ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၇ စာ. ၃
  • ကျွန်ုပ်ဘာပြောရမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်ဘာပြောရမည်နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြံပြုထားသည့် လယ်ကွင်းလုပ်ငန်းတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ပြန်လည်ပတ်မှုများတွင် Reasoning စာအုပ်ကိုအသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • သင်ကြားခံလိုသူများကို ရှာဖွေပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁၁/၉၇ စာ. ၃

ကျွန်ုပ်ဘာပြောရမည်နည်း

ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် တုံ့ပြန်မှုကောင်းသည့်လူတို့ကိုတွေ့ရသောအခါ နောက်ထပ်သက်သေခံရန် သူတို့ထံပြန်သွားလိုကြသည်။ သို့သော်လည်း နောက်တစ်ကြိမ်တွင် ဘာပြောရမည်ကို အသေအချာသိချင်မှသိမည်။ ဤချဉ်းကပ်နည်းကို သင်စမ်းကြည့်နိုင်သည်– စိတ်ဝင်စားစရာမေးခွန်းတစ်ခုကိုတင်ပြပြီး ကျမ်းစာအဖြေကိုပြရန် ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ဖွင့်ပါ။ တစ်စုံတစ်ခုသောလည်ပတ်မှုတွင် အကောင်းဆုံးတုံ့ပြန်မှုရရှိမည်ဟုယူဆသည့်မေးခွန်းတစ်ခုကို သင်ရွေးနိုင်သည့် မေးခွန်းစာရင်းတစ်ခုထားရှိခြင်းသည် အကူအညီဖြစ်မည်ဖြစ်သည်။ အောက်ဖော်ပြပါစာရင်းသည် ကျိုးကြောင်းဆင်ခြင်စာအုပ်မှ ပြုစုထားခြင်းဖြစ်သည်၊ အဖြေရှိသည့်စာမျက်နှာနံပါတ်ကို ဖော်ပြထားသည်–

▪ ကျွန်ုပ်တို့ အဘယ်ကြောင့်အိုရသေရသနည်း။ (၃၂၉)

▪ ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းများရှိသလော။ (၁၉၅)

▪ ကျွန်ုပ်တို့လူသားများ၏အဖြစ်သနစ်များကို ဘုရားသခင်အရေးစိုက်၏လော။ (၁၉၇)

▪ လူသည် ကောင်းကင်သွားမှသာ တကယ်ပျော်ရွှင်သောအနာဂတ်ကိုရမည်လော။ (၃၉)

▪ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုသိရန်၊ သုံးရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (၂၅၀)

▪ ဘုရားသခင့်နိုင်ငံတော် ဘာကိုဖြစ်မြောက်စေမည်နည်း။ (၁၄၅)

▪ လူ့ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ (၄၀၆)

▪ အဘယ်ကြောင့် ဘာသာဤမျှများသနည်း။ (၁၈၄)

▪ မည်သည့်ဘာသာမှန်ကန်ကြောင်း မည်သို့သိနိုင်သနည်း။ (၁၉၀)

▪ စာတန်သည် ယနေ့လောကတွင် မည်မျှတန်ခိုးသြဇာကြီးသောသူဖြစ်သနည်း။ (၈၅)

▪ ဆင်းရဲဒုက္ခဖြစ်ဖို့ ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း။ (၁၁၄)

▪ ဆိုးသွမ်းမှု အဘယ်ကြောင့် ဤမျှများပြားသနည်း။ (၁၀၁)

ချက်ချင်းကိုးကားဖော်ပြနိုင်ရန်အတွက် ဤမေးခွန်းစာရင်းကို သင့်ကျမ်းစာအုပ် သို့မဟုတ် ကျိုးကြောင်းဆင်ခြင်စာအုပ်ထဲတွင် ညှပ်ထားနိုင်သည်။ ပြန်လည်ပတ်မှုများတွင် အတိအကျပြောပြရန်အကြောင်းအရာတစ်ခုရှိထားခြင်းက သင်တွေ့ရသည့်စိတ်ဝင်စားမှုတိုင်းကို ပျိုးထောင်ပေးရာတွင် ယုံကြည်စိတ်ချမှုရှိရန် သင့်အတွက်အားပေးမှုဖြစ်စေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ