည် ကျွန်ုပ်တို့၏သတိပေးချက်ကို ဥပေက္ခာပြုသည့်တိုင်အောင် စွဲစွဲမြဲမြဲလုပ်ကိုင်ရန်ကျွန်ုပ်တို့တာဝန်ရှိသည်။ (ယေဇ. ၃၃:၈၊ ၉) ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်းကောင်း အမှန်တကယ်ချစ်ခြင်းက မဆုတ်မနစ်သောဇွဲရှိရန် ကျွန်ုပ်တို့အားတိုက်တွန်းပေးလိမ့်မည်။

၆ ဤအချိန်သည် မိမိကိုယ်ကိုကျေနပ်နေရန်အချိန်မဟုတ်ပါ။ နေ့စဉ်အသက်တာ၏ပူပန်မှုများနှင့် ကျွန်ုပ်တို့အာရုံပျံ့လွင့်နေရန်၊ သို့မဟုတ် လောကအပျော်အပါးကိုလိုက်စားလွန်းပြီး ကျော့မိနေရန် ကိုယ်ကိုကိုယ် ခွင့်မပြုသင့်ပါ။ (လု. ၂၁:၃၄၊ ၃၅) ဤအချိန်အခါသည် အရေးတကာ့ အရေးအကြီးဆုံးအချိန်ဖြစ်သည်ဟု သဘောထားရန်အချိန်ဖြစ်သည်။ ဤဆိုးသွမ်းသောစနစ်ကို ယေရှုခရစ် စီရင်ဖျက်ဆီးရန်အချိန်သည် အလျင်အမြန်နီးကပ်လာနေပါသည်။ နိုးကြားသတိရှိပြီး စောင့်၍နေသူများသာလျှင် ကပ်ကျော်နိုင်မည်ဖြစ်သည်။ ယေရှု၏ညွှန်ကြားချက်များကို ကျွန်ုပ်တို့လိုက်နာသဖြင့် “ထိုအချင်းအရာအလုံးစုံမှ လွတ်မြောက်” သည့်အခါ မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း!—လု. ၂၁:၃၆၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ