ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သမ္မာကျမ်းစာ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
    • ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေရဲ့ကျမ်းစာအသင့်ရှိရင် သိပ်အားရစရာကောင်းတဲ့အကြောင်းတစ်ခုပြချင်တယ်။’

      ဤသို့ ပြန်ပြောနိုင်သည်– ‘လူတော်တော်များများ ဒီဘာသာပြန်ကျမ်းကို သုံးကြတယ်။ ကျွန်တော့်စာဖတ်ခန်းထဲမှာလဲ တစ်အုပ်ရှိတယ်။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘နဂိုကသမ္မာကျမ်းစာကို ဟေဗြဲ၊ အာရမိတ်နဲ့ဂရိဘာသာတွေနဲ့ရေးခဲ့တယ်ဆိုတာ မိတ်ဆွေသိပါသလားခင်ဗျား။ . . . အဲဒီဘာသာတွေကိုမိတ်ဆွေဖတ်ပါသလား။ . . . ဒါကြောင့် ကျမ်းစာကို အင်္ဂလိပ်လို (သို့မဟုတ် မြန်မာစသည့်ဘာသာလို) ဘာသာပြန်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။’ (၂) ‘ဒီဇယား (ကဘမှ “ကျမ်းစာစောင်စာရင်း”) က ကျမ်းစာရဲ့အဦးဆုံးစာစောင်ဖြစ်တဲ့ကမ္ဘာဦးကျမ်းကိုရေးလို့ပြီးစီးတဲ့အချိန်ဟာ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်ဖြစ်ကြောင်းပြပါတယ်။ ကမ္ဘာဦးကျမ်းရေးပြီး နှစ်ပေါင်း ၂,၉၀၀ လောက် ကုန်လွန်တဲ့နောက်မှ သမ္မာကျမ်းစာတစ်အုပ်လုံးကို အင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုခဲ့တယ်ဆိုတာ မိတ်ဆွေသိပါသလား။ နောက်ထပ်နှစ်ပေါင်း ၂၀၀ ကြာတော့မှ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း ဟာ စီ.အီး. ၁၆၁၁ ခုနှစ်မှာပြီးစီးခဲ့တယ်။’ (၃) ‘၁၇ ရာစုကစပြီး အင်္ဂလိပ်ဘာသာဟာ အပြောင်းအလဲအမျိုးမျိုး ကြုံခဲ့တယ်။ ကျွန်တော်တို့အသက်တာမှာလဲ တွေ့နေရတယ် မဟုတ်လား။ . . . ဒါကြောင့် ခေတ်သစ်ဘာသာပြန်ကျမ်းတွေက မူရင်းသမ္မာတရားစကားကို ကျွန်တော်အခုပြောနေတဲ့ ဘာသာစကားဖြစ်အောင် ရှိရင်းအတိုင်း ဂရုတစိုက် ပြန်ဆိုခဲ့ကြတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။’

      ‘ခင်ဗျားတို့မှာ ခင်ဗျားတို့ကျမ်းစာနဲ့’

      အဓိကခေါင်းစဉ် “ကမ္ဘာသစ်ဘာသာပြန်ကျမ်း” ကိုရှု။

  • သုံးပါးပေါင်းတစ်ဆူ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
    • သုံးပါးပေါင်းတစ်ဆူ

      အဓိပ္ပာယ်သတ်မှတ်ချက်– ခရစ်ယာန်ဘောင်အသင်းများ၏ဗဟိုအယူဝါဒဖြစ်သည်။ အာသနေးရှင်း အယူဝါဒပြဋ္ဌာန်းချက်အရ၊ ပုဂ္ဂိုလ်မြတ်သုံးပါး (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) ဟူ၍ရှိပြီး အပါးတိုင်း ထာဝရ၊ အနန္တတန်ခိုးရှင်ဖြစ်၍ တစ်ပါးထက်တစ်ပါး ကြီးခြင်းငယ်ခြင်းမရှိ၊ အပါးတိုင်း ဘုရားဖြစ်သော်လည်း ပေါင်းစပ်လျက် တစ်ဆူတည်းသောဘုရားသခင်ဖြစ်သည်ဟူ၏။ ၎င်းတရားသေဝါဒဆိုင်ရာ အခြားတင်ပြချက်များက ထို “ပုဂ္ဂိုလ်” သုံးပါးတို့သည် ခွဲခြား၍ရသောသီးခြားပုဂ္ဂိုလ်များမဟုတ်ဘဲ ပုံစံသုံးမျိုးဖြစ်ပြီး ၎င်းပုံစံများ၌ ဘုရားသခင်၏အနှစ်သာရတည်ရှိသည် ဟူသောအချက်ကို အလေးအနက်ပြုသည်။ သို့ဖြင့် သုံးပါးပေါင်းတစ်ဆူဝါဒီများက ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သည်ဟူ၍ဖြစ်စေ၊ ယေရှုနှင့်သန့်ရှင်းသောဝိညာဉ်သည် ယေဟောဝါဖြစ်သည်ဟူ၍ဖြစ်စေ ဆိုလျက် မိမိတို့ယုံကြည်ချက်ကို အလေးအနက်ပြုကြ၏။ ကျမ်းစာသွန်သင်ချက်မဟုတ်။

      သုံးပါးပေါင်းတစ်ဆူ အယူဝါဒ၏ဇာစ်မြစ်ကား အဘယ်နည်း

      ဗြိတိန်စွယ်စုံကျမ်းသစ်က ဤသို့ဆို၏– “သုံးပါးပေါင်းတစ်ဆူဟူသောစကားလုံးကိုဖြစ်စေ၊ တိကျပြတ်သားသောထိုအယူဝါဒကိုဖြစ်စေ၊ ဓမ္မသစ်ကျမ်း၌ မတွေ့ရပါ။ ယေရှုနှင့် နောက်တော်လိုက်များလည်း “အို၊ ဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏” (တရား. ၆:၄) ဟူသော ဓမ္မဟောင်းကျမ်းပါ ရှမား [ဂျူးတို့၏ အယူဝါဒပြဋ္ဌာန်းချက်] ကို ဖီဆန်ဖို့ မကြံရွယ်ကြပါ။ . . . ထို [သုံးပါးပေါင်းတစ်ဆူ] အယူဝါဒသည် ရာစုနှစ်များစွာအတွင်း အငြင်းအခုံများစွာတို့မှ တစ်စစပေါ်ထွန်းလာသည်။ . . . ၄ ရာစုအဆုံးသို့ရောက်သော် . . . သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် အများအားဖြင့် ယနေ့တိုင်တည်တံ့သောပုံစံကို ဆောင်လေသည်။”​—(၁၉၇၆)၊ ကျမ်းငယ်၊ အတွဲ ၁၀၊ စ. ၁၂၆။

      ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ဆို၏– “၄ ရာစုအဆုံးမတိုင်မီ၊ ‘သုံးပါးတစ်ဆူဘုရား’ အယူ၏ တိကျသောပုံဖော်ချက်သည် မတည်မြဲသေး။ ခရစ်ယာန်ဘာသာ၏ဘဝနှင့် ယုံကြည်ခံယူချက်တို့နှင့် ရောယှက်သမခြင်းမရှိသေးသည်မှာ မုချ။ သို့သော် ၎င်းပုံဖော်ချက်ပင်လျှင် သုံးပါးပေါင်းတစ်ဆူ တရားသေအယူဝါဒ ဟူသောအမည်ကိုယူခဲ့သည်။ အသင်းတော်၏ရှေးအာဏာပိုင်ဘာသာရေး စာရေးဆရာများဘောင်တွင် ထိုသို့သောအတွေးအမြင်နှင့် နီးသထက်နီးစပ်လာသောအတွေးအမြင် တစ်မျိုးမျှပင် မရှိ။”​—(၁၉၆၇)၊ အတွဲ ၁၄၊ စ. ၂၉၉။

      အမေရိကန်းနားစွယ်စုံကျမ်း၌ ဤသို့ဖတ်ရ၏– “ခရစ်ယာန်ဘာသာသည် ဂျူးဘာသာမှ ဆင်းသက်လာသည်။ ဂျူးဘာသာလည်း [ဘုရားသခင်သည် တစ်ပါးတည်းသာ ဟူသောအယူ] ကို ကျပ်တည်းစွာကိုင်စွဲသောဘာသာဖြစ်သည်။ ယေရုရှလင်မှသည် နိုင်စီးယား (Nicea) သို့သွားသောခရီးသည် လုံးဝဖြောင့်စင်းသည်မဟုတ်။ စတုတ္ထရာစု သုံးပါးတစ်ဆူဝါဒသည် ဘုရားသခင့်ဇာတိတော်နှင့်ပတ်သက်၍ ရှေးခရစ်ယာန်သွန်သင်ချက်ကို တိကျမှန်ကန်စွာ ရောင်ပြန်မဟပ်ပါ။ ထိုမျှမက ထိုသွန်သင်ချက်မှ တိမ်းလွဲခဲ့သည်။”​—(၁၉၅၆) အတွဲ ၂၇၊ စ. ၂၉၄L။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ