သီချင်း ၂၁၃
တစည်းတလုံးတည်းပူးပေါင်းလုပ်ဆောင်
(ဧဖက် ၄:၃)
၁။ စည်းလုံးမှုကား လုပ်ဆောင် စွမ်းအား
လွတ်လပ်မှုအား လိမ္မာရှောင်ရှား
ညီညွတ်စွာတစ်လုံးတစ်ဝသာ၊
ထူးခြား ငြိမ်သက်ဆောင်လာ
ကောင်းချီးစည်းလုံးဆောင်လာ၊
တို့တွေ့မှာသေချာ
စွမ်းရည်နှင့်အား တို့ပြည့်စုံထား၊
ကြောင်းရာမဲ့ကာ တို့မဝါကြွား
ကျိုးနွံစိတ်ထားမေတ္တာစစ်ကား၊
ချီးမွမ်းထက်မှဘုရား
၂။ မလိုစိတ်ထား ပြိုင်ဆိုင်ပေါများ၊
ခိုက်ရန်မုန်းထားလောကသားများ
ဖွေရှာငြိမ်သက် စဉ်မြဲ လိုက်လျှောက်၊
လန်းဆန်းစေ နှင်းရည်စက်
ငြိမ်သက်ခြင်းလန်းဆန်းရာ၊
နှင်းအေးရည်ပမာ
စိတ်ဝမ်းကွဲပြား ရံခါ ပေါ်ငြား၊
ချွတ်ယွင်းလူသား တို့အောက်မေ့ထား
လျင်စွာရှင်းမှကျိုးမြတ်ကြီးရ၊
တည်မြဲ တစ်လုံးတစ်ဝ
၃။ နေ့စဉ်တူတကွ မှုဆောင်ကြ၊
တစ်လုံးတစ်ဝတို့မြဲကျင်းပ
ကောင်းမြတ်ချိုသာ နှစ်လိုဖွယ်ရာ၊
မြတ်နိုးယုယမည်သာ
စည်းလုံးရာမြတ်နိုးထား၊
ထူးကောင်းမြတ်လှကား
စည်းလုံးညီညာ ကျိုးပြုကောင်းစွာ၊
မြတ်ယေဟောဝါနှင့် တူတည်ရာ
ငြိမ်သက်ဖွယ်ရာ ပြန်ယူဆောင်လာ၊
မင်းချုပ်ခြာ လက်အောက်မှာ